Zawgyi
ချစ်တယ် ..တစ်ဘဝလုံးကိုတောင် ပေးဆပ်ပြီး ချစ်ရဲတာမို့လို့.. ဘယ်အရာကိုမှ မစဉ်းစားချင်တော့ဘူး..
ချစ်ရသူအတွက်ဆိုရင် အသက်စွန့်ရလည်း အပန်းမကြီးတာမို့လို့.. ဒီတိုင်းလေးပဲချစ်နေခွင့်လေးကို ပေးသနားပါ ဗျာ.....
-----//The Prince of the Blue Sea//----
သောက်ပြင်ထက်မှာ စိတ်လှုပ်ရှားမှုအပြည့် တွေ့ချင်စိတ် မြင်ချသ်စိတ်အပြည့်နှင့် သွက်လက်သည့်ခြေလှမ်းများဖြင့် လျောက်နေသော ကောင်လေးတစ်ယောက်..
သူ့ဘေးတွင်တော့ ထိုကောင်လေးကိုသာ ငေးပြီး ကြည့်နေသည့်ကောင်လေးတစ်ယောက်
"ပျော်တယ်..... တကယ်ပျော်ပါတယ်..ဂျုံးဂုအတွက် ထယ်ဆိုတာ အဲ့လောက် မက်မောစရာကောင်းနေတယ်ဆိုရင်ပဲ ထယ့်အတွက်လုံလောက်ပြီ"
Taeက. ကမ်းစပ် အရှေ့ရောက်တော့ ရပ်လိုက်ပြီး jkကိုမော့ ကြည့်လိုက်၏ jkကလည်း ရေသူထီးကဘယ်မှာလဲ ဆိုတဲ့ သဘောနဲ့ ပြန်ကြည့်လာသည်
Tae- --ဂျုံးဂု-- ဒီမှာနေခဲ့---- ဦးနော်---
Jk- မင်းဘယ်သွားမို့လဲ
Tae-ခဏလေးပါ---တကယ်ခဏပဲ--- --တွေ့ကိုတွေ့ရမှာ----
Taeက jkကိုကမ်းစပ်မှာထားခဲ့ပြီး.. တစ်လိမ့်လိမ့် ရိုက်ခတ်လာသည့်ရေလှိုင်းများကြား တစ်ဖြည်းဖြည်ုးမြုပ်သည်အထိဆင်းသွားလိုက်သည်
Jkကတော့ ဒီကောင်လေးဘာတွေလုပ်နေတာလဲ ဟူသည့်အတွေးများဖြင့်သာ...ကမ်းစပ်ပေါ်မှ ကြည့်နေတော့သည်
Jk ကြည့်နေသည့်အတောအတွင်းမှာပဲ
ရေလှိုင်းလုံးများကြား သူ့ဆီကို အမြီး လေးလှုတ်ခတ်ကာ ကူးခတ်လာနေသည့် ရေသူထီးလေးတစ်ကေင်အား jkအထိတ်တလန့် တွေ့လိုက်ရသည်။
အတည်တကျပြောရရင် လူတစ်ပိုင်းငါးတစ်ပိုင်း...ပိုပြီးအတည်အကျပြောရရင်အဲ့လူတစ်ပိုင်းငါးတစ်ပိုင်းက သူနဲ့ ရက်ပေါင်းများစွာကျွန်းပေါ်မှာနေခဲ့ကြသည့် ကောင်လေးဆိုသူ.
Jk အထိတ်တလန့်ဖြစ်ကာ အနောက်သို့ ဆုတ်ရင်း သောင်ပြင်ပေါ် ထိုင်ရက်လေးပြုတ်ကျသွားရသည်..