ဇာမဏီတောင်တောလိုက်ပွဲသည်ကား မှော်သိုင်းဓမ္မလောကကြီး၏ အရှုပ်အထွေးများပြီးသည့်နောက်တွင် ကျင်းဂိုဏ်းမှ တာဝန်ယူပြင်ဆင်ကာ တောလိုက်ကွင်းချဲ့ခြင်း စောင့်ကြည့်မျှော်စင်များကို ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်နေသည်မို့ မကျင်းပဖြစ်ခဲ့သည်မှာ နှစ်အတန်ကြာရှိနေပြီဖြစ်သည်
ယခုနှစ်မှာပြုပြင်မှုများ အလုံးစုံပြီးမြောက်သွားပြီးဖြစ်၍ တောလိုက်ပွဲသဘင်ကို ပြန်လည်ကျင်းပရန် ဂိုဏ်းပေါင်းစုံအစည်းအဝေးတွင် အတည်ပြုပြီးလေပြီ ထိုပွဲသဘင်အတွက် ဥသျှောင်အဖြစ် ကမကထပြုရမည့်ဂိုဏ်းသည်ကား ပြောရန်မလိုစွာပင် ကျင်းဂိုဏ်းဖြစ်ရမည်ဖြစ်သော်လည်း ကျင်းဂိုဏ်းမှာ လက်ရှိအချိန်တွင် ဂိုဏ်းချုပ်အဖြစ်ဦးဆောင်နေသည့်သူ မရှိသေးတာကြောင့် ကျင်းဂိုဏ်းအမည်ခံနှင့်ပင် ကျန်းဂိုဏ်းကအလုံးစုံတာဝန်ယူဦးစီးရလေသည်
ဝေ့ဝူရှန့်သည်ကား ပွဲသဘင်အတွက် ပြင်ဆင်နေသည့်တစ်လျှောက်လုံး ကူညီလုပ်ကိုင်သည်ဟု အမည်ခံကာ ဂိုဏ်းသားငယ်များနှင့် လုံးလားထွေးလားလုပ်နေလေသည်မို့ ကျန်းချန်တစ်ယောက် သွေးတက်ရသည်မှာအကြိမ်ကြိမ်ပင် ထို့ပြင် ဝေ့ဝူရှန့်ရှိရာ လန်ဝမ့်ကျီးရှိသည်ဟု ဆိုရတော့မတတ်ပင် လန်ဝမ့်ကျီးတစ်ယောက်မှာလဲ ဝေ့ဝူရှန့်လုပ်သမျှအရှုပ်တိုင်းတွင် ပရမ်းပတာပါနေလေသည်မို့ ပိုခေါင်းကိုက်ရသည်
ကျန်းချန်အတွက် ထိုကိစ္စများထက်ပို၍ခေါင်းကိုက်ရသည်ကား လန်ဂိုဏ်း၏ဂိုဏ်းချုပ်ဥသျှောင် လန်ရှီးချန်သည် ပွဲသဘင်အတွက် အကူအညီပေးရင်း အချိန်တိုင်းလိုလိုပင် ကျန်းချန်နားကပ်နေခြင်း
သူ့ကိုတွေ့သည်နှင့် တယုတယပွေ့ချီလိုက်တော့မတတ်ဖြစ်သွားသော လန်ရှီးချန်၏ကဲကဲပိုသည့်အမူအရာတို့ကြောင့် ဂိုဏ်းသားငယ်တို့အကြား အရှက်ကွဲရသည်မှာလည်း အကြိမ်ကြိမ်ပင်
အမှန်တကယ် အကူအညီလိုအပ်နေပြီး လန်ရှီးချန်၏စေ့စပ်တိကျသော စီစဉ်မှုများက များစွာအထောက်အကူပေးနေသည်မို့သာ ကျန်းချန်တစ်ယောက် အောင့်သက်သက်နှင့် သည်းခံရလေသည်
.
.
.
.
ပွဲသဘင်နေ့
STAI LEGGENDO
Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)
FanfictionI ship Lan SiZhui and Jin Ling. Though this pair doesn't have any Lovey-Dovey moments either in novel or in anime, I still want to ship them. So I write down my imaginations and make my ship sailing. Enjoy!