Epi-3

2.5K 232 44
                                    



" Ommmmmmmmmaaaaaaaaaaaaaaaaaa  အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် Jimin သွေးပျက်ကာအော်လိုက်မိသည်။ အော်သံကြောင့် ထိုအမည်းကောင်လန့်သွားပြီး ခြေချော်ကာဖင်ထိုင်ရက်ပြုတ်ကျသွားတော့သည်။ Jimin သေချာကြည့်လိုက်တော့ အမည်းကောင်က အကျီင်္ဘောင်းဘီအနက်ကို Hoodie အနက်အပေါ်ကထပ်ဝတ်ပြီးခေါင်းဆောင်းထားကာ မျက်နှာကို Mask အမည်းတပ်ထားသော လူဖြစ်နေတော့သည်။ Jimin လန့်လို့မပြီးသေးခင် သူ့အသံစူးစူးက ငှက်ဆိုးထိုးသလို နားထဲထော်လော်ကန့်လန့်ဝင်လာသည်။

" Yahhhh ၀က်ပုကောင် မင်းဘယ်လိုလုပ်လိုက်တာလဲ "

ဘယ်ဟာကြီးက ဘာဖြစ်သွားတယ်။ "၀က်ပုကောင်"  ဟုတ်လား။ Jimin စိတ်တိုတိုဖြင့် မတ်တပ်ထရပ်လိုက်ပြီး စက်ဘီးကိုထူလိုက်သည်။ စက်ဘီးနောက်ခုံကခြင်းထဲတွင်တော့ စည်းလာသောဟင်းသီးဟင်းရွက်များက အပြင်သို့ထွက်ကာ မြေပေါ်တွင်ပြန့်ကျဲနေလေသည်။ ဘွားရဲ့ဟင်းသီးဟင်းရွက်များကို ပထမဆုံးပို့သောနေ့တွင်မှ ဒီလိုဂြိုဟ်ဆိုးကောင်နှင့်တွေ့ရတယ်လို့။ Jimin စိတ်တိုတိုဖြင့် စကားတစ်ခွန်းမှပြန်မပြောဘဲ မြေပေါ်တွင်ကျနေသော အသီးအနှံများကိုကောက်ကာ ခြင်းထဲစနစ်တကျထည့်လိုက်သည်။ ဟင်းရွက်စည်းလေးများက ခြင်းတောင်းထဲတွင် မျက်နှာငယ်စွာဖြင့် Jimin ကိုမော့ကြည့်နေကြသည်။ ဒီနေ့တော့ သူတို့ဈေးထဲမရောက်တော့ဘူးပေါ့လေ ။

" Yahhh မင်းနားကန်းနေလား ဒါမှမဟုတ် စကားပြန်မပြောတတ်တာလား ဒီမှာမင်းကြောင့်ငါလဲသွားတာ မင်းပြန်တောင်းပန်လေ "

အောင်မယ် သူကပဲတစ်ပြန်ကြီး ... တောင်းပန်ခံချင်နေသေးတယ် ။ ဒါမျိုးတော့မရဘူး။ ဘယ့်နှယ်....  လူကသူ့ကိုရှောင်လို့လဲသွားတာကို ထူမပေးတဲ့အပြင် သူကပဲအော်ရတယ်ရှိသေး။ Park Jimin တဲ့။ တစ် Min ထဲရှိတယ်။ နှစ် Min ရှိရင် ကြက်ဥထဲ ထည့်လိပ်ပြီးကြော်စားပစ်လိုက်မယ်။ ဘာမှတ်နေလဲလူကို။ ရုပ်ချောတယ်ဆိုပြီး ဒီလိုလာလုပ်လို့တော့မရဘူး။ လူကို ' ၀က်ပုကောင်' လို့လည်းခေါ်သေး။ တစ်ခါပဲသည်းခံမယ် နှစ်ခါတော့ မရတော့ဘူး။ ဟွန်း ........

Just ... Let me Love You   { Yoonmin }  ZawgyiWhere stories live. Discover now