Epi-17

1.7K 186 99
                                    





" Hyung ရယ်ဘာလို့အဲ့လောက်အော်လိုက်ရတာလဲ လည်ချောင်းတွေဘာတွေနာကုန်မှဖြင့် "

" ငါမအော်ရင် မင်းတို့ကရပ်မှာလား Jungkook ၊ ဟို Park Jimin ဆိုတဲ့ကောင်ကလည်း ဆွဲဖို့သွားတဲ့သူကရန်ဝင်ဖြစ်နေရတယ်လို့ ။လူကသာသေးတာ လက်သံပြောင်သလားမမေးနဲ့ အောက်ကကောင်ကမျော့နေပြီ ၊ Yoongi Hyung ကလည်း Jiminie ကိုဆွဲနေရင်းသူ့လာထိုးတော့ သူကပြန်ထိုးတယ် ၊ Namjoon Hyung နဲ့ Hobi Hyung ကလည်းဆွဲမယ်မရှိဘူးပြေးထိုးမယ်ဆိုတာချည်းပဲ၊ Jin Hyung ကလည်းဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ ဘာလုပ်နေမှန်းမသိဘူး ၊ ငါနဲ့ Daehwi ဘယ်လောက်လန့်သွားလဲသိလား ၊ အဆိုးဆုံးကမင်းပဲ  Jungkook  ရောက်တာနဲ့ပြေရာပြေကြောင်းပြောမယ်မရှိဘူး ၊ လူကိုအရင်ပြေးကန်တာပဲ ဟူး တစ်ကယ်ပဲမောလိုက်တာ ငါ့ကိုရေဘူးပေးဦး "

ပြောပြီးသွားတာနဲ့ Jungkook ပေးသောရေဘူးကိုဆွဲယူပြီး တဂွပ်ဂွပ်မော့သောက်နေသော Taehyung ကိုသူတို့အားလုံးမျက်နှာငယ်လေးတွေနဲ့ကြည့်နေကြသည်။သူပြောသွားတာတွေကလည်းဟုတ်နေတာကို။ ကျန်တာမရပေမယ့် ပေါင်းသင်းဆက်ဆံရေးတော့ ညက်လှသည့် Taehyung ကရန်ဖြစ်သောကျောင်းသား ၅ ယောက်ကို ပြေလည်ရာပြေလည်ကြောင်းတောင်းပန်ပြီး Jimin ခွထိုးတာခံလိုက်ရသောကျောင်းသားကို Yoongi ဆီမှပိုက်ဆံယူကာ လျော်ကြေးများများလေးပေးပြီးတောင်းပန်လိုက်တာမို့ ရန်ပွဲကကျောင်းအထိမရောက်ဘဲ အေးအေးဆေးဆေးပင်ပြီးသွားခဲ့သည်။

အခုတော့ကောင်းသည်လေ သူတို့ ၈ ယောက်လုံးကျောင်းကိုနေ့တစ်ပိုင်းပျက်သွားကြတာပေါ့။ ကျောင်းမှာကျန်ခဲ့သောလွယ်အိတ်တွေကို Jungkook နဲ့ Hobi ကပြန်ယူပြီး သူတို့အကုန်လုံး Namjoon အိမ်ကိုချီတက်လာကြတာဖြစ်သည်။ အိမ်မှာတော့ ဆိုဖာပေါ်ထိုင်နေသော Taehyung ကိုအောက်ကြမ်းမှာထိုင်နေကြသောသူတို့က မော့ကြည့်ပြီး မှာတမ်းချွေဆုံးမနေတာကို နားထောင်နေရတာဖြစ်လေသည်။

Taehyung ပွစိပွစိပြောနေတာကို အကုန်နားထောင်နေကြသော်လည်း Yoongi ကထပြီးအပေါ်ထပ်သူအိပ်နေကျအခန်းဆီတက်သွားတာမို့ နောက်က Jin နဲ့ Namjoon ကပါလိုက်သွားလေသည်။ Jimin ကတော့လိုက်သွားဖို့လုပ်ပြီးမှ ခနဆက်ထိုင်နေလိုက်သည်။ သူတက်သွားတော့ Jin Hyung တို့တောင်ပြန်ဆင်းလာပြီ။ Taehyung ဘယ်လောက်စကားများလဲ အဲ့ဒါသာကြည့်ပေတော့ပဲ။

Just ... Let me Love You   { Yoonmin }  ZawgyiTempat cerita menjadi hidup. Temukan sekarang