ဒီနေ့ကျောင်းစတက်ရပြီ။ မနှစ်ကအထက်တန်းနောက်ဆုံးနှစ်ကိုကျထားတာမို့ ဒီနှစ်ပြန်တက်ရဦးမည်။ Min Yoongi တို့ကျားမြီးသာပြေးဆွဲလိုက်ချင်သည်။ အစတည်းကစိတ်မပါသောကျောင်းစာများကို တစ်ခါအသစ်ကပြန်စလုပ်ရတာလောက် စိတ်ညစ်ဖို့ကောင်းတာမရှိပေ။ အိမ်မှာတော့ဘွားက ကိုယ်တိုင်ထမင်းဘူးပြင်ပေးထားသော်လည်း ထမင်းဘူးယူရမှာပျင်းတာမို့ မယူတော့ဘူးလို့ငြင်းရင်း ကားနီလေးပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။ ကျောင်းရောက်တော့မှ notice board ဆီသွားပြီး ကပ်ထားသော အချိန်ဇယားကိုကြည့်လိုက်တော့ Min Yoongi စာသင်ဆောင်၂ တန်းခွဲ A ဆိုတာကိုတွေ့သည်မို့ တန်းတန်းမတ်မတ်လျှောက်လာပြီး အတန်း၏ဘယ်ဘက်ထောင့်အစွန်ဆုံးက နောက်ဆုံးခုံနေရာတွင်ဝင်ထိုင်လိုက်သည်။သိပ်မကြာခင်မှာဘဲ ကျောင်းသားများဝင်လာကြကာတီးတိုးတွတ်ထိုးသံများကျယ်လောင်လာသည်။ အစကတော့ဆရာဝင်လာသည်နှင့်မှောက်အိပ်နေရန်တွေးထားသော်လည်း ကြားနေရသောစကားများအရ ဒီနေ့မနက်ပထမဆုံးအချိန်ဆရာက တစ်ကျောင်းလုံးကဖိန့်ဖိန့်တုန်ကြောက်ရသော ၊ စည်းကမ်းကြီးသောဆရာဖြစ်နေသည်မို့ အများကြီးမတွေးတော့ဘဲ ဆရာ့ကိုသာစောင့်နေလိုက်သည်။ သိပ်ကြာကြာမစောင့်လိုက်ရဘဲ ဆရာဝင်လာသည်။ နာရီကိုကြည့်လိုက်တော့ ခေါင်းလောင်းထိုးရန် ၅ မိနစ်တိတိအလိုကိုပြနေသည်။ တိကျလွန်းသောဆရာကို စိတ်ထဲမှကြိတ်ချီးကျူးလိုက်ရင်း အများနည်းတူ နှုတ်ဆက်လိုက်သည်။
ဆရာစာစမသင်ခင် Intro ဝင်နေတုန်းမှာပင် ကောင်လေးတစ်ယောက်ကနောက်ကျနေသည်မို့ ငေါက်နေသံကိုကြားလိုက်ရသည်။ ဒီဆရာအချိန်ကိုမှရွေးပြီးနောက်ကျရတယ်လို့ကွာ ... ကျွတ် ကျွတ် ကျွတ် ... သနားဖို့ကောင်းလိုက်တာ ။ ငါလိုလူမျိုးတောင် စာအုပ်ရှေ့ချပြီး စိတ်ဝင်စားချင်ယောင်ဆောင်နေတာကို .... နေဦး ကံစမ်းမဲပေါက်သွားတာ ဘယ်ကောင်လဲမသိဘူး မှန်းစမ်းကြည့်ရအောင် ...
" ဟင် ဟိုဝက်ပုကောင် "
ဆရာ့ဘေးမှာ လုံးတုံးတုံးနှင့်ရပ်နေသော အနှီအပုကောင် ။ ကံတရားကလည်း ငါ့ကိုမျက်နှာသာမပေးပါလားဟု စိတ်ထဲမှာကျိန်ဆဲရင်း ဒင်းလေးကို ပေစောင်းစောင်းဖြင့်သာကြည့်နေပေးလိုက်သည်။ သူကတော့မသိဘဲဆရာ့ကိုကြောက်ပီး ခေါင်းငုံ့ထားဆဲ။ ပြီးမှ သူနှုတ်ဆက်သံကိုကြားလိုက်ရသည်။ ဘာတဲ့ ... ဘာ Jimin ဆိုလား Yimin ဆိုလား ... နာမည်ကိုက အူကြောင်ကြောင်နဲ့ ... စိတ်ထဲမှကဲ့ရဲ့ရှုတ်ချလို့မှမဆုံးသေးခင် ...
ESTÁS LEYENDO
Just ... Let me Love You { Yoonmin } Zawgyi
FanficMin ¥oon Gi x Park Jimin Jeon Jungkook x Kim Taehyung Kim Namjoon x Kim Seokjin ¥oonmim Taekook Namjin £ove story between them !!! This is my first creation and if you have some difficulty in reading my work, plz understand me...