ယနေ့မှစ နှစ်တစ်ရာတိုင် 1

4K 503 31
                                    

ခါတိုင်းအချိန်များတွင် စာအံသံ ဗျပ်စောင်းသံညှင်းသွဲ့သွဲ့တို့သာ ကြားရလေ့ရှိသော တိမ်ဆိုင်းနန်းမြင့်သာတွင် ယနေ့အဖို့မှာတော့ ထူးဆန်းစွာပင် လူသံသူသံ စကားပြောသွားလာသံများဖြင့် အနည်းငယ်ဆူဆူညံညံဖြစ်နေလျက် တိမ်လွှာဆိုင်းဝတ်ရုံတို့ကို ဝတ်ဆင်ထားကြသော လန်ဂိုဏ်းသားတို့ကလဲ လက်ထဲတွင် ဗန်းများ ပစ္စည်းပစ္စယများကို ကိုင်ဆောင်ထားကာ ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြလျက်

တိမ်ဆိုင်းနန်းမြင့်သာ၏ ဘိုးဘွားကန်တော့ဆောင်တွင်ကား အထူးခြားဆုံးပင် ခန်းမအဝင်ဝတွင် အနီရောင်ဖဲကြိုးများကို လှပစွာဆင်ယင်ချိတ်ဆွဲထားကာ ကန်တော့စားပွဲတွင်လဲ အမွှေးတိုင်အိုးများ စားသောက်ဖွယ်ရာများကို ခမ်းခမ်းနားနားတင်ထားလေသည်

ဟုတ်ပါသည် ယနေ့သည်ကား လန်ဂိုဏ်း၏ဒုတိယသခင်လေး ဟန်ကွမ်းကျွင်း၏ လက်ထပ်မင်္ဂလာသဘင်ပါပေ

ဝေ့ဝူရှန့်ကို တိမ်ဆိုင်းနန်းမြင့်သာတွင်ခေါ်ပြီး ဒီအတိုင်းနေနေကြတာ ကြာပြီဖြစ်သော်လည်း ယခုတွင်မှ ဟန်ကွမ်းကျွင်းတစ်ယောက် မည်သို့စိတ်ကူးပေါက်သည်မသိ ဝေ့ဝူရှန့်ကို ဘိုးဘွားများရှေ့တွင် ကတိသစ္စာပြုကာ လက်ထပ်မင်္ဂလာသဘင် ဆင်ယင်ချင်ပါသည်ဟု တောင်းဆိုလေသည်

လန်ကျန့်လုပ်သမျှ ဘာမဆိုတင့်တယ်သည်ဟု သဘောပိုက်ထားသော လန်ဂိုဏ်းချုပ် လန်ရှီးချန်ကို ခွင့်တောင်းရသည်မှာ ဘာမှမခက်ခဲလိုက်သော်လည်း လန်ချီရန်ကတော့ မင်္ဂလာပွဲကျင်းပရန်အတွက် ဘိုးဘွားဆောင်ကိုဖွင့်မပေးနိုင်ဟုဆိုကာ တင်းခံနေလေသည်မို့ ဟန်ကွမ်းကျွင်းတစ်ယောက် စာသင်ဆောင်လဲမဝင် အစားလဲမစားပဲ ကျင်းရှီဆောင်ထဲတွင် အဆောင်ပိတ်နေကာ ဆန္ဒပြလေတော့သည်

တူဝရီးနှစ်ယောက်၏ ခေါင်းမာမှုပြိုင်ပွဲမှာ နှစ်ရက်သာကြာမြင့်လိုက်ပြီး ထိုပြိုင်ပွဲတွင် ပြောရန်မလိုစွာပင် ဟန်ကွမ်းကျွင်းသာအနိုင်ရပါသည် လန်ချီရန်မှာ မည်သို့ပင်တင်းခံလေသော်ငြား ငယ်စဉ်ကတည်းက မိမိလက်နှင့် ချီပိုးထိန်းကျောင်းကာ ပညာတွေသင်ကြားပေးခဲ့ပြီး ယုယပိုက်ထွေးခဲ့ရလေသော တူမောင်ကိုအနိုင်မယူနိုင်ခဲ့ပါ

Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)Donde viven las historias. Descúbrelo ahora