Ch-5

857 91 38
                                    

ထယ်ထယ့် လက်မောင်းပေါ်တွင် ခေါင်းအုံးကာ အိပ်ပျော်နေသော ကုကုအား ခေါင်းအုံးပေါ် ပြောင်းတင်ပေးခဲ့၍ ပူအိုက်နေသည်နှင့် ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

အင်္ကျီကို ချွတ်လိုက်ပြီး ရေချိုးခန်း shower ကိုဖွင့်ချလိုက်သည်။

အေးမြသော ရေတို့၏ အရသာကို ကိုယ်ပေါ်ကပ်စေပြီး ဆပ်ပြာအချို့နှင့် ခန္ဓာကိုယ်အနှံ့ ပွတ်လိမ်းလိုက်သည်။

ရေချိုးပစ္စည်းများ တင်ရန် ပြုလုပ်ထားသော တန်းပေါ်တွင် ခေါင်းလျှော်ရည် ဘူးမှ ခေါင်းလျော်ရည် အနည်းငယ်ကိုလက်ဖြင့်ယူလိုက်ပြီး ဆံပင်တို့အား ဖွကာပွတ်လိုက်သည်။ု

ရေများက အဆက်မပြတ်ကျရောက်နေသောကြောင့် ခေါင်းလျော်ရည်တို့ ထယ်ထယ့် မျက်လုံးထဲသို့ ဝင်လာကြတော့သည်။

"အာ့...ရှီး...စပ်လိုက်တာ..."

"ကိုကို!"

"ဟမ်...ဟာ ကုကု...!"

အသံမပေး ဘာမှပေးနှင့် ရေချိုးခန်းထဲဝင်လာသော ကုကုကြောင့် ထယ်ထယ် တန်းပေါ်တွင် တင်ထားသော သဘက်အား လှမ်းယူကာ သူ၏ဖွားဖက်တော်လေးအား အမြန်အုပ်လိုက်ရသည်။

ခုမှကြည့်မိသည်...ကုကု လည်း ဘာမှမဝတ်ထားပေဘူးပဲ...

ထယ်ထယ်လည်း အံ့သြနေ၍ ကုကုအား ကြောင်တောင် ကြည့်နေမိသည်။အသိပြန်ဝင်လာတော့မှ မျက်လုံးကို စုံမှိတ်လိုက်ရင်း...

"ကုကု!ဘာလို့ အကုန်ချွတ်ထားတာလဲ!ပြန်ဝတ်...အပြင်ထွက်ကွာ...ကိုကို ရေချိုးနေတယ်လေ"

"ဟို...ဟိုလေ...ကုကုလည်း အိုက်လို့...ကိုကိုနဲ့ ရေတူတူချိုးချင်လို့ပါ..."

"ဟာ...မရဘူးလေကွာ...ကုကုချိုးမယ်ဆိုရင်လည်း လာလာ...ကိုကို ထွက်ပေးမယ်"

"တူတူ...လို့"

"မရဘူးကွာ...ကိုယ့်ဘာသာကိုယ်ချိုး"ဟု ပြောကာ အပြင်ထွက်ဖို့လုပ်လိုက်တဲ့ ထယ်ထယ့်ရှေ့တွင် ကုကုပိတ်ရပ်ကာ ရေချိုးခန်းတံခါးကို lock ချလိုက်သည်။

*ဂျလောက်*

"ဟာ...ကုကု...ဖယ်!"

"မဖယ်ဘူးဗျာ...ကုကုနဲ့တူတူရေချိုးပေး..."ဟု ဆိုရင်း ထယ်ထယ် ပတ်ထားတဲ့ bath towel ကိုဆွဲ ချွတ်ချလိုက်သည်။

Candy {Desist}Where stories live. Discover now