FOSSIL-6 (Z+U)

2K 222 14
                                    

Zawgyi

စဉ်းစားကြည့်​ကြဖူးလား

ချစ်​ရတဲ့သူက မျက်​စိ​ရှေ့မှာ
ကိုယ်​မဟုတ်​တဲ့တစ်​ခြားတစ်​​ယောက်​နဲ့
စကား​တွေတီတီတာတာ​ပြောရင်း..
အနမ်း​တွေ​ခြွေ​နေကြလိမ့်​မယ်​လို့.....

ကျ​နော်​က​တော့အဲ့မြင်​ကွင်းကိုစဉ်း​တောင်
မစဉ်းစားဖူးဘဲ လက်​​တွေ့ကြုံ​နေရတယ်

အဲ့မြင်​ကွင်းကို​ချောင်းကြည့်​​နေတယ်​လို့​တော့
မထင်​လိုက်​နဲ့..

ရေ​သောက်​ချင်​လို့...မီးဖိုခန်းထဲဝှီးချဲတွန်းဝင်​လာရင်း စားပွဲ​မှာထိုင်​​နေတဲ့ သူတို့နှစ်​​ယောက်​ကို​တွေ့ရတာ...

ကိုယ့်​နှလုံးသားက​ကြေ​နေပါတယ်​Baekရယ်
ဒါကိုမင်းက အမှုန့်​ဖြစ်​​အောင်​ထပ်​ကြိတ်​​နေသလိုပဲ

ဆွဲထားချင်​တယ်​...
မင်းသူ့ကိုအိမ်​​ပေါ်​ခေါ်တင်​ထားတဲ့
တစ်​ပတ်​ပြည့်​ဖို့ သုံးရက်​အလိုမှာ
ကိုယ်​​သေချာသိသွားပြီBaek..

ကိုယ်​မင်းကို...ခွန်​အားရှိသ​လောက်​...
တတ်​စွမ်းနိုင်​သ​လောက်​...မင်းရဲ့ဒူးကိုလှမ်းဖက်
ုဆွဲထားပြီး....ကိုယ့်​ကိုမထားခဲ့ဖို့..​တောင်းဆို
မယ်​Baek..

ကိုယ့်​မှာ မင်းပဲရှိတာ...

မင်းမှာ သူမ ရှိ​ပေမဲ့
ကိုယ့်​မှာမင်းပဲရှိတာ​မို့ပါBaekရယ်​...

သူနဲ့တွဲ​တွေ့ရတဲ့​လေးရက်​အတွင်း...

ကိုယ့်​နှလုံးသားကမီးမြိုက်​ခံထားသလိုပဲ...
ဆွေးမြည့်​စွာနဲ့​လောင်​ကျွမ်း​နေလို့...
ပြာမှုန့်​​တောင်​ဖြစ်​​နေပြီBaek..

ပြာမှုန့်​ဖြစ်​​နေတာ​တောင်​..မင်းကိုချစ်​​နေတုန်းပဲ

ချစ်​တာမို့လို့..ကိုယ့်​ကို
နည်းနည်း​တော့ အတ္တကြီးခွင့်​​ပေးပါ

ကိုယ့်​မာန​တွေသိက္ခာ​တွေ ​ခေါင်းမာမှု​တွေ
ခဝါချပြီး မင်းဆီလာခဲ့မယ်

ညသန်း​ခေါင်​ယံအချိန်​က
အပ်​ကျသံမ​ကြားရတဲ့အထိတိတ်​ဆိတ်​​နေတယ်

FOSSIL <Completed>Where stories live. Discover now