WangXian 1: အချစ်ငှက်နှစ်ကောင်

6.2K 513 7
                                    

"စစ်ကျွေး လန်ရှီးဖူးကဘာလို့ ညခင်းတောလိုက်ကိုစာသင်သားတွေချည်းပဲလွှတ်တာလဲ"

ကျင်းလင်ကမြှားကျည်တောက်ထဲကမြှားတွေကိုသေချာရေတွက်စစ်ဆေးနေရင်း မလှမ်းမကမ်းမှာရှိနေတဲ့လန်စစ်ကျွေးကိုလှမ်းမေးသည်

"အရင်တစ်နေ့ကပဲ မုန့်ချန်မြို့* နားကတောအုပ်မှာ မြေခွေးမိစ္ဆာတွေသောင်းကျန်းနေတယ်လို့သတင်းပို့လာတယ် မြေခွေးမိစ္ဆာတွေက သာမန်လူတွေအတွက်သာအန္တရာယ်ရှိပေမဲ့ ကိုယ်တို့လိုမှော်သိုင်းကျင့်ကြံနေတဲ့သူတွေအတွက်ကတော့ ကြီးကြီးမားမားမိစ္ဆာမျိုးမဟုတ်ဘူးလေ အဲ့ဒါကြောင့်ရှီးဖူးကစာသင်သားတွေအတွေ့အကြုံရအောင်လို့ လူနည်းနည်းရွေးပြီးတောလိုက်လွှတ်တာ"

"စစ်ကျွေး စစ်ကျွေး ငါ့ဓားရှည်တွေ့မိလား ငါခုနကပဲကိုင်နေသေးတာကို!"

ထိုစဉ်မှာပဲ ကျင်းလင်နဲ့စစ်ကျွေးရှိနေရာ ဇရပ်ဆောင်လေးပေါ်ကိုအလောတကြီးပြေးတက်လာသော လန်ကျင်းရီ လူမရောက်ခင်အသံကရောက်နှင့်နေပြီ

"လုပ်ကြပါဦး ငါ့ဓားရှည်လေး ဘယ်နားထားမိလိုက်လဲမသိဘူး"

ပြူးပြူးပြာပြာဖြစ်နေသောလန်ကျင်းရီကို တစ်ချက်ကြည့်လိုက်တာနဲ့သူ့ကျောပေါ်မှာစလွယ်သိုင်းထားတဲ့ဓားရှည်ကိုမြင်လိုက်ရတာမို့ ကျင်းလင်ရော စစ်ကျွေးပါ စိတ်ပျက်လက်ပျက်ခေါင်းခါမိသွားရသည်

"မင့်ဓားကမင်းကျောပေါ်မှာလွယ်ထားတယ်လေ ငတုံးကောင်ရဲ့"

ကျင်းလင်စကားအဆုံးမှာလန်ကျင်းရီတစ်ယောက်သူ့ကျောသူပြန်စမ်းသည် ဓားရှည်ကိုစမ်းမိတော့မှစိတ်အေးသွားဟန်နှင့်သက်ပြင်းချသည်

"ဟားး တော်ပါသေးရဲ့ ဓားရှည်ပျောက်ရင်ရှီးဖူးငါ့ကိုအရေခွံနွှာမှာ အဲ ဒါနဲ့လေ မင်းတို့အခုငါတို့တောလိုက်ရမဲ့မြေခွေးမိစ္ဆာတွေအကြောင်းသိပြီးပြီလား"

"အင်း လှည့်ဖျားတတ်တယ် ကောက်ကျစ်တယ် လူယောင်ဖန်ဆင်းနိုင်တယ် ဒါပဲမလား"

လန်ကျင်းရီအမေးကိုစစ်ကျွေးကခပ်ဖြည်းဖြည်းဖြေလိုက်ရင်း တခြားဘာရှိသေးလဲဆိုတဲ့သဘောဖြင့်လန်ကျင်းရီကိုအမေးပြန်ထုတ်လိုက်သည်

Once upon a time in GuSu (လန်စစ်ကျွေး ❤ ကျင်းလင်)Where stories live. Discover now