နူးညံ့သော အနမ်းတို့၌ နှစ်ယောက်သား နစ်မြောနေမိရင်းမှ နှုတ်ခမ်းတို့အား ခွာလိုက်ကာ
ထယ်ထယ် နှုတ်ခမ်းထောင့်ကို လျှာနှင့်သပ်လိုက်သည်။
"ကိုကို့ ကုကုလေးက ဘယ်အချိန်ပဲ ဖြစ်ဖြစ် အရမ်း ချိုတယ်…"
ထယ်ထယ့်စကားကြောင့် ကုကု တော်တော် ကျေနပ်သွားပုံရသည်။ ဖြီးနေသော သွား၃၂ချောင်းတို့မှာ သက်သေပင်
"ကိုကိုထယ်…"
"ဗျာ…ဗျ"
"ကုကုရဲ့ အရာရာတိုင်းက အရသာရှိတယ်ဆိုတာ ကိုကိုသိသင့်တယ်လေ…"
လာပြန်ပြီ ဒီကလေးလေး…နောက်ဆုံးတော့လည်း ဒီဘူတာပဲစိုက်တာပါပဲ…ဒါ ကိုကို့စိတ်ကို တမင်သက်သက် စိတ်ကိုဆွနေတာပါ…ဟင်းးးး…
ထယ်ထယ်လည်း စိတ်ကိုလျော့ကာ
"အင်း…ကိုကို သိပါတယ်…ကဲ…လာသွားကြမယ်"
"တစ်ကယ်!??"ဟူ၍ တစ်ဖျတ်ဖျတ်ခတ်ကာ အရောင်တောက်သွားသော ကုကုလေးကြောင့် ထယ်ထယ် တားရပြန်သည်။
"ကုကုလေးရာ…ဘာတွေတွေးနေတာလဲ…ကိုကိုထယ်ပြောတာ ပြင်သွားကြမယ်လို့ပြောတာလေ"
"သြော်…"ဟု အသံထွက်ရေရွတ်လိုက်ကာ မျက်နှာကို ဆူပုတ်ကာ ရှေ့သို့ ကော့တော့ ကော့တော့နှင့် အရင်ထွက်သွားလေသည်။
ဖင်လုံးလုံးလေးတို့အား ဟိုတစ်ဖက် ဒီတစ်ဖက် ပစ်ပစ်၍ ခါသွားသော ကုကု၏ ပုံစံတို့မှာ ပုရိသကိုကိုများသာမက fujoshi မမများပါ ပြစ်မှားမိကြမှာ အမှန်ပင်…
ထယ်ထယ်လည်း ထိုလုံးလုံးလေးအား ကြည့်၍ ဖိုးသိုးဖတ်သတ် ဖြစ်နေရကုန်သော သူ၏ရင်အစုံတို့အား ဖိကာ နောက်မှ လိုက်ခဲ့ရတော့သည်။
လမ်းတစ်လျှောက်လုံး အရင်နှင့်မတူ တိတ်ဆိတ်ကာ နှုတ်ခမ်းဆူရင်း ဘေးမှပါလာသော ကုကုလေးကြောင့် ထယ်ထယ်လည်း မနေနိုင်မထိုင်နိုင်ဖြစ်ကာ ချော့ခန်းဖွင့်ရတော့သည်။
"ကုကုလေး…ဘာမုန့်စားမလဲ"
"…..…"
"ဒီမုန့်စားမလား…ကုကုလေး?"
YOU ARE READING
Candy {Desist}
Fanfictionချိုမြိန်တယ်...စားလို့လည်းကောင်းတယ်...ဒါပေမယ့်...သူ တစ်ယောက်တည်းသာ စားခွင့်ရှိတယ်... ဒီတော့ ပိုင်ရှင်ရှိတဲ့ candy လေးကို ဘယ်သူမှ လာစားလို့မရပါဘူး.........