5 star အဆင့်ရှိSKY hotel ၏ အခန်းတစ်ခန်းအတွင်း၌....
Chanyeol ခုတင်စွန်းလေးမှာထိုင်ပြီး ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကောင်လေးအား မြတ်နိုးစွာကြည့်နေမိသည်....
မှေးမှိတ်ထားတာကြောင့် မို့ဖောင်းနေသော မျက် အစုံ.....
နှာခေါင်းလုံးလုံးလေး နဲ့ သဘာဝအတိုင်း ပန်းသွေးကြွနေတဲ့ နှုတ်ခမ်းဖူးဖူးလေး.....
အရက်ရှိန်ကြောင့် အနည်းငယ်နီမြန်းနေတဲ့ ပါးမို့မို့လေးနှစ်ဖက်နှင့် နှာထိပ်ဖျားလေး.......
ကြည့်နေရင်းပင် မြတ်နိုးမဝနိုင်ခြင်းတို့ဖြစ်ပေါ်လာရကာ ဘယ်သူမှမမြင်အောင်သာ သိမ်းထားလိုက်ချင်တော့သည်....
* ကိုယ်တော့ မင်းကိုချစ်လွန်းလို့ ရူးတော့မယ်ထင်တယ် ကောင်လေးရယ်....
ပြောရင်း jongin ပါးလေးတစ်ဖက်အား နစ်ဝင်အောင်နမ်းလိုက်သည်......
*သူပြောသလို ကိုယ်နဲ့မင်း တွေ့ဆုံခဲ့တာကပဲ မှားနေတာလား.......
Flashback>>>
Chan>> သေချာပြောခဲ့လား.....
>> ဟုတ်...ဟုတ်ကဲ့ ..... ကျွန်မ သေချာ သတိပေးခဲ့ပါတယ်...
မိမိရှေ့ ကြောက်ရွံ့နေသော ထိုမိန်းမက ခုနကပုံစံနဲ့ လားလားမှမဆိုင်တော့.....
ကိုယ်ရံတော်ချွဲ ဘယ်လိုနည်းတွေသုံးလိုက်သလဲတော့မသိ...... ရိုကျိုးသွားတာတော့ အမှန်ပင်....
>> ကျ...ကျမ...သွားလို့........ရပီလားဟင်....
Chan>> ကလေးအခြေအနေရော ဘယ်လိုလဲ...
>> မူး..နေ...တယ်ထင်တယ်....နည်း.နည်း...
Chan>>ဟင်!!!... ရပီ မင်းသွားတော့...
သူမအားပြောကာ bar ထဲဝင်ပြီး ကလေးရှိရာအခန်းထဲ ဝင်သွားလိုက်တော့....
မိမိတန်ဖိုးထားရသော ကလေးငယ် ၏ ပါးပြင်အား ပိုင်စိုးပိုင်နင်းပွတ်သပ်နေသော လူသား....
![ရူးအောင်ချစ်ရသူ [R-M]](https://img.wattpad.com/cover/167703464-64-k407927.jpg)