Arc 1 Ling Si Chīng Life 1.6

6.2K 686 30
                                    

ဝူပိုင်ရှင်းက ထိုစစ်သည်တော်လေးကို ကြည့်ရင်း နှုတ်မှ

"အန်းယွင့်ရှန်းပါလား။ဟက် system ကိုထိန်းချုပ်နေတဲ့နတ်ဘုရားက ဘာများ
လုပ်ချင်နေတာပါလိမ့်။စိတ်ဝင်စားစရာပဲ။ဇာတ်လိုက်ကောကို ခုကတည်းက
စောစောစီးစီး ပွဲထုတ်တယ်ဆိုတော့ကား......။"

ထိုစဉ် ဝူပိုင်ရှင်းရဲ့လက်မှ အဖြူ ရောင်အလင်းတန်းတစ်ခုဖြာထွက်လာကာ
ထိုစစ်သည်တော်လေးဆီသို့ တန်းတန်းမတ်မတ်ပင် ဆိုက်ရောက်သွားလေ၏။

အန်းယွင့်ရှန်း သူ့ခန္ဓာကိုယ်အခြေအနေကောင်းသေးပါလျက် အဘယ့်ကြောင့်
ပစ်လဲကျချင်လာတာကို နားမလည်နိုင်စွာဖြင့် စဉ်းစားနေလျက်ဖြင့် မေ့လဲကျသွားလေတော့သည်။

***************************

ထိုအချိန်တွင် လင်းစီချင်းကတော့ သူ၏အိမ်တော်ဝန်းအတွင်းတွင်
မီးဖိုချောင်ထဲဝင်ပြီး မုန့်တွေ ထိုင်ဖုတ်နေလေရဲ့။

မီးဖိုချောင်ထဲမှ ထွက်လာသော မုန့်တွေရဲ့အနံ့တွေဟာ ဆိုလျှင်ဖြင့် လုံးဝ
မွှေးကြိုင်နေကာ သရေယိုချင်ဖွယ်စရာအတိ။
ငါးပုံသဏ္ဍာန် ၊ ကြာပန်းပုံသဏ္ဍာန် စသဖြင့် ပုံသဏ္ဍာန်အမျိုးစုံကို လက်ဖြင့်
ပုံဖော်၍ ပြုလုပ်ထားတာကြောင့်လည်း မုန့်များမှာ မစားရက်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေချေပြန်၏။

"ဟဟ။ပြီးပြီကွ။ကဲ အခု စားဖို့ပဲ ကျန်တော့တယ်။"

System: "Host.ဘာမှမလုပ်ဖူးလား?"ဟုမေးခွန်းထုတ်လာလေသည်။

"ဟမ်?ငါက ဘာလုပ်ရမှာလဲ?"

System:"Host ကအခုချိန်မှာ ဇာတ်လိုက် မဟုတ်ရင် ဒုတိယဇာတ်လိုက်ကိုသွားရှာပြီးကိုယ့်ဘက်ပါလာအောင်
စည်းရုံးနေရမှာမဟုတ်ဖူးလား?"

လင်းစီချင်း သူ့ကို ကြောင်တောင်တောင်လေသံလေးဖြင့် မေးမြန်းလာသော
System ကြောင့် ရယ်မိသွားရကာ

"မင်းက ငါ့ကိုအထင်သေးလှချည်လား။system လေးရယ်။ငါ မလှုပ်ရှားဖူးဆိုတာက
မလိုအပ်လို့ပေါ့။အချိန်တန်ရင် သူတို့က ငါ့ခြေထောက်အောက်မှာ ခယဝပ်တွားနေရမှာပဲ။"

Villain Game [Own Creation]Tempat cerita menjadi hidup. Temukan sekarang