အာကာသဟင်းလင်းပြင်ထဲ ပြန်ဝင်ရောက်လာသော လင်းစီချင်း မျက်ဝန်းလွှာကို ဖွင့်ကြည့်မိတော့ သူ့အနားမှာ အလင်းရောင်ဖြိုးဖြိုးဖြိုက်ဖြိုက်တွေ ဖြာထွက်နေသော ဘောလုံးသဏ္ဍာန်အရာလေးက ဝေ့၀ဲနေတာကို တွေ့လိုက်ရသည်။
< Character Name_ Ling Si Chīng
Habit_ None.
easy mode earth 1.main task & side missions complete !
point_ 1500
Skill_ cooking,socialization. >ငြီးငွေ့ဖို့ကောင်းလွန်းလှ တဲ့ စက်ရုပ်လို လေသံနဲ့ကြော်ညာအပြီးမှာ
< Host အနေနဲ့ ဒီပြထားတဲ့ မျက်နှာပြင်ပေါ်က skill တွေကို
သင်ယူလို့ ရပါတယ်။ >လင်းစီချင်း အရှေ့တွင် အပြာနုရောင်မျက်နှာပြင်တစ်ခုက ပေါ်လာခဲ့ပြီး
သင်ယူလို့ရနိုင်မည့် စကေးသုံးမျိုးကို ပြသလျက် ရှိသည်။' Drawing,Play Musical Instruments,Dancing '
လင်းစီချင်း ဘာရွေးရမလဲကို စဉ်းစားပြီး နောက်ဆုံး သူ သင်ယူဖို့
ဆုံးဖြတ်လိုက်သည်ကား....." Umm....I will choose drawing. "
< (Drawing Skill) ကို အလိုအလျောက် တတ်မြောက်အောင် ပြုလုပ်ပေးခြင်း download ဆွဲမှု ပြီးစီး။ >
< အခု host အနေနဲ့ ပထမပုံရိပ်ယောင်ကမ္ဘာရဲ့
tasks တွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အတွက်
မဲနိုက်ရမဲ့အချိန်ကို ရောက်ပါပြီ။ mode သုံးမျိုးရှိတဲ့
ကျန်ပုံရိပ်ယောင်ကမ္ဘာဆယ့်တစ်ခုမှာ ရလာတဲ့ပစ္စည်းက
host သွားရမဲ့ကမ္ဘာကို ဆုံးဖြတ်ပေးမှာပါ။ ကံကောင်းပါစေ ။ host ! >စက်ရုပ်သံ ဆုံးသွားတာနှင့်တစ်ပြိုင်နက် အစိမ်းနုရောင်ပုံးလေးတစ်ပုံးက
လင်းစီချင်းရှေ့ အလိုအလျောက် ပေါ်လာ၏။System ပြောသည့်အတိုင်း ပုံးထဲသို့ လက်ထည့်ပြီးနောက် လက်ထဲ ပါလာသည်က
ရှေးကျသည့်ဟန်ပေါ်သော အစိမ်းရင့်ရောင်စုတ်တံတစ်ချောင်း။
normal mode earth 10 ဟူ၍လည်း စုတ်တံပေါ်တွင် ရေးထွင်းထားလေ၏။< စုတ်တံပေါ်မှာ ရေးထွင်းထားတဲ့အတိုင်း host သွားရမဲ့ပုံရိပ်ယောင်ကမ္ဘာက
10 ဖြစ်ပါတယ်။ host ၀င်ရမဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အချက်အလက်တွေကို host ပုံရိပ်ယောင်ကမ္ဘာမှာ ၀င်ရမဲ့ခန္ဓာကိုယ်ပိုင်ရှင်ဆီ ရောက်ရင်
ကူးပြောင်းပေးပါ့မယ်။ >
ESTÁS LEYENDO
Villain Game [Own Creation]
Fantasíaလင်းစီချင်းဟာ သူ့ဘာသူ ငြိမ်းချမ်းစွာ အစားအသောက်တွေ ချက်ပြုတ်တဲ့ စားဖိုမှူးလူငယ်လေးတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့တော့ သူ့ရဲ့ငြိမ်းချမ်းတဲ့နေ့ရက်တွေဟာ အက်စီးဒင့်တစ်ခုကြောင့် ကုန်ဆုံးသွားခဲ့ရတယ်။ သူဟာ System 1 ခုနဲ့ ချိတ်ဆက်မိပြီးနောက် ဘာတွေ ဘယ်လိုဆက်ဖြစ...