Zawgyi
ခက်ခက်ခဲခဲ ရယူခဲ့ရတာမို့ ထပ်ပြီးပျောက်ကွယ်သွားမှာကိုသိပ်စိုးရိမ်မိတယ်..ခင်ဗျားရယ်
#Tae Tae
-----//The Prince Of the Blue Sea//----------
Taeအနောက်ကနေပြေးလိုက်နေမိသည်..jkကလမ်းလျှောက်ပြီးသွားနေတာဆိုပေမဲ့ ပြေးပြီးသွားနေသလိုပဲ အရမ်းမြန်လွန်းတယ်။ လူတွေကအရမ်းရှုတ်တဲ့လူသွားလမ်းပေါ်မှာမို့လို့ အမြင်အာရုံထဲ ပျောက်ပျောက်သွားလေသည်..။
အားမလိုအားမရဖြစ်ကာထပ်ပြီး အရှိန်နဲ့ ပြေးလိုက်တော့ တစ်စုံတစ်ယောက်နဲ့ဝင်တိုက်မိတော့၏ ဘုတ်ခနဲ..ငုတ်တုတ်လေးပြုတ်ကြသွားသည်။
Tae-အာ့.!!
Hoseok-ရရဲ့လား..ခဗျ!!!ဘယ်နားနာသွားသေးလဲ..
Taeကတော့ ခေါင်းလေးပြူပြီးသာ လူတွေအများကြီးကြားထဲကနေ jkကိုလိုက်ရှာနေသည်ကလွဲ၍ ဘာမှအာရုံမရ။ လူကများရတဲ့ထဲ.. motorတပ်ထားသလားထင်ရတဲ့..ခြေလှမ်းတွေနဲ့ဘယ်ပျောက်လို့ဘယ်ပေါက်သွားပြီးလဲပင်မသိတော့တဲ့ jkဆိုသူ..
Taeလည်းမျက်နှာချက်ချင်းပျက်သွားကာ မိုးအုံ့သလို မှိုင်းနေပြီဖြစ်တဲ့ မျက်နှာတော်ဖြင့်
Hs-ဟာ ဟိတ်မငိုနဲ့နော် .. ဘယ်နားနာသွားတာလဲ hyungကိုပြောလေ..မင်းက အတင်းပြေးလာတာကိုး လူကများပါတယ်ဆိုမှ..
Tae-နာလို့ငိုတာဟုတ်ပါဘူး ..
Hs-အာ့ဆိုဘာလို့လဲ
Tae-ပျောက်သွားလို့ ထယ် အဝေးကြီးကနေလာရှာရတဲ့လူ အခုလေးတင်ပျောက်သွားလို့ အီးဟီး..
Hs-အော်...
Tae-တစ်ခုလောက်ကူညိပါလားဟင်
Hs-ပြောလေ..
Taeကသူ့လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ jkရဲ့ လိပ်စာကဒ်လေးကို ထုတ်ပြလိုက်သည်
Tae-အဲ့နေရာကို သွားချင်လို့ပါ.. ပြောပြပေးလို့ရမလားဟင်.. ထယ့်ကိုကူညီပါနော်..ထယ် မသွားလို့မဖြစ်လို့ပါ...
Taeလှမ်းပေးတဲ့လိပ်စာကဒ်ကိုလှမ်းယူပြီးကြည့်လိုက်သည်...
"ဟင်..ဒါjkလိပ်စာကဒ်ပဲ"
Hs-အော် ရပါတယ် အခုတောင်နီးနေပြီ..ဒီကနေတည့်တည့်ပဲသွားရမှာ ပြီးရင် ညဘက်လမ်းကြားလေးထဲထက်ကွေ့လိုက် အဲ့မှာ
"Sea"ဆိုတဲ့ ဆိုင်းဘုတ်တွေ့လိမ့်မယ်အဲ့နေရာပဲ..
