💝💝

2.4K 127 2
                                        

JY company ၏ CEO park chanyeol ၏ ရုံးခန်း​ရှေ့နားတစ်​ဝိုက်​တွင်​ ဝန်​ထမ်းများစု​ဝေး​နေသည်​.....

မှန်ကာရံထား​သောအခန်းမို့ အခန်းတွင်းရှိ chanyeol အား အပြင်​က​နေ ရှင်းရှင်းလင်းလင်းမြင်​​​ရသည်​....

ဝန်​ထမ်းများ အထူးသဖြင့်​ မိန်းက​လေးများက သူ့ကိုကြည့်​ပြီး တီးတိုးတီးတိုး​ပြော​နေကြသည်​ကို​တော့ ကာယကံရှင်​ CEO park chanyeol သိဟန်​မတူ...

ဘယ်​သိမလဲ​လေ....သူ့ခမျာ မ​နေ့ည​နေက အဖြစ်​အပျက်​​လေးကို​တွေးပြီး ကြည်​နူးမဆုံး တပြုံးပြုံးဖြစ်​​နေရှာသည်​ကိုး...

>> တို့ CEO က ပြုံး​နေတယ်​ မိုး​​တွေရွာ​တော့မယ်​ထင်​တယ်​....

>> ဟုတ်​ပဟယ်​ ​ချောလိုက်​တာ....

>> ဘာ​တွေ​တွေးပြီးပြုံး​နေတာလဲမသိဘူး​နော်​....

>> ငါ​သေလို့ရပြီဟာ....​ချောလိုက်​တာလွန်​​ရော...

ထိုအချိန်​တွင်​ ​​ကျောင်းပိတ်​ရက်​ အိမ်​မှာ​နေရတာပျင်းလို့ ဆိုတာထက်​ လွမ်းလွန်းလို့ သူ့ချစ်​ချစ်​ company ဆီလိုက်​လာ​သော park jongin က လင်​​တော်​​မောင်​အားငမ်း​နေ​သောမိန်းမများကို ​နောက်​ဘက်​မှ​နေ၍ မီး​တောက်​​နေ​သောမျက်​ဝန်းတို့ဖြင့်​ စိုက်​ကြည့်​​နေသည်​ကို သူတို့မသိကြ​သေး......

အထဲကိုကြည့်​​တော့လဲ ဟိုလူကြီးက မိန့်​မိန့်​ကြီးပြုံးလျက်​ထိုင်​လို့....

ခဏကြာ​အောင်​စိုက်​ကြည့်​​နေတာ​တောင်​ မိမိကိုသတိမထားမိဘဲ ငမ်း​ကြောဆွဲ​နေ​သော အမျိုးသမီးထုအား ​လျစ်​လျူရှုကာ ​ဒေါသတို့ဦးတည်​ချက်​​ပြောင်းပြီး chanyeol အခန်းတံခါးကို ခပ်​ကြမ်းကြမ်းတွန်းဖွင့်​ကာ ဝင်​ခဲ့လိုက်​သည်​.....

အခန်းထဲ​ရောက်​​တော့ မိမိကို အံ့သြတကြီးကြည့်​​နေသာ လူကြီးဆီသွားကာ နှုတ်​ခမ်းကို ပိတ်​နမ်းပစ်​လိုက်​သည်​......

ဟိုမိန်းမများက​တော့ အပြင်​က​​နေ ဘယ်​သူလဲ ဘာလဲဟူ​သော​ အံ့သြဟန်​နဲ့ စူးစမ်းဟန်​ပါသည့်​မျက်​ဝန်းများဖြင့်​ ကြည့််​နေကြ​လေရဲ့....

ရူး​အောင်​ချစ်​ရသူ [R-M]Where stories live. Discover now