ကျင်းရှောင်းကျဲ ကျင်းသခင်မလေး

6.7K 684 12
                                    

"ကျင်းသခင်မလေး! "

လန်ကျင်းရီ၏အသံပြဲကြီးနှင့်အတူ ဝုန်းခနဲပွင့်သွားသော အိပ်ဆောင်တံခါးချပ်များ

"လန်ကျင်းရီ..! မင်းယဉ်ကျေးမှုလေးနည်းနည်းရှိလို့မရဘူးလား သူများအခန်းထဲမဝင်ခင်တံခါးလေးတော့ခေါက်သင့်တာပေါ့ ခုပြန်ထွက်သွား ငါအဝတ်လဲလို့မပြီးသေးဘူး"

ကျင်းလင်ခမျာဝတ်ရုံဝတ်လက်စဖရိုဖရဲ ခါးစည်းကြိုးကိုကိုင်ရင်းလန်ကျင်းရီကိုအော်ထုတ်နေသည် လန်စစ်ကျွေးကကျင်းရီနောက်ကနေပါလာပြီး ကျင်းလင်အဝတ်အစားဖရိုဖရဲနဲ့ပုံကိုမြင်လိုက်ရတော့ ပြန်ထွက်သွားရမလို ဒီတိုင်းနေနေရမလိုနဲ့ ကို့ရို့ကားရားဖြစ်သွားသည်

လန်ကျင်းရီကတော့မျက်နှာပြောင်စွာနဲ့ပဲအခန်းထဲဆက်ဝင်သွားကာ ကျင်းလင်ရဲ့အိပ်ရာပေါ်ကိုဝုန်းခနဲမြည်အောင်ပစ်လှဲလိုက်ပြီးလူးလှိမ့်နေသည်

"အား ကျင်းသခင်မလေးရဲ့အိပ်ရာကနူးညံ့နေတာပဲ ညကျရင်မင်းနဲ့လာအိပ်ရမယ်ထင်တယ်"

"ထစမ်း ထစမ်း ငါခုမှအိပ်ရာသိမ်းထားတာပွကုန်ပြီ"

"မထဘူး အိပ်ရာသိမ်းတာများဘာခက်တာမှတ်လို့ ဟောလိုခေါက်ထားတဲ့စောင်ကိုဆွဲပြီး..... အား ဒီမှာလူသတ်ဖို့ကြံစည်နေပါတယ်"

လူးလှိမ့်နေရုံအားမရလို့ခေါက်ထားတဲ့စောင်တွေကိုပါဆွဲဖွနေတဲ့လန်ကျင်းရီကိုကြည့်ပြီးကျင်းလင်တစ်ယောက်ကိုင်ထားသောခါးစည်းကြိုးကိုပစ်ချကာဝတ်ရုံရင်ဘတ်ဟပြဲနှင့်စားပွဲပေါ်တင်ထားတဲ့စွေ့ဟွားကိုကောက်ကိုင်သည်

ကျင်းလင်လက်ထဲဓားရောက်နေတာကိုတွေ့တာနဲ့လန်ကျင်းရီတို့ကအိပ်ရာပေါ်ကစောင်ကိုဆွဲချပြီးအိပ်ဆောင်ပြင်ကိုဝရုန်းသုန်းကားပြေးထွက်သွားတော့သည်

"ကျင်းသခင်မလေးကိုမနှောက်ယှက်တော့ပါဘူး ထမင်းစားဆောင်ကိုသွားနှင့်ပါတော့မယ် စစ်ကျွေး ကျင်းသခင်မလေးကိုမင်းပဲခေါ်ခဲ့လိုက်တော့"

"လန်ကျင်းရီ မင်းငါနဲ့တွေ့မယ် ပြေးသွားလို့ပြီးမယ်မထင်နဲ့ မင်းငါ့ကိုနိုင်စားတာများနေပြီ"

Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)Where stories live. Discover now