Zawgyi
Jkနဲ့taeတို့စတွေ့ပြီးကတည်းက အချိန်တစ်ခုအကြာထိစကားမပြောဖြစ်ကြ...မပြောဖြစ်ဆို taeမှ jkပြောတာတွေမှနားမလည်..
ဂူကြီးတစ်ခုလို တိတ်ဆိတ်တဲ့ နေရာမှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။...
Jkက..ပင်လယ်ကြီးကို မျက်နှာမူရင်းငိုင်နေသည်
သူအခုရောက်နေတာဘယ်နေရာလည်းသေချာမသိသလို...သူ့ကိုကယ်ခဲ့တဲ့ကောင်လေးကလည်း.. စိတ်နှံသလိုလိုမနှံသလိုလို..
အခုလည်းကြောင်တောင်တောင်နဲ့ သူ့ခြေထောက်ကိုသူ ကိုင်ကြည့်လိုက် အနံ့ခံကြည့်လိုက်နဲ့. မသိရင်အခုမှ ခြေထောက်မြင်ဖူးသလိုလို..ဘာလိုလို..
အဆိုးဆုံးကတော့ စကားမပြောတတ်တာပါပဲ
ကိုယ်ကများစကားသွားပြောကြည့်ပြန်ရင်လည်း လူကိုပြူးပြီးကြည့်နေလိုက်တာများ.. လန့်တောင်လန့်တယ်. တကယ်ဘယ်လိုဟာလေးလဲမသိဘူး
သူဆုတောင်းမိသည်ကတော့သူ့အခုရောက်နေတာ မားကွပ်ကျွန်းပဲဖြစ်ပါစေလို့.
အဆိုးထဲကအကောင်းလို့ပဲပြောရမလား ရောက်ပြီးနောက်မှတော့ ကိုယ်ရောက်ချင်တဲ့နေရာရောက်တာဆိုရင်တော့ သူ့အဖြစ်ကဖြေသာပါသေးသည်..
Taeကတော့ ကျောက်ဆောင်လေးနောက်ကွယ်မှာသာ နေရင်း.... ခြေလေးနှံ့ပြီး ထိုလူသားအား ကြည့်နေသည်
"ဒီလူသားဘာလို့အဲ့လောက်ချောနေရတာလဲ.."
Jkလည်း သက်ပြင်းချပြီး ထိုနေရာမှထလာလိုက်ကာtaeဆီသို့ လှည့်လိုက်သည်
Jk-မင်း----နာမည်----ဘယ်လိုခေါ်-----လဲ
Jkကလက်ဟန်ခြေဟန်နဲ့မေးရပြန်တယ်..နောက်မို့ဆို သူက ကိုးရီးယားစကားမှနားမလည်ပဲ..
နားမလည်ဆို ဘယ်ဘာသာစကားမှနားမလည်တာ ...engလိုပြောလဲမသိ..ကိုးရီးယားလိုပြောလဲမသိ သူဘယ်ဘာသာစကားကိုများနားလည်တာပါလိမ့်နော်
