💝💝[warning]

4.2K 132 8
                                        

Mr. Kim>> အဲဒါ သူအ​နေအထိုင်​မတတ်​လို့ဖြစ်​မှာ​ပေါ့......

Chanyeol အံ့သြမှု​ကြောင့်​ မျက်​ခုံးအစုံမြင့်​တက်​သွားရသည်​......

ဘယ့်​နှယ့်​ သူ့​နောက်​မိန်းမအ​ကြောင်း​တွေ​ပြောပြီး သူ့သားလုပ်​ကြံခံရပုံကို​ပြောတာ​တောင်​ သူက သူ့သားကိုအပြစ်​ပုံချချင်​​နေပုံ......

အပြင်​မှာနား​ထောင်​​နေ​သော jongin က​ အံကိုတင်းတင်းကြိတ်​ကာ အခန်းထဲကိုဝင်​လာပြီး သူ့ appa ကို တည့်​တည့်​စိုက်​ကြည့်​လျက်​....

Jongin>> appa ကျ​တော်​ထင်​​တောင်​မထင်​မိဘူး...appa အဲမိန်းမ​ကျော့ကွင်းမှာ ​ကောင်း​ကောင်းကြီးမိ​နေခဲ့တာကို ကျ​တော်​မရိပ်​မိခဲ့ဘူးပဲ......
အဟက်​....အခုလို​ပြောပြရင်​ အဲမိန်းမကိုဖြတ်​ပြီး ကျ​တော်​တို့သားအဖနှစ်​​ယောက်​ တူတူ​နေသွားနိုင်​ပြီထင်​ထားတာ.....အခု​တော့......

Mr. Kim က သားဖြစ်​သူက ထိုသို့​ပြော​တော့ မျက်​နှာသိပ်​မ​ကောင်းလှ......သူ့မှာလည်း အ​ကြောင်းတစ်​ခုခုရှိလို့​နေမယ်​........စိတ်​ထဲ​တွေး​တောယူ​ဆရင်း ဝင်​ထိန်း​ပေးရသည်​....

Chan>> ​ကောင်​​လေး....စိတ်​​လျှော့​လေ......​နော်​....ကိုယ်​တို့ ​အေး​ဆေးစကား​ပြောကြတာ​ပေါ့.....

Chanyeol ​ပြော​တော့မှ စိတ်​​လျှော့လိုက်​ဟန်​ဖြင့်​ ဆိုဖာ​ပေါ်ကိုပစ်​ထိုင်​ချလိုက်​​သော jongin မျက်​ဝန်းမှာ နီရဲလျက်​ အရည်​ကြည်​များရစ်​ဝိုင်း​နေသည်​.......

ဒေါသထွက်​သည်​လား ဝမ်းနည်းသည်​လား ခံပြင်းသည်​လား​တော့ မသဲကွဲ.....

သူခမျာ သူ့အ​ဖေက သူ့ဘက်​ရှိတယ်​ဆိုပြီး ​မျှော်​လင့်​ချက်​ကြီးခဲ့တာကိုး .....

Chan>> အဲဒါ​တွေထားပါ....အခု ကျ​တော်​လာရတဲ့ကိစ္စက ကျ​တော်​နဲ့သူ့ရဲ့ မင်္ဂလာကိစ္စအတွက်​ပါ....

Mr. Kim>> မင်းက ငါ့သားကို လက်​ထပ်​မယ်​!!!

ဝမ်းသာရိပ်​အပြည့်​ဖြင့်​ ​ပြောလာ​သော jongin appa ​ကြောင့်​ ဘာကိုမှလိုက်​မမီနိုင်​​တော့....ခုနက သူပဲ ​ကောင်​​လေးကို မုန်းသလို​ပြောခဲ့တာကို....

ရူး​အောင်​ချစ်​ရသူ [R-M]Where stories live. Discover now