Zawgyi
ဆေးစက်တစ်ချို့ကိုထပ်တင်ရင်း..
ရုပ်လုံးပေါ်လာတဲ့သူ့မျက်နှာလေးကိုကြည့်ရင်း
ပြုံးနေမိသည်။ပြုံးနေတဲ့သူ့မျက်နှာလေး.....
စတွေ့တွေ့ချင်းကျနော့်နှလုံးသားထဲ
စီးဝင်ခဲ့တဲ့...သူ့ရဲ့မှော်ဆန်တဲ့အပြုံးလေး...ကျောင်းထဲက..မေပယ်လ်ပင်တန်းတစ်လျှောက်...သူ့သူငယ်ချင်းတွေနဲ့လမ်းလျှောက်ရင်း
ပြုံးနေခဲ့တာလေး.......ထပ်မြင်ချင်မိတယ်baekရယ်...
ပြီးတော့...ကဗျာမဆန်တတ်တဲ့ကိုယ့်နှလုံးသားကိုလည်း...အရင်တုန်းကလိုထပ်မြင်စေချင်တယ်....
မင်းကိုအရမ်းချစ်ခဲ့တာကို...မင်းလည်းသိသားနဲ့..
ဘာလို့ကိုယ့်ကိုသူစိမ်းဆန်ရက်သလဲ..
ဝှီးချဲလေးကိုနောက်နဲနဲဆုတ်ရင်း...
သူ့ရဲ့အပြုံးတွေကိုကြည့်နေမိသည်။လေးထောင့်ဆန်ဆန်နှုတ်ခမ်းလေးထက်က
မှဲ့လေး....တစ်ချိန်က..ထိုမှဲ့လေးကိုမြတ်နိုးစွာနမ်းခဲ့
ဖူးတယ်..အခုတော့...ရော
တစ်နေ့လုံးနေမှ..စကားသုံးခွန်းမပြည့်သလို
မျက်လုံးချင်းတောင်ဆုံတာမျိုးမရှိတော့တဖြေးဖြေးသူစိမ်းဆန်လာတဲ့
ကိုယ်တို့အိမ်ထောင်ရေးကြောင့်..မင်းနဲ့ဝေးရတော့မယ်ထင်ပါရဲ့...
အဲ့အချိန်..ကိုယ်မင်းကိုလှမ်းဆွဲထားဖို့..
လှမ်းတားဖို့အတွက်...ကိုယ့်ခြေထောက်တွေ
မသန်မာသေးဘူး...BaekFOSSIL
"Baek..companyအလုပ်တွေအဆင်ပြေရဲ့လား.."
ကုတင်ပေါ်စာအုပ်ဖတ်နေရင်း...
ကုတင်ဘေးစားပွဲပေါ်..
Laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့သူ့ကိုမေးမိပါရဲ့...
YOU ARE READING
FOSSIL <Completed>
Fanfictionရုပ်ကြွင်းတစ်ခုလိုကျန်ခဲ့မယ်ထင်တယ် ဘယ်တော့မှရှာမတွေ့နိုင်တဲ့နေရာမှာရှိနေပြီး ဘယ်တော့မှဖျောက်ဖျက်မရတာမျိုး... Chanbaek_____Chanbaek(Yaoi) ရုပ်ကြွင်းတစ်ခုလိုကျန်ခဲ့မယ်ထင်တယ် ဘယ်တော့မှရှာမတွေ့နိုင်တဲ့နေရာမှာရှိနေပြီး ဘယ်တော့မှဖျောက်ဖ...