Zawgyi
တစ်ခါတစ်ရံ လောကကြီးကသိပ်ကိုဆန်းကြယ်လွန်းတယ်..မျှော့်လင်ရင်မျှော်လင့်သလိုမျိုး ဖြစ်ချင်မှဖြစ်တတ်သလို။ မမျှော်လင့်တဲ့ အခြေနေမျိုးတွေလဲ မပြင်ဆင်ထားပေမဲ့ ဖြစ်လာတတ်၏
အချစ်ဆိုတာလည်း...သာမာန် လူတွေအတွက်က ကြုံတွေကြမြဲဖြစ်တဲ့ ရိုးရိုးဓမ္မတာလို့ဆိုနိုင်ပေမဲ့ ကျတော့်လို လူသားတစ်ယောက်အတွက်ကတော့ အချစ်ဆိုတာ..ဆန်းကျယ်လွန်းတဲ့ဘဝအစိတ်အပိုင်းတစ်ခုလို့ရရပေမည်
ကျတော်မချစ်ပါရစေနဲ့ လို့ ဘုရားသခင် အရှေ့အကြိမ်ကြိမ်သာ ဆုတောင်းနေချင်မိရဲ့
ကျတော့အချစ်ကြောင့်တစ်စုံတစ်ယေါက်ထိခိုက်သွားမယ်ဆိုရင် ကျတော့ကိုကျတော်............
Jeon Jung Kook
--------//The prince of the blue sea//---------
အေးစိမ့်မှုနှင့်အတူ..ရုန်းကန်လာမိသည့် ခန္ဓာငယ်လေး..
Tae-အင့်..
တစ်ညလုံးနီးပါး jkက့ လှုပ်မရလောက်အောင်ဖတ်တွယ်ထားတာကြောင့် တစ်ကိုယ်လုံး.. မအီမသာ...
Taeအနည်းငယ်ရုန်းကြည့်တော့ သန်မာသည့်လက်အစုံကအနည်းငယ်ပြေလျော့လာသည်..
Taeလည်းထထိုင်လိုက်ပြီး..jkအား လှည့်ကြည့်လိုက်တော့.. မျက်နှာလေးကဖြူဖြူဖျော့ဖျော့လေး တောင်ဖြစ်နေလေရဲ့..
"နေမကောင်းသေးဘူးထင်တယ်"
လက်သွယ်လေးတွေနှင့် jk၏ပါးထပ် အသာလေးပွတ်သပ်ပြီး..ဖြူဖျော့နေတဲ့ နှုတ်ခမ်းပါးလေးအပေါ် မနမ်းတတ်နမ်းတတ်နှင့် ထိတယ်ဆိုရုံမျှ အနမ်းလေးတစ်ပွင့်ခြွေလိုက်သည်
အချစ်အတွက်အနမ်းကိုဖော်ပြတဲ့နေရာမှာ မပီပြင်ဖူးဆိုရင်တောင်...ရင်ထဲက လာတဲ့အချစ်စစ်မှန်တယ်ဆိုတာတော့ ပီပြင်ပါတယ်..
"ထယ်မသိဘူး ဘယ်လိုပြောပြရတာလဲ ဆိုတာလဲ ထယ်မသိဘူး။ ..ဂျုံးဂုကို ဖက်ထားချင်တယ်။ တူတူရှိနေရင် ပျော်တယ်။ အဲ့တာကိုဘယ်လိုပြောရတာလဲဟင်"
Tae ထိုနေရာမှထလာကာ jkနိုးလာရင်စားဖို့ရန် ပင်လယ်ထဲ ဆင်သွားးပြီး..အစာသွားရှာလေသည်
![](https://img.wattpad.com/cover/170399685-288-k845292.jpg)