"အားလင် အားလင်"
သူ့ကိုမြင်တာနဲ့ နောက်ကိုချက်ချင်းလှည့်ပြေးလေသော ကျင်းလင်ကိုအလောတကြီးခေါ်လိုက်ရင်း လန်စစ်ကျွေးတစ်ယောက် အနောက်မှပြေးလိုက်သည်
"မလိုက်လာနဲ့"
ကျင်းလင်မှာ ပြီးခဲ့တဲ့အခေါက်ညခင်းတောလိုက်ထွက်စဉ်မှာ ဖြစ်ခဲ့တဲ့ကိစ္စပြီးကတည်းက လန်စစ်ကျွေးကိုရှောင်နေတာမို့ လန်စစ်ကျွေးမှာနေမထိထိုင်မသာဖြစ်နေရသည်မှာ ရက်သတ္တပတ်နှစ်ခုစာခန့်ရှိနေပြီဖြစ်သည်
"အားလင် ကိုယ်ပြောတာနားထောင်ပါဦး ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ်အဲ့တုန်းကလုပ်ခဲ့တာမသင့်တော်မှန်းသိပါတယ် အဲ့ဒီကိစ္စကဖြည်းဖြည်းချင်း နူးနူးညံ့ညံ့လုပ်ရမဲ့ဟာကို..."
"ဘာနူးနူးညံ့ညံ့လဲ ဘာကိုနူးညံ့မှာလဲ!"
ကျင်းလင်ကလန်စစ်ကျွေး၏စကားကိုကြားတော့ မျက်နှာတွေရဲလျက် ခြေလှမ်းကိုရပ်ကာ ခပ်ဆတ်ဆတ်အော်လေသည်
"အာ မဟုတ်ဘူး အားလင်"
လန်စစ်ကျွေးကကျင်းလင်၏ရှေ့မှာရပ်လိုက်တော့ ကျင်းလင်ကမျက်နှာကိုဘေးကိုဆတ်ခနဲလွှဲလိုက်ရင်း နောက်ကိုခြေတစ်လှမ်းဆုတ်သည်
"ကိုယ်တကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ် ကိုယ်အဲ့လိုဝန်ခံတာအလောတကြီးနိုင်ခဲ့ပေမယ့် အားလင်အတွက်ကိုယ့်မေတ္တာက တကယ်အစစ်အမှန်ပါ"
လန်စစ်ကျွေးတစ်ယောက်သူ့စကားကိုပင်ဆုံးအောင်နားမထောင်ပဲလှည့်ထွက်သွားလေသော ကျင်းလင်၏နောက်ကျောကိုကြည့်ပြီး စိတ်မောစွာခပ်ယဲ့ယဲ့ပြုံးမိရတော့သည်
.
.
.
"ဒီမြို့ကဆုတောင်းပြည့်ရေကန်နာမည်ကြီးတယ်တဲ့ ငါတို့ရောက်တုန်းရောက်ခိုက် သွားကြည့်သင့်တယ်မထင်ဘူးလား""အင်း သွားမယ်လေ"
လန်ကျင်းရီ၏အပြောကိုစစ်ကျွေးက သဘောတူလိုက်ရင်း ဘေးမှာငြိမ်ငြိမ်သက်သက်လမ်းလျှောက်နေတဲ့ ကျင်းလင်ကိုအသာငဲ့ကြည့်လိုက်မိသည် ကျင်းလင်ကလက်ကိုပိုက်ထားလျက်ခပ်အေးအေးလျှောက်နေရင်းမှသူ့ကိုလန်စစ်ကျွေးလှည့်ကြည့်နေမှန်းလဲသိရော ခြေလှမ်းကိုအနည်းငယ်မြန်လိုက်ကာ ရှေ့ကိုကျော်လျှောက်သွားလေသည်
YOU ARE READING
Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)
FanfictionI ship Lan SiZhui and Jin Ling. Though this pair doesn't have any Lovey-Dovey moments either in novel or in anime, I still want to ship them. So I write down my imaginations and make my ship sailing. Enjoy!