Beautiful Warning 🚫🚫🚫Yoongi တစ်ယောက်ခပ်လှမ်းလှမ်းကနေ Jimin ကိုလှမ်းကြည့်နေရင်း ပါးစောင်ကိုလျှာနဲ့ထိုးနေသည်မှာ ပါးတွေပင်ပေါက်ထွက်တော့မည်။နဂိုအသားဖြူသူမို့ ဒေါသကြောင့်အသားတွေနီနေတာက ခရမ်းချဉ်သီးမှည့်တစ်လုံးလိုပင်။ သူကြည့်နေတာမသိသော သူ့အသဲကျော်ကတော့ ကောင်မလေးတစ်ယောက်နဲ့ပြုံးရယ်ပြီး စကားတွေဖောင်ဖွဲ့နေသည်မှာ မပြီးနိုင်တော့။ဒီလောက်သူမမြင်နိုင်တဲ့ခပ်လှမ်းလှမ်းကကြည့်နေတာတောင် jiminie ရဲ့အပြုံးကိုသိသိသာသာမြင်နေရသည်။မျက်လုံးလေးများပိတ်သွားသည်အထိ ဖောဖောသီသီရက်ရက်ရောရောပြုံးပြနေသောကောင်လေးဟာ သူသဘောကျရတဲ့ကောင်လေးမဟုတ်ရင်တော့ အဲ့နားမှာတင် ဖင်လုံးလုံးလေးကို Yoongi ပြေးကန်ပြီးနေလောက်ပြီ။ ဘယ့်နှယ် လူတစ်ယောက်ကဒီလောက်ထိအပြုံးချိုစရာလိုလို့လား ? အပြုံးတွေလှိုင်လှိုင်ရနေတဲ့ ဟိုကောင်မလေးကလည်း သူစကားပြောနေတာ တစ်မိုးအောက်တစ်ယောက် Min Yoongi ရဲ့ကောင်လေးဆိုတာမေ့များနေသလားမသိ။ငါ့လူကိုငါတောင်ကြည့်လို့မဝသေးတာ အမိတို့ကဒီလိုအခွင့်အရေးအပြည့်ရနေတာမျိုးကိုတော့ လက်မခံနိုင်ပါဘူးနော် ။ အတွေးနဲ့ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း Jimin စကားပြောနေတဲ့နေရာဆီ Yoongi လျှောက်သွားလိုက်သည်။
" ကလေး ဘာတွေပြောနေတာလဲ ၊ အားရပါးရပြောနေလိုက်တာ ကိုယ့်ကိုတောင်မမြင်တော့ပါလား "
" အော် Hyung မဟုတ်ဘူး ၊ သူက ကျွန်တော်နဲ့အတူ dance အချိန်မှာပါတနာလေ၊အခုလည်း ကကွက်ပုံစံအကြောင်း ပြောရင်းရယ်နေကြတာ "
" ဟင် ကလေးပါတနာကမိန်းကလေးဆိုတာ ကိုယ်လည်းမသိပါလား ၊ စကားပြောပြီးရင်လည်း ကန်တင်းသွားမယ်လေကလေး ၊ ကိုယ်ဗိုက်ဆာနေပြီ "
ကောင်မလေးဘက်ကို ခပ်တည်တည်လှည့်ကြည့်ပြီးပြောလိုက်တာမို့ အကင်းပါးသော Jimin က Yoongi ဆိုလိုရင်းကိုနားလည်သွားသည်။
" အော် ကျွန်တော်အကချိန်ဆိုရင် Hyung တို့က piano သင်နေတာလေ ၊ကျွန်တော်လည်းအစမို့မပြောဖြစ်သေးတာ ၊ ဒါဆို Dasong ငါတို့သွားလိုက်ဦးမယ်နော် နက်ဖြန်မှအကချိန်မှာတွေ့ကြတာပေါ့ "
YOU ARE READING
Just ... Let me Love You { Yoonmin } Zawgyi
FanfictionMin ¥oon Gi x Park Jimin Jeon Jungkook x Kim Taehyung Kim Namjoon x Kim Seokjin ¥oonmim Taekook Namjin £ove story between them !!! This is my first creation and if you have some difficulty in reading my work, plz understand me...