💚12💚

2K 293 36
                                    


Zawgyi

Seoul National University
...  ....

ဒီနေ့ major ဟောပြောပွဲရှိသည်မို့..အတန်းချိန်များဖျက်ထားပေးသည်... ကျောင်းသားများပီပီ အတန်းချိန်မရှိဟုဆိုသည်နှင့် ဝမ်းပန်းတသာ..ထ မကရုံတမယ် ပျော်နေကြပြီး..ကိုယ့်အဖွဲ့နှင့်ကိုယ်.. စကားဝိုင်းကျနေကြသည်။

Jung kook တစ်ယောက်.ဆရာမရုံးခန်းပို့ထားခိုင်းသည့်..စာအုပ်များအား ပို့ပေးပြီး.. အခန်းထဲဝင်လာတော့ မတွေ့ချင်သည့်ထိုမျက်နှာလှလှပိုင်ရှင် Min Do Hee နှင့်တန်းကိုတိုးတော့သည်

Jung kook သူမကိုကျော်သွားလိုက်ပြီး.. သူ့နေရာတွင်သူဝင်ထိုင်လိုက်သည်... 

သူ့ရဲ့အကျင့်အတိုင်း နားထဲear phoneထည့်ပြီး.. နဲနဲလျောလျောထိုင်လိုက်ကာ မျက်စိမှိတ်ထားလိုက်သည်....

သူ့ရဲ့အပြုအမူအစအဆုံးကို.. ရှေ့ကနေလှည့်ကြည့်နေသည့်Do Hee အကြည့်တွေကိုအမှန်ပင်သူ့စိတ်ရှုပ်နေမိသည်.....

ဘယ်လိုရေစက်မျိုးပါလိမ့်ဟိုး အထက်တန်းကနေစပြီးအခု collegeထိ အတန်းတူတူတက်ခဲ့ကြတာတောင်သူငယ်ချင်းမဖြစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ဆက်ဆံရေး

ပြောရရင် jung kookဘက်ကသူငယ်ချင်းတော့ဖြစ်ချင်ခဲ့ဖူးတာအမှန်ပါ.. ဒါမဲ့ Do Hee ဘက်ကမဖြူစင်ခဲ့ဖူး..ဒါကိုကြိုသိတဲ့Jung kookက မတွေ့ဖြစ်အောင်သာရှောင်နေခဲ့တော့သည်.. အခုချိန်မှာတော့ပိုဆိုးသွားခဲ့ပြီ.. မနီးစပ်ခဲ့တဲ့ငါတို့နှစ်ယောက်ထပ်ပဲဝေးကြရအောင်..

"ထယ့်ကိုဖုန်းဝယ်ပေးထားရင်ကောင်းသား..သူလဲမပျင်းတော့ဘူး.. ငါလည်း..အားရင်ဆက်သွယ်လို့ရတယ်"

Hs- ဟျောင့် ဂျုံးဂု.!!ဘာတွေဖြစ်..တစ်နေ့လုံးငူငူငိုင်ငိုင်နဲ့

Jk-ဘာမှမဖြစ်ပါဘူး

Hs-ဘာမှမဟုတ်လဲပီးရောကွာ ငါအိပ်တော့မယ် ဟောပြောပွဲသွားခါနီးနှိုးလိုက်..ညကgameဆော့တာနဲနဲများသွားလို့ခေါင်းကိုက်နေတယ်..ဟီဟီး..

Jung kookကhoseokကို ခေါင်းသာငြိမ့်ပြပြီး ပြတင်းပေါက်အပြင်ဘက်ကိုငေးနေသည်။

Jk-ဟိုဆော့..

Hs-ဟွန်!!

Jk-မင်းကိုမေးမယ်? မင်းမှာလေ သိပ်ချစ်ရတဲ့ချစ်သူရှိနေတယ်..ပြီးတော့ မိဘတွေကအတင်းပေးစားတဲ့သူလဲရှိနေတယ် အဲ့တာဆိုမင်းဘယ်သူ့ကိုရွေးမလဲ

🌊The Prince of the Blue Sea 🌊Opowieści tętniące życiem. Odkryj je teraz