အပိုင်း(2)

570 64 10
                                    

နုတ်​ခမ်းလေးပြတ်​ထွက်​မတတ်​ကိုက်​ရင်းနာကျင်​မှုကိုအံတုနေတဲ့ကလေးလေးကိုကြည့်​ရင်းsehunရင်​ထဲမကောင်းဖြစ်​ရသည်​။ပြည့်​ဖောင်​ဖောင်​ပါးပြင်​လေးပေါ်စီးကျနေတဲ့ချွေးစက်​လေးတွေကိုဖယ်​သုတ်​ပေးရင်း
"ကိုကို တောင်းပန်​ပါတယ်​နော်​ baby ကိုကိုအမှားပါ"
သူ့ကိုတောင်းပန်​စကားဆိုတော့ကလေးလေးကမော့ကြည်​လာကာခေါင်းလေးခါပြနေသည်​။
ကျောင်းသွားပို့ပြီးပြန်​လာတော့ကလေးရဲ့ကျောင်းဆီကဖုန်းဆက်​လာခဲ့တယ်​ကလေးလေးကိုသူများတွေအနိုင်​ကျင့်​လို့ဆိုတဲ့စကားကြောင့်​အစည်းအဝေးလုပ်​ရင်းတန်းလန်းpapaကိုတိုးတိုးလေးပြောပြကာခွင့်​တောင်းပြီးထွက်​လာခဲ့သည်​။
ကျောင်းရောက်​တော့လူကဒေါသတွေနဲ့ထူပူသွားရသည်​။ကလေးရဲ့လက်​ကိုလိမ်​ချိုးသလိုလုပ်​တာမို့ယောင်​ကိုင်းနေတဲ့လက်​ကိုကျောင်းဆေးခန်းကဆရာဝန်​ခွင့်​ယူထားလို့ဆြို.ပီးဒီအတိုင်းထားတာတဲ့လေ။တကိုယ်​လုံးစေ့စေ့စပ်​စပ်​လိုက်​ကြည့်​မိတော့မေးရိုးနားမှာလည်းညိုမဲနေတာတွေ့ရသည်​။
"ဆရာကြီး ကျွန်​တော်​ညီလေးကို ဒီလိုလုပ်​တာဘယ်​သူလဲ"
"မောင်​ရင်​ညီကအရင်​အမှားလုပ်​တာတဲ့"
"ဘာဖြစ်​တယ်​ babyပြောပြကိုကိုကbabyစကားဘဲယုံပေးမှာဖြစ်​သမျှအစအဆုံးပြောပြ"
"ကျွန်​တော်​ပြောပြလို့ရမလားအကို"
နောက်​နားကခပ်​တိုးတိုးမေးသံကြောင့်​ကြည့်​လိုက်​တော့ကလေးလေးရဲ့လွယ်​အိတ်​ကိုကိုင်​ထားပေးတဲ့ကျောင်းသားကြီးတစ်​ယောက်​ကိုတွေ့ရသည်​။
"မင်းက "
"ကျွန်​တော်​ကကျောင်းသားခေါင်းဆောင်​ပါအကို"
"ပြောအလိမ်​အညာမပါတာကောင်းလိမ့်​မယ်​"
"ဟုတ်​ကဲ့အကို အနိုင်​ကျင့်​တဲ့လူတွေကဒီကျောင်းကလူမိုက်​စာရင်းဝင်​တဲ့ကောင်​တွေပါအရင်​ကလည်းဒီကလေးကိုမကြာခဏအနိုင်​ကျင့်​ကြတယ်​ကလေးကအနေအေးတော့ဘာမှပြန်​မလုပ်​ရဲရှာဘူးလေအဲဒါပြီးတော့ကလေးဆီကမုန့်​ဖိုးတွေလည်းလုကြတယ်​ဒီမနက်​ကလေးကထူးထူးဆန်းဆန်းကားနဲ့ကျောင်းလာတတ်​တော့ကလေးမုန့်​ဖိုးတွေလုပြီးသူဌေးတစ်​ယောက်​ကိုအပိုင်​ဖမ်းထားတယ်​ဆိုပြီးရန်​စတော့တခါမှပြန်​မပြောဘူးတဲ့ကလေးကစိတ်​တိုပြီးပြန်​ပြောလို့ကလေးကိုလုပ်​ကြတာအကိုကလေးဗိုက်​ကိုလည်းထိုးသေးတယ်​"
ကျောင်းသားခေါင်းဆောင်​စကားကြောင့်​ကလေးရဲ့ဗိုက်​ကိုလှန်​ကြည့်​လိုက်​တော့ညိုမဲနေတဲ့နေရာသုံးခုလောက်​တွေ့ရတာမို့လူဒေါသကထိန်းချုပ်​ဖို့မေ့သွားရသည်။လက်​တစ်​ခုဘဲနာကျင်​တာဒီလောက်​နာကျင်​စရာလိုလို့လားလို့ရောက်​ရောက်​ချင်းတုန်းကတွေးမိတဲ့အတွေးကိုပင်​စိတ်​တိုလာရသည်​။
