အပိုင်း(11)

437 48 0
                                    

"ကိုကို"
ရုံးခန်းတံခါးခေါက်​သံနဲ့မရှေ့မနှောင်​ထွက်​လာတဲ့အသံပိစိလေးကြောင့်​Sehunပြုံးမိသွားရသည်​။
အရင်​အပတ်​junထွက်​သွားကတည်းကသူလေးကမှတ်​မိကြောင်းပြောပြီးအိမ်ကိုလညလည်​မယ်​ဆိုလို့ရုံးကိုလာပြီးအတူသွားဖို့ပြောထားတာမို့ရောက်​လာတာဖြစ်​သည်​။
"လာလေ innie လေး ကိုကို လာခေါ်မယ်​ပါဆို"
"innieက အလုပ်​အရင်​ပြီးလို့ပါဗျ ဘာလဲ မကြိုက်​ဘူးလားကိုကို"
"မဟုတ်​ပါဘူးကွာ ကိုကိုက ကလေးကိုကြိုချင်​လို့ပါ"
"ဟုတ်​ကိုကို"
"နေကောင်းရဲ့လား မျက်​နှာလေးနီနေတယ်​"
••ဟင့်​လူဆိုးကြီးသူ့ကိုရင်​ခုန်​လို့မျက်​နှာနီတာကိုနေမကောင်းလို့လားလာမေးနေတယ်​အလိုက်​ကမ်းဆိုးကိုမသိဘူးမုန်းချင်​စရာကြီးဟွန်း တကယ်​ဘဲ ဖြူစင်​တဲ့အချစ်​နဲ့ကိုမတန်​တဲ့လူကြီးတွေ့မယ်​ချစ်​သူဖြစ်​မှဟွန်း ကြက်​ပေါက်​စလေးရုပ်​နဲ့••••
ရှေ့ကမဲ့လိုက်​ပြုံးလိုက်​လုပ်​နေတဲ့ကလေးငယ်​ကြောင့်​sehunတစ်​ယောက်​ကြောင်​ကြည့်​နေမိသည်​။စိတ်​ထဲကဘာတွေကြိတ်​ပြီးပြောနေလဲမသိမဲ့ရွဲ့နေသည်​။
"ဘာလဲ ကလေး ဘာဖြစ်​လို့လဲ"
"မဖြစ်​ပါဘူး ကိုကို အလုပ်​ပြီးပြီးလား"
"ပြီးပြီး သွားရအောင်​ ကလေး"
"ဟုတ်​ကဲ့ ကိုကို သွားမယ်​လေ ဟိုမှာPapaတို့စောင့်​နေတယ်​papaတို့လည်းလိုက်​မှာရတယ်​မဟုတ်​လား"
"ရပါတယ်​ဗျာ တအိမ်​လုံးကိုဖိတ်​ထားတာပါဗျ"
"ဟီးးသွားမယ်​ innie က ကိုကို ကားနဲ့လိုက်​မယ်​ ရလား"
"ရပါ့ဗျာ innie သဘောပါဗျာ"
papaတို့ကို ကိုကိုကားနဲ့လိုက်​သွားမယ်​ပြောတော့နှစ်​ယောက်​သားရယ်​ကာ ကားပေါ်မှာခိုးမငမ်းနဲ့လို့စနေတာမို့စူပုတ်​ပြီးကိုကိုရဲ့ကားပေါ်တတ်​ထိုင်​တော့ကိုကိုကရယ်​နေသည်​။
"စိတ်​ဆိုးလာတာလား innieလေး"
"ဟင့်​အင်း ကိုကို papaကစနေလို့"
"အော်​ ကိုကို နဲ့စိတ်​မချလို့များလားလို့ပါ"
"တကယ်​ကကိုကိုနဲ့စိတ်​မချတာမဟုတ်​ဘူးရယ်​ကျွန်​တော်​နဲ့ကိုကို ကိုစိတ်​မချတာ"
"ဟမ်​ ဘယ်​လိုကြီးလဲ"
"ဟီးး ကိုကိုနောက်​တော့သိလာမှာပေါ့အခုကအဲဒါကိုသိဖို့စောသေးတယ်​ကိုကိုရ"
"ဟုတ်​ပါပြီး ရောက်​တော့မယ်​ innie papaတို့ဘယ်​ရောက်​နေလဲ မေးကြည့်​လိုက်​ဦးလေ"
"ဟုတ်​ဖုန်းခဏဆက်​လိုက်​မယ်​ ကိုကို"
