"ဒီတစ်ခါညခင်းတောလိုက်ထွက်တာ တော်တော်ပျော်ဖို့ကောင်းတာပဲ ဦးလေးဝမ်းနင်ပါလို့ပိုပျော်စရာကောင်းတယ်"
လန်ကျင်းရီကဝမ်းနင်၏လက်ကိုကိုင်ဆွဲလျက် ခုန်ပေါက်တော့မတတ်ပုံစံဖြင့် ရွှင်မြူးစွာပြောသည် ဝမ်းနင်ကတော့လန်ကျင်းရီ၏ဆွဲယမ်းလှုပ်ခါနေမှုကြောင့် ခေါင်းမှာခြုံထားသည့်ဝတ်ရုံခေါင်းစွပ်ကိုကျွတ်မကျသွားစေရန်လက်တစ်ဖက်ဖြင့်ထိန်းကိုင်နေရသည်
"ကျင်းရီ ဦးလေးဝမ်းနင်ကိုအရမ်းမဆွဲနဲ့ ခုငါတို့ရောက်နေတာမြို့ထဲလူစည်တဲ့နေရာမှာ ခေါင်းစွပ်ကျွတ်သွားရင် အကုန်ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်မယ်"
လန်စစ်ကျွေးကဝမ်းနင်ဆောင်းထားသောခေါင်းဆောင်းဝတ်ရုံရှည်ကိုသေချာပြန်လည်ပြုပြင်ပေးလိုက်ရင်း ဘေးမှာခုန်ပေါက်မြူးထူးနေသည့် လန်ကျင်းရီကိုပြောသည်
"အေးပါ အေးပါ"
လန်ကျင်းရီကမကျေနပ်သည့်ဟန်ဖြင့်ခပ်ဆောင့်ဆောင့်ပြန်ဖြေပြီး ဝမ်းနင်၏လက်ကိုလွှတ်သည် ကျင်းလင်ကတော့မရောက်ဖူးသည့်မြို့လေး၏ဈေးမြင်ကွင်းကိုအထူးအဆန်းလိုက်ကြည့်နေသည်မို့ သူတို့ဖြစ်ပျက်နေကြတာတွေကိုအာရုံမရှိ
"ဟာ စပြီတဲ့ဟေ့"
"ဝမ်သခင်မလေးရဲ့အိမ်ထောင်ဖက်ရွေးပွဲစပြီတဲ့"
"ဟာ ဒီနေ့လား သွားရအောင် သွားရအောင်"
သူတို့လေးယောက်ဈေးထဲလျှောက်ပတ်ကြည့်နေကြစဉ်မှာပဲ ဈေးပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခြင်းနှင့်အတူ လူတော်တော်များများမှာ ဈေးလယ်ရှိခမ်းနားသည့်နှစ်ထပ်စားသောက်ဆိုင်ကြီးရှေ့သို့စုပြုံပြေးလွှားသွားကုန်ကြတာမို့သူတို့လေးယောက်လုံးအာရုံတွေကထိုလူအုပ်ကြီးနောက်ပါသွားကြသည်
"ဘာပွဲရှိတာလဲ ဘာပြပွဲတဲ့လဲ"
လန်ကျင်းရီကလူအုပ်ကြီးကိုလည်ပင်းဆန့်ကြည့်ရင်းသိချင်စိတ်ပြင်းပြနေဟန်ဖြင့်ရေရွတ်သည်
"သွားကြည့်ရအောင်"
ကျင်းလင်ကပြောပြောဆိုဆိုပင်လူအုပ်ကြီးနောက်လိုက်သွားလေပြီ
YOU ARE READING
Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)
FanfictionI ship Lan SiZhui and Jin Ling. Though this pair doesn't have any Lovey-Dovey moments either in novel or in anime, I still want to ship them. So I write down my imaginations and make my ship sailing. Enjoy!