Epi-9

1.8K 213 55
                                    




မနက်ပိုင်းနှိုးစက်သံကြောင့် Jimin နိုးလာခဲ့သည်။ အိပ်ချင်နေသော်လည်း ကျောင်းအားကစားပွဲအတွက်လေ့ကျင့်ရမည်ကို သတိရမိသောကြောင့် အိပ်ယာမှလူးလဲထလိုက်မိသည်။ညတည်းကလျှော်ထားသော Yoongi အကျီကိုတစ်ချက်ကြည့်ကာ Jimin ရေချိုးခန်းထဲဝင်လိုက်သည်။ရေမျိုးချိုးသန့်စင်ပြီးလို့ လွယ်အိတ်ထဲသူ့အကျီထည့်ကာ ဆင်းလာတော့ ဘွားကမနက်စာတောင်ပြင်ပြီးနေလေပြီ။

" ဘွားမြေးလေးနိုးပြီလား ၊ ဘယ်သွားမလို့လဲမြေး ပြင်ဆင်ပြီးတော့ "

" သားကျောင်းသွားရမယ်ဘွား ၊ ကျောင်းအားကစားပြိုင်ပွဲအတွက် သောကြာနေ့ညနေနဲ့ စနေတနင်္ဂနွေမနက်တွေလေ့ကျင့်ရမယ် ၊ ဘွားကိုမနေ့ကပြောမလို့ပဲ၊ သားမနေ့ညကပြန်တာနောက်ကျလို့မပြောဖြစ်တာ "

Jimin ထမင်းစားပွဲမှာဝင်ထိုင်ရင်းပြောလိုက်သည်။ဘွားကတော့ ပန်းကန်တွေပြင်ရင်း

" အေးပါ သားသူငယ်ချင်းတွေရောရပြီလား ၊ သားကိုကြည့်ရတာသူငယ်ချင်းပေါမယ့်ပုံပါ "

" ရတာပေါ့ဘွားရဲ့ သားသူတို့နဲ့လေ့ကျင့်ရမှာလေ "

" ဟုတ်ပါပြီ ဘွား ချောကလက် pancake လုပ်ထားတယ် စားသွားဦးမလား"

" ဘွားရဲ့ pncake ကိုဘယ်သူကငြင်းနိုင်မှာလဲဘွားရာ "

Jimin ဘွားကိုချွဲချွဲလေးပြောလိုက်တော့ ဘွားကသဘောတကျရယ်ကာ ခေါင်းလေးကိုအသာပုတ်သည်။ ခုနောက်ပိုင်း Omma တို့နဲ့ဖုန်းပြောတော့ Jimin ကို Seoul ပြောင်းလာလို့ရပြီဟုပြောကြသော်လည်း Jimin ကတော့တစ်ယောက်တည်းကျန်ခဲ့မည့်ဘွားကိုမခွဲနိုင်တော့ဘဲ အထက်တန်းကျောင်းပြီးမှလိုက်လာမည့်အကြောင်း ပြောဖြစ်ခဲ့သည်။ ဘွားကကျန်းမာသော်လည်း တစ်ယောက်တည်းဆိုအထီးကျန်နိုင်သည်လေ။အခုတောင် Jimin တစ်ယောက်ရှိနေတာကို အရမ်းပျော်နေတာ ဘွားမျက်နှာကိုကြည့်တာနဲ့သိနိုင်သည်။ နေ့တိုင်းမမောမပန်းနိုင်ဘဲ မြေးကိုချက်ပြုတ်ကျွေးနေသောဘွားကြောင့် Jimin လည်းဘွားကိုငဲ့ဖြစ်သွားခြင်းပင်။Jimin မျက်နှာမြင်ရုံနဲ့ပြုံးပျော်နေသောဘွားက ခုနောက်ပိုင်းဆေးတောင်သိပ်မသောက်တော့ပါ။ ပီတိကိုစားပြီးအားရှိနေလေသည်။

Just ... Let me Love You   { Yoonmin }  ZawgyiWhere stories live. Discover now