Epi-1

9.2K 327 33
                                    



မိုးကတဖြောက်ဖြောက်ရွာနေသည်။ တော်တော်နဲ့မစဲနိုင်သေးသောမိုးကို စာသင်ခန်းထဲမှ လှမ်းကြည့်ရင်း Jimin စိတ်ညစ်နေမိသည်။
ဒီနေ့အိမ်မှာ Omma မွေးနေ့ထမင်းလက်ဆုံစားကြမည်ဆိုကာမှ မိုးကရွာ ထီးကပါမလာပေ... စိတ်အိုက်အိုက်နှင့်တွေးနေစဉ် ကျောင်းဆင်းခေါင်းလောင်းထိုးသွားသည်။

Ding-dong ~~~~~~
Ding-dong ~~~~~~
Ding-dong ~~~~~~

ကျောင်းဆင်းခေါင်းလောင်းထိုးပြီမို့ ဆရာမကိုနှုတ်ဆက်ကာ စာအုပ်များသိမ်းဆည်းပြီး အတန်းထဲမှ ထွက်လာခဲ့သည်။ Jimin ကအနေအေးသော်လည်း သဘောကောင်းသူမို့ ကျောင်းမှသူငယ်ချင်းများကချစ်ကြသည်။ ဆရာမများကလည်း Jimin ဆိုလျှင်ချစ်ကြသည်။ အမြဲပြုံးနေတတ်ပြီး ရယ်လိုက်လျှင်မျက်လုံးလေးများပိတ်သွားတတ်သောကောင်လေးက စာတော့ထူးချွန်တဲ့ထဲတွင်မပါပေ။ အလယ်အလတ်အဆင့်တွင်ရှိပြီး တစ်နှစ်တစ်တန်းမှန်မှန်အောင်နေသော Jimin ကို မိဘများကလည်းအပြစ်မပြောပါ။

" Jimin ပြန်ပြီလား "

လှမ်းမေးသော သူငယ်ချင်းတစ်ယောက်ကို ခေါင်းတစ်ချက်ဆတ်ကာပြုံးပြလိုက်ပြီး ကျောင်းအမိုးပြင်ဘက်ထွက်လာလိုက်သည်။ထီးလည်းမပါတော့ လွယ်အိတ်ကိုခေါင်းပေါ်တင်ပြီး ကျောင်းနှင့်အတန်ငယ်လှမ်းသောအိမ်သို့ ခပ်သွက်သွက်ပြေးသွားရန် ဟန်ပြင်လိုက်စဉ် ကိုယ်ပေါ်သို့ကျနေသောမိုးစက်များ ရုတ်တရက်ရပ်သွားသည်။ဘေးကိုကြည့်လိုက်တော့ ...

" Appa !!!  "

" သား ထီးမယူသွားဘူးဆိုပြီး သား Omma ဖုန်းလှမ်းဆက်လို့ Appa သားကိုလာကြိုတာ "

" သားကမနက်က နေသာနေတော့မယူလာမိတာ Appa ရဲ့ "

" အေးပါ လာ... ကားဆီမြန်မြန်သွားရအောင် Appa ဗိုက်ဆာနေပြီ "

" သားလည်းဗိုက်ဆာနေပြီ Appa "

" ဟား ဟား ဟား လာလာသွားကြမယ် "

သားအဖနှစ်ယောက်သား တစ်ပတ်နွမ်းကားလေးဆီသုတ်သုတ်လေးပြေးသွားကြပြီး အိမ်သို့ချီတက်သွားကြသည်။
အိမ်ရှေ့ရောက်သည်နှင့် မွှေးကြိုင်သောဟင်းနံ့များကကြိုဆိုနေသည်။ Omma ဒီနေ့အပင်ပန်းခံထားတာပဲ။
Jimin တွေးလိုက်ရင်း မီးဖိုချောင်ထဲတန်းသွားလိုက်သည်။ Omma ကိုနောက်မှသိုင်းဖက်ကာ

Just ... Let me Love You   { Yoonmin }  ZawgyiWhere stories live. Discover now