Zawgyi
လူတွေပြောပြောနေတဲ့ ရေကမ္ဘာလောက မျိုးနွယ်ဆိုတာတကယ်ရှိတာလား..
တကယ်ကောယုံကြည်ကျရဲ့လား..
ဘယ်သူမှအသေအချာမသိနိုင်ပေမဲ့ ဒဏ္ဍာရီ ဆန်ဆန် ချစ်သူနှစ်ယောက်ရဲ့ မရိုးနိုင်တဲ့ အချစ်နှောင်ကြိုးတွေနဲ့ဖွဲ့သီထားတဲ့ အချစ်ပုံပြင်လေးကတော့ ပင်လယ်ကြီးကိုသက်သေ တည်လျက် ဆန်းကြယ်စွာဖြစ်ပေါ်လာရလေသည်.....
--//The prince of the blue sea//----
တိတ်ဆိတ်တယ်..တစ်ခန်းလုံးဟာတိတ်ဆိတ်နေတယ်
မြင်ရတယ်..ရေလွှာကြားမှဖောက်ထွက်လာတဲ့အလင်းရောင် တစ်ချို့..
အခန်းကြီးတစ်ခန်းလုံးဟာ မှန်ဘောင်တွေဖြင့်သာ
ထိုမှန်ဘောင်တွေထဲ ရေနေသတ္တဝါတွေပျော်မြူးနေကျတယ်...အရောင်အသွေးစုံပြီးလှပတဲ့ သန္တာကျောက်တန်းတွေ..ကြည့်ရသူအဖို့ ရေအောက်ကမ္ဘာများ ရောက်နေသလားလို့
မေးချင်စရာထိုမှန်ဘောင်တွေရဲ့အရှေ့မှာ ခပ်ချောချော ကောင်လေးတစ်ယောက်
သူ့မျက်လုံးတွေက တည်ငြိမ်တယ်..မှန်ဘောင်တွေထဲက ရေနေသတ္တဝါလေးများကို မမှိတ်မသုန် ရပ်ကြည့်နေ၏
ထိုစဉ်အခန်းထဲဝင်လာသော သူတစ်ဦးကြောင့် အကြည့်တွေကိုဖျက်ပြီး လှည့်ကြည့်လိုက်တော့ 'ပျော်ပျော်နေသေခဲ့ မော်တော်လှေရေထဲ'ဆိုတဲ့ ဆောင်ပုဒ်လက်ကိုင်ထားသူ။ hoseoki
"hoseokထူးထူးဆန်းဆန်းလာလည်တာလား"
Hsက jkရဲ့အမေးကို မသိသလိုမကြားသလို.. sofaတွင် ထိုင်လိုက်ပြီး
" ငါးလေးတွေကချစ်စရာလေးနော်"
"အပိုတွေ မင်းငါးမချစ်တတ်တာငါသိတယ်..ပြောလာရင်းကိစ္စ"
"ဟီး..clubသွားဖို့လာခေါ်တာ ဒီည clubမှာလူစုံမှာကွ.. uniက ဂျူဂျူလေးတွေလဲ လာမယ်ပြောတယ်....ဒီလိုပွဲမျိုးမှာမင်းလို major kingက တတ်သင့်တယ်ထင်လို့ လာခေါ်တာ စေတနာကိုနားလည်"