ထယ်ထယ် အရက်ဘား တစ်ခုတွင် ဝင်ထိုင်ကာ ဘေးရှိ လူကြီးတစ်ယောက်အား
"ဘာကိစ္စလဲ?"
"ငါ့ကို ပိုက်ဆံပေး! ငါဆေးဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘူး!"
"ခင်ဗျား လွန်နေပြီ!အရင် တစ်ပါတ်ကလည်း ဝမ်ငါးသိန်းယူသွားသေးတယ် အခုလည်း……!!! တော်ပြီ။ ကျုပ်မှာ ခင်ဗျားကို ပေးစရာ ပိုက်ဆံလည်း ပါမလာဘူး။ ပြီးတော့ ပါလာရင်လည်း ကျွန်တော် မပေးနိုင်တော့ဘူး။ ကျွန်တော့်မှာ တစ်သက်လုံး တာဝန်ယူ စောင့်ရှောက်ပေးရမယ့် ချစ်သူရှိနေပြီ။ ကျွန်တော့် ဝင်ငွေကို ခင်ဗျားကြောင့်နဲ့ လုံးဝ အထိခိုက်မခံတော့ဘူး။ ဒီတော့ ခင်ဗျားဘဝနဲ့ ခင်ဗျားဘာသာ ရုန်းကန်နေလိုက်တော့!"
ထယ်ထယ် ပြောပြီးပြီးချင်း ဘားမှ ထသွားဖို့ လုပ်လိုက်သည်။
"မွေးရကျိုး မနပ်တဲ့ကောင်!မင်း ယူမှာက မိန်းမလည်း မဟုတ်ဘဲ စောက်ကြီးစောက်ကျယ် လာလုပ်နေတယ်။ လင်မြင်တော့ ဖအေကို ဖြစ်ချင်သလို ဖြစ်ဆိုပြီး ပစ်ခဲ့ပြီပေါ့!! အရွယ်ရောက်လာတော့ အတောင်စုံအောင် တပ်ပေးတဲ့လူရဲ့ ရင်ဝကို တည့်တည့် ကန်ပြေးတော့တာပဲ!!!"
"ကျွန်တော့်ကို မွေးခဲ့တာဆိုလို့ ကျွန်တော့်အမေ တစ်ယောက်ထဲရှိတယ်။ ကျွန်တော့်အတွက် အဖေဆိုတာ လွန်ခဲ့တဲ့ 10နှစ်လောက်ကတည်းက သေသွားပြီ။ ပြီးတော့ ကျွန်တော့်ချစ်သူကို ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုပြီး လိုက်ကန့်ကွက်နေစရာ ဘာအကြောင်းမှကို မရှိဘူး။"
"ငါ့ကို ပြန်ပြီး ဆရာလာမလုပ်နဲ့ မင်းက ငါ့သား။ ပြီးတော့ ငါ့သား ယူမယ့် လူကို အဖေတစ်ယောက်အနေနဲ့ ကန့်ကွက်ခွင့်၊သဘောတူခွင့်တွေ ရှိတယ်။"
"သားအဖဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ခုမှ ခင်ဗျားက ကန့်ကွက်မယ်၊သဘောတူမယ်လို့ ပြောနေရအောင်… ခင်ဗျားဘက်ကကော အဖေတစ်ယောက်ရဲ့တာဝန်ကို ကျေခဲ့လို့လား?? ခင်ဗျားဘက်က ကျွန်တော့်အတွက် ဘာတွေများ ပေးဆပ်ခဲ့ဖူးလို့လဲ??"
"………"
"ဖြေလေ!!!ခင်ဗျား ဖြေလေ!!ဘာတွေ တာဝန်ကျေခဲ့ဖူးလဲလို့!!"
ပြန်လည်ချေပ,စရာ စကားမရှိတော့သဖြင့် ခေါင်းငိုက်စိုက်ကျသွားသည့် ထိုလူ၏ ပုခုံးအား TaeHyung အားနှင့် လှုပ်ရမ်းကာ မေးနေမိသည်။
YOU ARE READING
Candy {Desist}
Fanfictionချိုမြိန်တယ်...စားလို့လည်းကောင်းတယ်...ဒါပေမယ့်...သူ တစ်ယောက်တည်းသာ စားခွင့်ရှိတယ်... ဒီတော့ ပိုင်ရှင်ရှိတဲ့ candy လေးကို ဘယ်သူမှ လာစားလို့မရပါဘူး.........