"ဒီမှာ ဒီနေ့က စပြီးကျွန်​တော်​ညီလေးကိုကျောင်းထုတ်​တယ်​ဒီကျောင်းကကျွန်​တော်​တို့လုပ်​ငန်းစုကပါထားတဲ့ရှယ်​ယာကိုညနေအမှီထုတ်​ပေးပါ"
"ဘာ ဘာလုပ်​ငန်းလဲ"
"ကျွန်​တော့်​ကိုမသိတာလား Oh gp ကသားoh sehun ဒီကလေးကကျွန်​တော်​ညီလေးဆိုတာလည်းမှတ်​ထားဦး"
sehunစကားကြောင့်​ထိုင်​နေတဲ့ဆရာကြီးတွေတစ်​ဖက်​မိဘဖြစ်​ပုံရတဲ့လူတွေကြောင်​ကြည့်​နေကြသည်​။Oh gp သူတို့အနေနဲ့လန့်​နေရတဲ့Oh gp ရဲ့ကလေးတဲ့လား။
သူများတွေဘယ်​လိုကြည့်​နေလဲဂရုမစိုက်​တော့ဘဲကလေးကိုပွေ့ခေါ်ကာဆေးရုံကိုတန်းလာခဲ့လိုက်​သည်​။ဆေးရုံရောက်​တော့အကိုဝမ်းကွဲဆရာဝန်​ကကလေးလက်​ပတ်​တီးစီးပေးရင်​တစ်​ပတ်​လောက်​နားဖို့ပြောတာမို့ခေါင်းညိမ့်​ပြပြီးကလေးရဲ့ဗိုက်​ကိုလည်းပြလိုက်​တော့ဆေးသေချာလိမ်းပေးကာတစ်​ရက်​လောက်​ကြာရင်​သက်​သာသွားမယ်​လို့ပြောပြသည်​။
ကားပေါ်ရောက်​တော့ခွေခွေလေးလှဲလိုက်​တာမို့ထခိုင်းကာထိုင်​ခုံလှန်​ချပေးကာသက်​တောင့်​သက်​သာအိပ်​ခိုင်းလိုက်​တော့ကလေးကကျေးဇူးတင်​စကားပြောကာအိပ်​သွားသည်​။
💊💉💊💉💊💉💊💉💊💉💊💉💊💊💉
ညနေPapaတို့ပြန်​ရောက်​တော့ကလေးလေးအကြောင်းပြောပြတော့papaတို့လည်းစိတ်​မကောင်းဖြစ်​နေကြသည်​။
"သားလေး သက်​သာလား"
"ဟုတ်​ကဲ့ သခင်​မကြီး"
"omma နဲ့papaလို့ခေါ်ပါသားရယ်​"
"innie ကအဲလိုခေါ်လို့ရလားဟင်​တကယ်​ခေါ်လို့ရလား"
"အင်းပေါ့ ခေါ်လို့ရတာပေါ့သားရယ်​"
"အိမ်​မှာဆိုpapaကinnieခေါ်တာမကြိုက်ဘူးလေpapaကိုခေါ်ချင်​ရင်​ဗိုက်​ဆံရအောင်​ရှာရတယ်​papaကinnieထက်​ကိုကိုjunကိုပိုချစ်​တယ်​"
ကလေးသာသာမို့သူ့ရင်​ထဲကအကြောက်​တရားကိုပြောပြရင်းဆူလိုက်​မလားဆိုတဲ့အတွေးကြောင့်​ခေါင်​လေးငုံ့သွားကာ
"သားရယ်​ ခေါ်ပါomma papaလို့ခေါ်လို့ရတယ်​"
"omma ဟင့်​ အင့်​ အီးးး"
"အို ကလေးရယ်​ မငိုနဲ့လေ"
"innieမှာမေမေရှိပေမဲ့တခါမှမေမေမခေါ်ဘူးလို့ပါအဟင့်​မေမေကလည်းinnieကို့သူ့နို့လည်းမတိုက်​ခဲ့ဘူးတဲ့ommaကိုကိုjunကိုအကောင်းဆုံးပျိုးထောင်​ပေးရမဲ့အချိန်​မှာinnieမွေးလာလို့တဲ့ကိုယ်​ဝန်​ရှိတုန်းကလည်းဖျက်​ချတာမရလို့တဲ့နောက်​ဆို နောက်​ဆိုinnieနားမကြားတော့ရင်​papaတို့ရောစွန့်​ပစ်​ဦးမှာလားဟင်​innieကတားဆေးတွေဖျက်ချတဲ့ဆေးတွေကြောင့်​အကြားအာရုံကျောထိခိုက်​နေတာတဲ့အဟင့်​တခါတလေpapaတို့ပြောတာမကြားရလို့အရိုက်​ခံရတယ်​ဆရာမတွေအသံတိုးရင်​လည်းမကြားရဘူးလေအဲဒါကြောင့်​innieကစာမရဘူးအခုလည်းpapaကအားနည်းချက်​ရှိတဲ့innieကိုမလိုချင်​တော့ရင်​ရောဟင်းအင့်​"
