ဒီနေ့ကသောကြာနေ့ ၊ ဆရာမပြောထားတဲ့ အားကစားပြိုင်ပွဲတွေအတွက် PT ချိန်ပါတာမို့ ဖြေးညှင်းလေးကွေးသောခြေလှမ်းတွေနဲ့ Jimin အိမ်ကနေထွက်လာခဲ့သည်။ ဒီအားကစားပြိုင်ပွဲကို ကောင်းကောင်းပျော်ရမှာပဲလို့ထင်ထားခဲ့ပေမယ့် ကိုယ့်ပါတနာဖြစ်လာတဲ့ အမည်းကောင်ကြောင့် Jimin ထင်သလောက်ပျော်ရမှာမဟုတ်ဘူးလို့ပင် တထစ်ချတွက်ထားလိုက်သည်။လမ်းဆုံကစောင့်နေသော Taehyung ကတော့ Jimin ကိုတွေ့သည်နှင့်လက်လှမ်းပြကာ ခုန်ဆွခုန်ဆွနှင့်အတင်းအော်ခေါ်နေတော့သည်။" Jiminah ဒီမှာ ဒီမှာ ငါဒီမှာ .... "
" မင်းအရပ်ထော်လော်ကန့်လန့်ကို ငါမြင်ပါတယ်ကွ "
" ဟား ဟား ငါကဒီလောက်မရှည်ပါဘူး မင်းကိုကပုလို့ပါ "
သူ့အရပ်ကိုလာထိခိုက်သောကြောင့် Jimin မျက်စောင်းလှမ်းထိုးတာမို့ Taehyung ကရယ်သည်။သူငယ်ချင်းပုစိလေးကို ပုခုံးကဆွဲဖက်လိုက်ပြီးမှ မုန့်ကျွေးမယ်ဟုချော့ပြီးပြောလိုက်ရသည်။ Jimin နဲ့ Taehyung ကခင်တာမကြာသေးပေမယ့် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများလို စိတ်ချင်းကတူကြသည်။ အကြိုက်လည်းတူသလို ဝါသနာပါတာချင်းလည်းတူကြသဖြင့် ရက်ပိုင်းအတွင်းမှာပဲ တော်တော်ခင်မင်သွားကြခြင်းဖြစ်သည်။အခုလည်း Taehyung မုန့်ဝယ်ကျွေးမည်ဆိုသောကြောင့် Jimin တစ်ယောက်ပျော်သွားပြီး ကျောင်းကန်တင်းဆီရောက်ဖို့ အလျင်အမြန်သွားနေသောကြောင့် Taehyung မှာမနည်းလိုက်နေရသည်။
" Taehyung-ah ငါဘာဂါစားမယ် ၊ မင်းကရော ဘာစားမှာလဲ "
ကန်တင်းရောက်တာနဲ့ Park Jimin တို့အသံစာစာကထွက်လာသည်။ Taehyung ကတော့ခုံဦးနေရင်းမှ sandwich စားမယ်ဟုလှမ်းပြောတာမို့ Jimin ဘာဂါရော sandwich ရောကိုလင်ပန်းပေါ်တင်ပြီး အအေး ၂ ဘူးကိုလက်ကပိုက်ကာ မနိုင်မနင်းနဲ့လှည့်ထွက်လာစဉ်
" Hyung ကျွန်တော်က sandwich နဲ့ sprite "
အသံစီစီကိုကြားလိုက်တာမို့ ဘေးကိုကြည့်လိုက်တော့ အမည်းကောင်။ မုန့်လင်ပန်းနဲ့ အအေး၂ ဘူးကိုပိုက်ကာ မနိုင်မနင်းဖြစ်နေသော Jimin ကိုသူကမျက်မှောင်ကြုတ်ပြီးကြည့်နေသည်။ Jimin လည်းခပ်တည်တည်နှင့်ပင် ထွက်လာပြီး Taehyung ဦးထားသောခုံနေရာသို့ဝင်ထိုင်လိုက်သည်။ ဘေးကခုံမှာတော့ sprite ကောင်းကြောင်းချီးမွမ်းခန်းဖွင့်နေသော Hobi hyung ၊ သူပြောသမျှကို နားထောင်နေဟန်နှင့် အကြည်စိုက်နေသော King တို့အတွဲနှင့် Taehyung အသက်တစ်ခါရှူတိုင်း တစ်ခါကြည့်နေသော ယုန်ဗလကြီး ။ Park Jimin ရေ မင်းကသူတို့နဲ့တစ်ကျောင်းတည်းဆိုတော့ ဒီလောက်တော့ဆုံမှာပေါ့ကွာ ။ သူတို့လည်းကန်တင်းမှာ ခုံမရှိလို့မင်းဘေးကိုရောက်လာတာနေမှာ မှာ ပါ ပါ ..... ဟင် .... ခုံအလွတ်တွေလည်းအများကြီးပဲ။
YOU ARE READING
Just ... Let me Love You { Yoonmin } Zawgyi
FanfictionMin ¥oon Gi x Park Jimin Jeon Jungkook x Kim Taehyung Kim Namjoon x Kim Seokjin ¥oonmim Taekook Namjin £ove story between them !!! This is my first creation and if you have some difficulty in reading my work, plz understand me...