Ch-7

992 105 24
                                    

လက်ကလေး နောက်ဖွက်ကာ ကုကုရှိရာ ဆေးရုံအခန်းအတွင်းသို့ ဝင်လာသည့် ထယ်ထယ်

"ဟိတ်!ကိုကို့ရဲ့ ကုကုလေး..."

"ဗျာ..."

"ကုကုလေး ဗိုက်ဆာနေပြီလား...?"

"အင်း...ဆာတယ် ကိုကို...နောက်က ဘာဖွက်ထားတာလဲ"ဟုမေးကာ ကုကုလေး မျက်စိကစားနေတော့သည်။

"အင်းးးဒါဆို မှန်းကြည့်....ကိုကို ဘာဝယ်လာတယ်လို့ထင်လဲ?"

"စားစရာလား?ကုကု...စားဖို့လား?"

"အင်း..."

"အွန်းးး ဒါဆို မှန်းကြည့်မယ်လေနော့်"

မျက်မှောင်ကလေးကျုံ့၍ မေးစေ့လေးကို လက်ညှိုးလေးဖြင့် ပွတ်ကာ မုန့်ဖွက်ထားတဲ့ ထယ်ထယ့်အနောက်ကို သေချာ စူးစိုက်ကြည့်ရင်း...

"အင်းးးးးဘာမုန့်လဲဆိုတော့...ရေခဲမုန့်လား?"

"ဟင်...ကုကုနေမကောင်းတာကို ကိုကိုကရေခဲမုန့် ကျွေးစရာလား...မှားတယ်...နောက်တစ်ခါထပ် ခန့်မှန်း..."

"အွန်းးးး Banana milkတော့ ပါတယ်မှတ်လား?"

"ပါတာပေါ့...နောက်ထပ်ကိုကို ဘာတွေဝယ်လာသေးလဲ မှန်းကြည့်အုံး..."

"မမှန်းတတ်တော့ဘူးကိုကိုရ...မြန်မြန်ကျွေးပါတော့...ကုကုလည်း ဗိုက်ဆာနေပြီ...မအောင့်နိုင်တော့ဘူးရယ်"

ထယ်ထယ်လည်း ပြောမရတဲ့အဆုံး ကုကုလက်ထဲသို့ မုန့်တွေကို ထိုးပေးလိုက်တော့သည်။

"ဟွန်...ကုကုက ပျော်ဖို့လည်း မကောင်းဘူးကွာ...ရော့ စား!"

"ဟာ!ကိုကိုက...ကုကုကို မစားစေချင်လို့လား? ဆောင့်ကြီးအောင့်ကြီးနဲ့ !"

ထစ်ခနဲရှိ စိတ်ကောက်ဖို့ပဲ ချောင်းနေသော ကိုယ်တော်ချောအား ထယ်ထယ် အချိန်မနှောင်းခင် ပြန်ချော့ရတော့သည်။

"ဟာ...မဟုတ်ရပါဘူးဗျာ...ကိုကို့ မင်းသားလေးကလည်း စိတ်ကြီးပဲ...စိတ်မဆိုးပါနဲ့နော်... ကိုကိုက ဒီတိုင်း စလိုက်တာပါ...မီးယားနဲယို..."

ကုကုကတော့ ထယ်ထယ့်ကို ဘာမှပြန်မပြောဘဲ မျက်စောင်းထိုးပြီး နှုတ်ခမ်းကို ရှေ့သို့ တစ်တောင်လောက် ဆူထားလေရဲ့...

Candy {Desist}Where stories live. Discover now