ပြောရင်းရှိုက်​ကာငိုနေတဲ့ကလေးကြောင့်​Ohမိသားတွေအားလုံးကလေးကိုသနားသွားရသည်​။ဒါကြောင့်​စရောက်​ကတည်းကစကားပြောရင်​အားစိုက်​ပြီးနားထောင်​ပုံလေးကိုသတိထားမိပေမဲ့ဒီလိုဖြစ်​နေတာကိုမသိရတာကိုလည်းစိတ်​မကောင်းဖြစ်​နေမိသည်​။
"ကလေးလေးရဲ့မိဘတွေရောသိသလား"
"innieမပြောရဲလို့ပါအဲအကြောင်းသိလိုနှင်​ချရင်​သွားစရာမရှိလို့ပါဟိုလေinnieကိုမနှင်​ချပါနဲ့နော်​ဟိုအခန်းထဲမှာမနေရဘူးဆိုရင်​လည်းခြံထဲမှာနေပါ့မယ်​ကျောင်းလည်းမတတ်​ပါဘူးအလုပ်​လုပ်​ပါ့မယ်​နှင်​မချပါနဲ့နော်​"
ရုတ်​တရက်​ဒူးလေးထောက်​ပြီးတောင်းပန်​နေတဲ့ကလေးကိုommaကပြေးဖက်​ကာသူပါရောငိုတော့တော့သည်​။သားလေးတစ်​ယောက်​တည်းရှိတာမို့နောက်​ကလေးလိုချင်​ပေမဲ့ထပ်​မရတော့လို့လိုချင်​ပေမဲ့innieလေးအမေအကြောင်းကြားတော့တကယ်​ကိုဒေါသထွက်​ရသည်​။
innieလေးကိုတရားဝင်​သားအဖြစ်​မွေးဖွားဖို့လင်​မယားနှစ်​ယောက်​လုံးဆုံးဖြတ်​လိုက်​သည်​။သားကလည်းကျေနပ်​တာမို့ရှေ့နေချက်​ချင်းခေါ်ကာလုပ်​တော့innieလေးကပျော်​နေရှာသည်။
သူမှာအားနည်းချက်​ရှိပေမဲ့ချစ်​ပေးလို့ဆိုပြီးပြောစရာနားထောက်​ပြီးသူ့ကိုချစ်​အောင်​လည်းနေတတ်​သည်​။
"innie လေးရေ ဘယ်​ရောက်​နေလဲ"
"ဒီမှာ omma ဒီမှာ"
နှင်းဆီပင်​တွေကြားကခေါင်​လေးပြူးထွက်​လာကာရယ်​ပြနေတဲ့ကလေးကြောင့်​ပြုံးမိသွားကာ
"ဘာလုပ်​နေတာလဲ ကလေးလေးရဲ့"
"ommaကနှင်းဆီပန်းကြိုက်​တယ်​ဆိုအဲဒါကြောင့်​innieကအပင်​တွေပေါင်းရှင်းပြီးဆေးထည့်​ပေးနေတာ"
"အို သားရယ်​ ဘဘ လုပ်​လိမ့်​မယ်​ လာခဲ့"
"innieကလုပ်​ပေးချင်​လို့ပါ"
"နောက်​နေ့မှဆက်​လုပ်​တော့သားရယ်​မားမားတို့အပြင်​သွားမယ်​လေရေချိုးတော့နော်​ကလေးလေး"
"ဟုတ်​ကဲ့ပါလာပြီး"
ပန်းခြုံထဲကထွက်​လာတဲ့သားပေါက်​လေးကိုကြည့်​ကာအချစ်​ပိုရသည်​။သူလေးဝမ်းနည်းနေတဲ့အတိတ်​တွေကိုမေ့သွားအောင်​ကိုဂရုတစိုက်​လုပ်​ပေးထားတာမို့ပါးလေးဖောင်​လာပြီးချစ်​စရာကောင်းလာတာမို့သူ့အကိုကသူ့ကိုဝက်​ဝံပေါက်​လေးလို့သာခေါ်သည်​။

🎅ဝေဖန်​အကြံပြုနိုင်​ပါသည်​။

🎅ဝေဖန်​အကြံပြုနိုင်​ပါသည်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🎅

နာကျင်​ခြင်းမဲ့နေသောဒါတ်​ရာWhere stories live. Discover now