"ကိုကို့~~"
ယခင်ကြားနေကျ ချွဲ့နွဲ့ပြီး ခေါ်တတ်တဲ့ ကုကုရဲ့ ရုံးပတီသီး အသံလေး...
"အင်း...ကုကုလေး..ပြင်ပြီးသွားပြီလား?"
"ပြင်ပြီးပြီ...ကိုကို။ကုကု...ဒီ ပုံစံနဲ့လိုက်လား?"
ဝတ်ထားသည့် shirt အင်္ကျီစကို ပြဲကုန်တော့မည့်တိုင် ဖြန့်ပြနေသည်မှာ တစ်ကယ့်ကိုကလေးပေါက်စ လေးပုံစံပင်...
Jean ဘောင်းဘီအရှည်ကို ဒူးအပေါ်အထိ ခေါက်တင်ထားသည့်အတွက် သွယ်လျဖြူဖွေးသော ခြေသလုံးတို့မှာ အမွှေးအမျှင်မရှိဘဲ ကုန်းကိုက်ချင်စရာ ကောင်းလှသည်။
ကုကုကို ထယ်ထယ် မမှိတ်မသုန် စိုက်ကြည့်နေသည်မှာ မျက်လုံးများ ပြုတ်ကျမတက်...
"ချစ်တယ်"
ဘာမဆိုင်၊ညာမဆိုင် "ချစ်တယ်"ဟု အပြောခံလိုက်ရသဖြင့် ကုကု မျက်လုံးဧရိယာပင် ကျယ်သွားရသည်။
မစေ့ထားသော ကုကုရဲ့ နှုတ်ခမ်းနှစ်လွှာမှာ ပိတ်ကို မပိတ်တော့ချေ...။
ထယ်ထယ်လည်း ကြောင်တောင်တောင်ဖြစ်နေတဲ့ ကုကုအနားကို သွားကာ ကုကုရဲ့သေးသွယ်တဲ့ ခါးလေးကို သိမ်းကာဖက်လိုက်သည်။
နေရာလပ်မရှိသည့်တိုင် ထိကပ်နေသည့် ရင်ဘတ်အစုံမှ ရင်ခုန်သံတို့မှာ ဆိုင်းဝိုင်းအလား ဝုန်းဒိုင်းကျဲနေကြသည်။
အခုန်လွန်ကာ ရင်ဘတ် အသွေးအသားကိုဖောက် အပြင်သို့ ထွက်၍ ရင်ခွင်နှစ်ခုမှ နှလုံးသားတို့ နေရာချင်းပင် လဲသွားကြမလားဟူ၍ စိုးရိမ်ရသေးသည်။
"ကို!ကို..."
ထယ်ထယ် ကုကုလေးရဲ့ခါးကို အရမ်းဆွဲညှစ်လိုက်လို့လားပင်မသိ ထွက်ကျလာသော အသံ အိစိစိ လေးကြောင့် ထယ်ထယ်မှာ အရည်ပျော်ရပြန်သည်။
လွန်စွာ အသည်းယားဖို့ကောင်းနေသော ကုကုလေးရဲ့ နှာခေါင်းလုံးလုံးလေးတို့ကို ထယ်ထယ် သကြားလုံးသဖွယ် အမြင်မှား၍ ကိုက်မိလိုက်သည်။
"အ့!"
ထယ်ထယ့်အား "ဘာလုပ်တာလဲ" ဆိုသည့်ပုံစံဖြင့် ကုကု မျက်လုံးလှန်ကာ မော်ကြည့်လာသည်။
YOU ARE READING
Candy {Desist}
Fanfictionချိုမြိန်တယ်...စားလို့လည်းကောင်းတယ်...ဒါပေမယ့်...သူ တစ်ယောက်တည်းသာ စားခွင့်ရှိတယ်... ဒီတော့ ပိုင်ရှင်ရှိတဲ့ candy လေးကို ဘယ်သူမှ လာစားလို့မရပါဘူး.........