Jk-ဒီparkingမှာပဲထိုးပြီးအပေါ်တက်ရအောင်ထယ်Jung kookကပြောပေသော်ငြား..ဘာသိမှာလဲ
ဟုတ်ပါတယ်..သူမသိဘူးဆိုတာကော နားမလည်ဘူးဆိုတာကောဟုတ်တယ်..ဒါမဲ့.. ကျွန်တော်အလေးထားရတဲ့သူတစ်ယောက်အနေနဲ့.. တိုင်ပင်မိတာ.. နောက်လဲ အရာရာတိုင်းကို အလေးထားပြီးတိုင်ပင်နေဦးမှာ
သူဆိုတာကျွန်တော့ကိုချစ်လွန်းလို့ ကျွန်တော်လုပ်သမျှခံမဲ့သူမျိုး ရှင်းရှင်းပြောရရင် ကျွန်တော် ညှဉ်းဆဲရင်တောင်မှ ' ဂျုံးဂု.သဘောပါ'ဆိုပြီး ငြိမ်ခံနေမယ့်သူမျိုးဆိုတာ ဘယ်သူမှမသိရင်တောင်ကျွန်တော်ကောင်းကောင်းသိသည်။ ဒါကြောင့်မို့လဲသူ့ကိုမြတ်နိုးမိတယ် ကျွန်တော်ဆိုတာကလွဲရင် ကျန်တာကို ဘာမှမသိရှာတဲ့ဒီကောင်လေးကို တွယ်တာမိတာ ကျွန်တော့အမှားလား?
Jk-ထယ်!!ကိုယ့်ကိုကြည့်
ငုံ့ထားရမှာသူ့ကိုဖြေးဖြေးချင်းကြည့်လာသည် နေမထိ ရေမထိနေရ၍ လက်ချောင်းဖြူဖြူလေးတွေမှာ ပို၍ပင် နုနယ်ဖြူဖွေးလျက်ရှိ၏
Jk-လူများမှာထယ်!! ကိုယ့်နားကမခွာနဲ့နော်!
ခေါင်းငြိမ့်ပြသည်။ ပါးရဲရဲအိအိလေးကိုလက်နဲ့အသာလေးခပ်ဖွဖွဆွဲလိုက်တော့ လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ပြန်ပြုံးပြသည်။.. jkကားပေါ်ကအရင်ဆင်းလိုက်ပြီး..taeဘက်ကတံခါးကိုသွားဖွင့်ပေးလိုက်သည်။
Taeနဲ့jkတို့ ဓာတ်လှေကားအတိုင်းတက်လာကြပြီး..ကျောင်းဆောင်ရဲ့ထိပ်ဆုံးထပ်ကHallခန်းထဲဆီသို့သွားကြသည်။..
လူတွေစည်ကားနေပြီဖြစ်တဲ့Hallခန်းမကျယ်ထဲ ကျောင်းသားကျောင်းသူပေါင်းစုံ ပျားပန်းခတ်မျှ ပျော်ပျော်ပါးပါးစားသောက်နေကြ၏။ လူများနေရာတွေမှာ..ထင်းလင်းနေမဲ့ ကျွန်တော့ရဲ့ မင်းသားလေးကို.. ဘယ်သူ့မှ မပြချင်တာမို့
အနုပညာပစ္စည်းတွေ ပန်းချီတွေ အစရှိသဖြင့်ပြသထားတဲ့နေရာကို လက်ကလေးဆွဲပီးခေါ်သွားလိုက်သည်။ taeကတော့ လူတွေအများကြီးပဲမို့ ကြောက်ပေမဲ့ jkကသူ့လက်ကိုမလွှတ်တမ်းဆွဲထားသည်မို့ လုံခြုံသလိုခံစားရသည်။