FOSSIL-3 (Z+U)

2.1K 272 20
                                    

Zawgyi

ကကြိုးဆင်​မဲ့တိမ်​​ရောင်​စုံ​တွေရှိမှ....
ကောင်းကင်​ကြီးကပြည့်​စုံနိုင်​သလို..

မင်းရှိမှ...ကိုယ့်​ဘဝလည်းပြည့်​စုံမှာBaek..

~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်​ခါတစ်​​လေကျ​တော့လည်း
သူ..ကျ​နော့်​အ​ပေါ်သူစိမ်းဆန်​မှု​တွေကို
စိတ်​ကူးယဉ်​ဆန်​ဆန်​​တွေးကြည့်​ဖူးတယ်​~

ကျ​နော့်​လုပ်​ငန်း​တွေဦးစီး​နေရတဲ့သူ့ကို...
သူ့​ကောင်​မ​လေးရဲ့အ​ဖေက...
ငါ့သမီးကိုမင်းလက်​ထပ်​ရင်​...
ဒီလုပ်​ငန်း​တွေမပျက်​​စေရဘူးဆိုပြီးခြိမ်း​ခြောက်​လို့..ကျ​နော့်​ကိုသူစိမ်းဆန်​သလားလို့​လေ..

အဟက်​....က​လေးဆန်​​လွန်းတဲ့စိတ်​ကူးယဉ်​မှု
မျိုးပဲမလား...

ဒါ​ပေမဲ့အဲ့က​လေးဆန်​ဆန်​အ​တွေးထဲမှာ..
သူကျ​နော့်​ကိုချစ်​​နေ​သေးတယ်​​လေ...
ခြိမ်း​ခြောက်​ခံရလို့တွဲ​နေရ​ပေမဲ့..
ချစ်​တယ်​ဆိုတဲ့အ​ငွေ့ကျန်​​သေးတယ်​..

တကယ့်​လက်​​တွေ့မှာ​တော့အဲ့လိုမှမဟုတ်​ပဲ....

ဝိုင်​ဆိုတာ...အချိန်​​တွေ..နှစ်​​တွေကြာမြင့်​​လေ

သူ့အရသာမြင့်​​လေ..တန်​ဖိုးမြင့်​​လေပဲ...

သူနဲ့နှစ်​ရှည်​ကြာစွာသိလာခဲ့တဲ့ကျ​နော်
သူ့တန်​ဖိုးကိုသိသည်​။
သူရှိမှဖြစ်​မည်​။

သူနဲ့ကျ​နော်​ဆိုတာ..
အထက်​တန်းဒုတိယနှစ်​တည်းက..
သိခဲ့ကြသူ​​တွေ...

သူငယ်​ချင်းသံ​ယောဇဉ်​က​နေ..
ချစ်​သူဖြစ်​ခဲ့ကြတဲ့ကျ​နော်​တို့နှစ်​​ယောက်
ဇာတ်​လမ်းကသိပ်​မဆန်း​ကြယ်​ပါဘူး..

ဒါ​ပေမဲ့ကျ​နော်​သူ့ကိုချစ်​တယ်​....
သူက​လည်းချစ်​ပါ​တယ်​..
အဲ့တာလွန်​ခဲ့တဲ့၁နှစ်​​လောက်​တုန်းကအထိ..

အိမ်​​ထောင်​သက်​တမ်း၃နှစ်​ရှိပြီဖြစ်​တဲ့
ကျ​နော်​နဲ့သူ့ကြားမှာ...
က​တောက်​ကဆဖြစ်​တာ​တွေ..
စိတ်​ဆိုးမာန်​ဆိုးဖြစ်​တာ​တွေအများကြီးပါပဲ..

တစ်​ခုခုဆိုဖွင့်​မ​ပြောဘဲမျိုသိပ်​တတ်​တဲ့
ကျ​နော့်​အကျင့်​က...
သူငယ်​ချင်း​တွေကြားထဲမှာမက...
သူနဲ့​လျှောက်​လမ်းတဲ့အိမ်​​ထောင်​​ရေးမှာပါ
ထိခိုက်​​စေခဲ့တယ်​...

FOSSIL <Completed>Where stories live. Discover now