"ငါ လှေစီးရတာမုန်းတယ်"
လန်ကျင်းရီကလှေဘောင်ကိုလက်နှစ်ဖက်နှင့်တင်းဆင်းဆုပ်ကိုင်ထားလျက် ဗလုံးဗထွေးရေရွတ်သည် လန်စစ်ကျွေးက လှေပေါင်းမိုးထဲထိုင်နေရာမှထသွားပြီး လှေမူးကာအန်နေသော လန်ကျင်းရီ၏ကျောပြင်ကို ခပ်ဖွဖွပွတ်ပေးသည် ကိုယ်တိုင်လည်းလှေမူးနေသော်ငြား လန်ကျင်းရီလောက်တော့ရုပ်မပျက် ဣနြေ္ဒဆောင်နေနိုင်သေးသည်
"ရောက်ပြီ ကျင်းရီ ထ ထ"
လှေကမ်းကပ်တာနဲ့ လှေဝမ်းထဲထိုင်နေတဲ့ဝမ်းနင်ပါထလာပြီး ပျော့ဖတ်နေသည့်လန်ကျင်းရီကို ကျောပေါ်သယ်ပိုးကာကမ်းပေါ်တက်သွားနှင့်သည် လန်စစ်ကျွေးက လှေသမားကိုလှေဖိုးရှင်းပြီးနောက်မှလိုက်တက်သည်
ပဒုမ္မာတံခွန်သာသည် ရာသီဥတုပွင့်လင်းသာယာလျက် နေရောင်ပျပျကနွေးနွေးထွေးထွေးဖြန့်လင်းနေသည် ကြာကန်ကမ်းစပ်တလျှောက်တွင် ဈေးသည်မျိုးစုံတို့ကစည်ကားနေပြီး သွားသွားလာလာရှိနေကြသောလူအများကြောင့်ပိုမိုအသက်ဝင်နေလေသည်
ကျန်းဂိုဏ်း၏အဝင်မုခ်ဦးဝရောက်သည်နှင့် တံခါးနားတွင်အသင့်စောင့်နေလျက်ရှိသော ဂိုဏ်းသားငယ်နှစ်ယောက်က သူတို့သုံးယောက်ရှေ့လာရပ်ပြီး
"သခင်လေးတို့ ကျင်းသခင်လေးက သခင်လေးတို့ရောက်လာရင် ကြိုဆိုပြီးနေရာထိုင်ခင်းပေးထားဖို့ မှာထားပါတယ် ဒီဘက်ကိုကြွပါ"
ဒီနေ့သည်ကား ကျင်းလင်၏မွေးနေ့ပင် မွေးနေ့မတိုင်ခင်နှစ်ရက်အလိုကတည်းက ကျင်းလင်ကပဒုမ္မာတံခွန်သာကိုပြန်သွားပြီး လန်ကျင်းရီ လန်စစ်ကျွေးနှင့် ဝမ်းနင်တို့ကို မွေးနေ့ရက်တွင်ပဒုမ္မာတံခွန်သာသို့ လာပြီးမွေးနေ့ပွဲတက်ရောက်ချီးမြှင့်ပေးရန်ဖိတ်ကြားသွားသည်
ခါတိုင်းနှစ်တွေက ကျင်းလင်၏မွေးနေ့ပွဲကို ကျင်းဂိုဏ်းတွင်သာခမ်းခမ်းနားနားကျင်းပလေ့ရှိပြီး မှော်သိုင်းဓမ္မလောက၏ထိပ်သီးဂိုဏ်းချုပ်များ နာမည်သတင်းကျော်စောသည့်မှော်သိုင်းဓမ္မပညာရှင်များကိုသာ ဖိတ်ကြားလေ့ရှိကာ စာသင်သားလူငယ်တွေကိုဖိတ်သည်ဆိုသည်မှာ ရှားပါးလှလေသည်
VOCÊ ESTÁ LENDO
Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)
FanficI ship Lan SiZhui and Jin Ling. Though this pair doesn't have any Lovey-Dovey moments either in novel or in anime, I still want to ship them. So I write down my imaginations and make my ship sailing. Enjoy!