Zawgyi
Final
မာကိုပိုလို တစ်လိပ်...
ဘူးထဲက ထုတ်လိုက်ရင်း..မီးညှိလိုက်သည်။နှုတ်ခမ်းကြားထည့်ရင်းသောက်လိုက်တဲ့အခါ
အနှစ်သက်ဆုံးအရသာကိုရရှိလေရဲ့..။တစ်ပတ်လောက်ဆေးရုံကမပြန်ဘဲနေနေတဲ့
JunMyeonကြောင့် သူဆေးလိပ်သောက်ခွင့်
မရခဲ့ဖူးလေ..။အခု စိတ်ချရတဲ့အခြေအနေရောက်နေတယ်
ဆိုလို့ အိမ်ပြန်တုန်းသောက်ရတာ..။"အကိုလေး...တစ်လိပ်ပဲသောက်ပါနော်..
အကိုလေးသူငယ်ချင်းပြန်လာရင်စိတ်ဆိုးနေပါ
အုံးမယ်"အိမ်အကူမလေးရဲ့စိုးရိမ်တဲ့စကားကို
သူ့ရင်ကိုမထိရောက်စေခဲ့"မင်းကိုမဆူစေရပါဘူး..စိတ်ချ"
"ကျမက အဆူမခံချင်လို့ပြောတာမဟုတ်ပါဘူး
အကိုလေး ဝေဒနာက သက်သာတာမှမဟုတ်
ဘဲ..သွေးတွေထပ်အန်မှာစိုးလို့ပါ အကိုလေး
ရယ်""မသောက်ဘဲတင်းခံနေရတာက ပိုဝေဒနာ
ရတယ်..ငါ့အတွက်..တိတ်တိတ်လေးနေပေး
စမ်းပါ..ငါအေးဆေးသောက်ပါရစေ""ဟုတ်ကဲ့ အကိုလေး.."
အရိုအသေပြုပြီး အခန်းပြင်ထွက်သွားတဲ့
ကောင်မလေးကိုကြည့်ရင်း အတွေးဝင်မိပြန်
သည်။အခုလိုအချိန် Baekကသာ မသောက်ပါနဲ့
ပြောရင် ချက်ချင်းလွှတ်ပစ်လိုက်မိမယ်ထင်သေမှာကိုကြိုသိနေတဲ့ဘဝတစ်ခုကို
အကြိုက်ဆုံးတွေကိုလုပ်ရင်းနဲ့သာဖြတ်သန်း
ချင်သည်။အလိုအပ်ဆုံးမင်းမရှိတော့
ငါအနှစ်သက်ဆုံး မာကိုပိုလိုတွေနဲ့သာ
ဘဝကိုကုန်ဆုံးမယ် Baekhyun..။..................................................................
အခန်းထဲ မျက်ရည်တွေဝဲနေတဲ့အကိုလေးကို
ကြည့်ရင်း မျက်ရည်ကျမိသည်။အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့တဲ့ ၅နှစ်အတွင်းမှာ
ရယ်မောသံတွေတိတ်ဆိတ်လာတဲ့
အကိုလေးရဲ့အိမ်ကြီး..။အကိုလေးက
သူ့ခင်ပွန်းကိုအရမ်းချစ်ပေမဲ့
ဟိုကတော့ အဲ့လိုမဟုတ်ခဲ့..။
YOU ARE READING
FOSSIL <Completed>
Fanfictionရုပ်ကြွင်းတစ်ခုလိုကျန်ခဲ့မယ်ထင်တယ် ဘယ်တော့မှရှာမတွေ့နိုင်တဲ့နေရာမှာရှိနေပြီး ဘယ်တော့မှဖျောက်ဖျက်မရတာမျိုး... Chanbaek_____Chanbaek(Yaoi) ရုပ်ကြွင်းတစ်ခုလိုကျန်ခဲ့မယ်ထင်တယ် ဘယ်တော့မှရှာမတွေ့နိုင်တဲ့နေရာမှာရှိနေပြီး ဘယ်တော့မှဖျောက်ဖ...