Zawgyi
"မင်းရူးနေပြီလားChanyeol!!!!!!
ဘာလို့လှမ်းဆွဲထားမဲ့စကားတွေမပြောဘဲ...
သူ့သဘောတိုင်းလုပ်ပေးနေရတာလဲ!!!
မင်းမှာသူမရှိရင်မဖြစ်ဘူးဆို...ဟမ်!!
တောက်!!...မင်းကွာ"
သူမလာတဲ့၎ရက်အတွင်းဖြစ်ပျက်သမျှကို
ပြောပြတော့...ထိုင်နေတဲ့jun myeonက
ရုတ်တရက် ထပြီး ဒေါသတကြီးကျနော့ကို
အော်ဟစ်လေတယ်...
"ငါကသူမရှိလို့မဖြစ်ပေမဲ့...
သူကငါမရှိမှဖြစ်မှာလေ jun myeonရ..
ဟက်"
အိပ်ချိန်တစ်ချိန်ကလွဲလို့..
ဝှီးချဲပေါ်မှာသာနေရတဲ့ကျနော်က
အခုလည်းjun myeonကို..
ဝှီးချဲပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်ရင်း
စကားပြောနေရသည်။
"ကျစ်...တကယ်ပဲကွာရှင်းပေးလိုက်မှာလား"
"ဒါပေါ့..အဟက်"
"Chanyeol...ထယ်ယန်းရွှေထုတ်လုပ်ရေးလုပ်ငန်းစုဆိုတာ
မင်းအဘိုး..မင်းအဖေ..ပြီးတော့..မင်း..
ပင်ပင်ပန်းပန်းနဲ့
တောင်ကိုရီးယားမှာအကြီးဆုံးရွှေလုပ်ငန်းဖြစ်အောင်ကြိုးစားခဲ့ရတာနော်...အခုမင်းကျန်းမာရေးမကောင်းလို့baekhyunကိုလွှဲထားတဲ့
၆လအတွင်း..companyရဲ့ရှယ်ယာတွေ
ထိုးကျနေတာမင်းသိလား....
ပြီးတော့မင်းတို့ကွာရှင်းလိုက်ရင်..
မင်းပိုင်ဆိုင်တဲ့ဥစ္စာရဲ့တစ်ဝက်ကို...မင်းသူ့ကို
ပေးရမှာ...cha..n"
"တော်တော့jun myeon...
ငါ့စည်းစိမ်..ငါ့အမွေ...baekကိုအားလုံး
ပေးရမယ်ဆိုရင်တောင်ငါဂရုမစိုက်ဘူး...
ခုချိန်မှာ...ငါသိတာ...
သူငါ့ရှေ့သူ့ကောင်မလေးမခေါ်လာဖို့ပဲ...
သူသာခေါ်လာရင်ငါဒီ့ထက်ခံနိုင်ရှည်ရှိမယ်မထင်ဘူး..."
"Chan...yeolရာ..."
ခေါင်းငိုက်စိုက်ချလိုက်ပြောလိုက်သော..
ကျနော့်စကားနောက်...
Junmyeonရဲ့ကျနော့်ကိုစာနာစိတ်တွေကို..
ကြားလိုက်ရသည်။
စားပွဲပေါ်ကဆေးလိပ်ဘူးကိုယူရင်း
ဆေးလိပ်တစ်လိပ်ထုတ်ကာ....
အသင့်ဆောင်ထားတဲ့မီးခြစ်ကိုထုတ်ပြီး
မီးညှိလိုက်သည်။
YOU ARE READING
FOSSIL <Completed>
Fanfictionရုပ်ကြွင်းတစ်ခုလိုကျန်ခဲ့မယ်ထင်တယ် ဘယ်တော့မှရှာမတွေ့နိုင်တဲ့နေရာမှာရှိနေပြီး ဘယ်တော့မှဖျောက်ဖျက်မရတာမျိုး... Chanbaek_____Chanbaek(Yaoi) ရုပ်ကြွင်းတစ်ခုလိုကျန်ခဲ့မယ်ထင်တယ် ဘယ်တော့မှရှာမတွေ့နိုင်တဲ့နေရာမှာရှိနေပြီး ဘယ်တော့မှဖျောက်ဖ...
