FOSSIL-7 (Z+U)

2K 197 17
                                    

Zawgyi

သုံးရက်မြောက်နေ့....

Baekhyunပြန်မလာတာ သုံးရက်ရှိပီဖြစ်သည်

အခန်းထဲကပြတင်းပေါက်အပြင်ဘက်ကို
ဝှီးချဲပေါ်ကကြည့်ရင်း သူပြန်အလာကို
စောင့်နေတာ...

ဒီသုံးရက်အတွင်းကျနော်ဘာလုပ်သလဲ..

ရှင်းရှင်းလေးနဲ့ရိုးရိုးလေး...

သူပြန်လာတာကိုဒီလိုစောင့်နေတာ....။

မူးခနဲဖြစ်သွားတဲ့ခေါင်းကိုအာရုံမထားနိုင်ဘဲ
ခြံထဲဝင်လာတဲ့ကားကိုမြင်လိုက်ရတာမို့
သူများလားလို့စိတ်ထင်ပြီး ပျော်မိပေမဲ့....

jun myeonရဲ့ကား ဖြစ်နေခဲ့တယ်

ဟူး.........
သက်ပြင်းချရင်း..လက်ကြားထဲက စီးကရက်ကို
အသည်းထဲထိရောက်အောင် ဖွာလိုက်သည်။

ကျွီခနဲ..တံခါးသံကြောင့်...
Jun myeonမှန်းသိလိုက်တာမို့
ကျနော်လှည့်မကြည့်ဖြစ်ခဲ့...
ဝှီးချဲပေါ်ထိုင်နေမြဲထိုင်နေခဲ့သည်။

"Chanyeol...မင်းကိုယ့်ကိုယ်ကို ဒီနည်းနဲ့
ညှင်းဆဲနေတာလား!...မင်း...မင်းကွာ..
တောက်!''

ဝင်လာတည်းက မြင်လိုက်ရတာတွေကြောင့်
Jun myeon ဒေါသထွက်သွားတာဖြစ်မည်။

စိတ်ဆိုးပြီး ဒေါသထွက်နေမဲ့
သူငယ်ချင်းလေးနဲ့ မျက်နှာလေးကို
မြင်ချင်တာမို့ ဝှီးချဲလေးကိုဆွဲလှည့်လိုက်ရင်း

"ငါဘာတွေလုပ်မိလို့လဲကွ...
Jun ရာ..မင်းငါ့ဆီလာတိုင်းအမြဲဒေါသထွက်
နေတော့တာပဲာ.အဟား''

"မင်းထိုင်နေတဲ့ ဝှီးချဲဘေးမှာ
Marcopolo စီးကရက်ဘူးခွံတွေ တောင်လိုပုံ
နေတာကို..ငါက 'Chanyeol မင်းတော်လိုက်
တာ' လို့ ပြောရမှာလား!"

"ဟားဟား...မင်းကလဲကွာ''

"ငါ့ကိုဘာမှလာမပြောနဲ့ Chanyeol
နေ့မအိပ် ညမအိပ်နဲ့ အဲ့ပြတင်းပေါက်ဘက်ကို
ကြည့်ပြီးမျှော်နေတာဘယ်နှစ်ရက်ရှိပြီလဲ..
အိမ်အကူမလေးတွေလည်းပြောတယ်..
ထမင်းမစားတာ၃ရက်ရှိပြီတဲ့..
အခန်းထဲကလည်းထွက်မလာဘူးတဲ့...
မင်းရဲ့ချစ်လှစွာသော Baekhyun ကိုပဲ
ဒီပုံစံနဲ့မျှော်နေတာမလား.....
ဟက်.. မျက်တွင်းတွေကမည်း...အရိုးပေါ်
အရည်တင်တော့မဲ့ မင်းက
သစ္စာရှိစွာမျှော်နေပေမဲ့..မင်းရဲ့ချစ်ခင်ပွန်း
Baekhyun ကတော့ သူ့ကောင်မလေးနဲ့
ပြုံးပြုံးကြီး မင်္ဂလာပွဲဆင်နွှဲနေတာ...
မင်းသိရဲ့လား....!"

FOSSIL <Completed>Where stories live. Discover now