" အို အိုး အူး ဝိုး... အိုး အိုး အူး ဝိုး ဝိုး.. အို အိုး အူး ဝိုး..... "မှန်ရှေ့မှာ ဆံပင်ကိုသပ်လိုက် ဘီးနဲ့လှန်တင်လိုက် ပြန်ချလိုက်လုပ်နေသော Jimin မျက်နှာကို Yoongi မမြင်ရပေမယ့် အသံကြားနေရုံနဲ့တင် မြင်ပြင်းတွေကတ်လာရသည် ။ ကိုယ့်အခန်းထဲကိုယ်အိပ်နေတာဆိုပေမယ့် အာရုံကအပြည့်အဝ သူ့ဆီပေးထားတာမို့ သူဘာလုပ်နေတယ်ဆိုတာ သိနေခြင်းဖြစ်သည်ပေါ့ ။
ဒါပဲလေ... ဒီနေ့က Yoongi ခေါင်းကပတ်တီးဖြေရမယ့်နေ့ ။ Jimin လုပ်ပေးနေရတဲ့ Yoongi ရဲ့ဝေယျာဝစ္စတွေ အဆုံးသတ်တဲ့နေ့ ။ အိမ်ထဲမှာဟိုဟိုဒီဒီမပြေးရတော့ဘဲ Yoongi ကိုပစ်ပြီး စိတ်ကြိုက်သွားလို့လာလို့ရတဲ့အချိန်ကို ပြန်ရောက်တဲ့နေ့ ။
ဒီနေ့မှာမှ Jimin သီချင်းမဆိုရင် တစ်နှစ်လုံးဆိုဖြစ်မှာမဟုတ်တော့ဘူး ။ ဒီလိုနေ့ထူးနေ့မြတ်က ပျော်စရာ ရွှင်စရာ celebrate လုပ်စရာအခါသမယပဲဖြစ်တယ်လေ ။ Yoongi သိပ်သိတာပေါ့ ။ သိလွန်းလို့လည်းအိပ်နေရခြင်းဖြစ်သည်ပဲလေ ။
သူမလိုက်ချင်ပါ ။ အဲဒီဆေးရုံကို ၊ သူ့ကိုပတ်တီးဖြေပေးမယ့်ဆရာဝန်ဆီ တစ်စက်တောင်မလိုက်ချင်ပါဘူး ။ ပတ်တီးစည်းထားရင် အနည်းဆုံးတော့ ခေါင်းကိုက်ကိုက် မကိုက်ကိုက် ဟိုပုကျိကို သူအပေါ်ဂရုစိုက်ခိုင်းနိုင်သည် ။ အခုတော့သူဇိမ်ကျရသမျှ ၊ သူလိမ်ထားသမျှက သဲထဲရေသွန်ဖြစ်ရတော့မည် ။
" Hyung.. Yoongi Hyung ထတော့လေ ၊ ဒီနေ့ပတ်တီးဖြေရမယ်လေ Hyung ၊ လာ ဆေးရုံမှာတန်းစီစောင့်နေရဦးမယ် စောစောသွားရအောင်နော် "
< ဘာလို့သွားရမှာလဲ ၊ သွားချင်ရင်မင်းဘာမင်း တစ်ယောက်တည်းသွားပြီး ပတ်တီးသွားဖြေလိုက် >
စိတ်ထဲကပွစိပွစိပြောနေသော်လည်း အပြင်ဘက်တွင်တော့ Yoongi တုတ်တုတ်တောင်မလှုပ် ၊ အိပ်ပျော်ချင်ယောင်သာဆောင်နေလိုက်သည် ။ Park Jimin မင်းနှိုးစမ်း ...
" Hyung.. အာ ဒီ Hyung ကတော့အိပ်ချင်ယောင်ဆောင်နေပြန်ပြီ ၊ ထပါတော့ဗျာ ပြီးရင်ဆေးရုံမှာအကြာကြီးစောင့်နေရလိမ့်မယ် "
Jimin ရဲ့မပြီးဆုံးနိုင်သေးသော ဗျစ်တောက်ဗျစ်တောက်လုပ်မှုတွေကြောင့် Min Yoongi တစ်ယောက် အိပ်ယာမှထကာ ဆေးရုံသို့လိုက်လာခဲ့ရတော့သည် ။ ထုံးစံအတိုင်း မျက်နှာကတော့ဆူပုတ်လျက်ပင် ။
ESTÁS LEYENDO
Just ... Let me Love You { Yoonmin } Zawgyi
FanficMin ¥oon Gi x Park Jimin Jeon Jungkook x Kim Taehyung Kim Namjoon x Kim Seokjin ¥oonmim Taekook Namjin £ove story between them !!! This is my first creation and if you have some difficulty in reading my work, plz understand me...