ဖုန်းဆက်​တော့ဟိုဘက်​ကဘာပြောလဲမသိသူကဟုတ်​ကဲ့ဘဲပြောပြီးဖုန်းချလိုက်​ကာရယ်​နေတာမို့
"ဘာဖြစ်​လို့လဲ innie
"ဟို Papa တို့က ကိုကိုတို့အိမ်​ရောက်​နေပြီးတဲ့"
"ဟုတ်​လား သူတို့က အိမ်​သိတာလား"
"ဟိုတုန်းကလည်းလိုက်​ပို့ပေးဖူးတယ်​လေအခုလည်းလိပ်​စာကဒ်​ရှိနေတာကိုသိတာပေါ့"
"ဟုတ်​လား ဒါနဲ့innieက ကိုကို ကိုမှတ်​မိတာလား"
"သတင်းထဲမှာတွေ့တယ်​လေ"
"aww စိတ်​တောင်​မကောင်းဘူး"
"ဘာကိုစိတ်​မကောင်းတာလဲဟင်​ ကိုကို"
"ပြောတော့ကိုကို ကို အချစ်​ဆုံးဆိုပြီးမေ့သွားရသလားဟင်​"
"ဟာ ကိုကို ကလည်းအဲဒါတော့innieလည်းဘယ်​သိပါ့မလဲဆရာဝန်​ကြီးဘဲသိပါပေါ့"
ိနုတ်​ခမ်းစူလာရင်းပြောနေတဲ့ဝက်​ဝံပေါက်​တစ်​ကောင်​ကြောင့်​sehunတစ်​ယောက်​သဘောကျစွာပြုံးရသည်​။
innieကိုကြည့်​နေရင်းjunပြောသွားတာကိုကြားယောင်​နေမိသည်​။
*hunရဲ့နလုံးသားရဲ့အသံကိုသေချာနားခေါင်​ပါhunတကယ်​ချစ်​တာဘယ်​သူလဲဆိုတာပေါ်လာလိမ့်​မယ်​တဲ့တကယ်​ကhunစိတ်​ထဲမှာinnieလေးကိုတကယ်​ချစ်​ပေမဲ့ညီအကိုဆိုတဲ့စည်းတစ်​ခုကြောင့်​သာနှလုံးသားကိုပိတ်​ထားသလိုဖြစ်​နေတာ*
ဆိုတဲ့စကားကတကယ်​ဘဲလားအခုလိုစူပုတ်​နေတာလေးကိုတောင်​အသည်းယားစွားချစ်​နေမိနေသည်​။
အိမ်​ရောက်​တော့sehunမိဘတွေနဲ့wu chahတို့စုံတွဲကစကားတွေပြောနေကြတာတွေ့ရသည်​။
innieက သူ့papa နားသွားထိုင်​ပြီးမေမေတို့ကိုနုတ်​ဆက်​စကားပြောနေတုန်းsehunလည်းအပေါ်ထပ်​တတ်​ကာအဝတ်​အစားလဲမဲ့အကြောင့်​ခွင့်​တောင်းကာအပေါ်တတ်​လာခဲ့လိုက်​သည်​။

🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸🍸

သားကြီးအပေါ်ထပ်​တတ်​သွားနဲ့ဧည့်​သည်​တွေကိုထမင်းပွဲပြင်​ဖို့ပြောကာထလိုက်​တော့သားငယ်​ကထလာကာ
"omma သားလည်း လိုက်​မယ်​"
"အေးဆေးထိုင်​နေပါ သားငယ်​လေးရဲ့"
"အရင်​ကလိုကူပေးချင်​လို့ပါဆို"
"အဲ ဟုတ်​ပါပြီးရှင်​ လိုက်​ခဲ့ပါ"
"ဒယ်​ဒီတို့ ommaလက်​ရာကလုံးဝရှယ်​ဘဲနော်​သားသွားကူပေးလိုက်​ဦးမယ်​သိလား"
"သွားကူတာလားသွားရုတ်​မှာလားbaby kaiရယ်​"
"ဒယ်​ဒီနော်​ ကူပေးမလို့ပါဆိုနေ"
"သွားပါဗျာ နုတ်​ခမ်းကလည်း papa ကိုထိုးမိတော့မယ်​"
papa baek စကားကြောင့်​အားလုံးရယ်​ကြတော့baby kaiတစ်​ယောက်​စူပုတ်​ပြီးထမင်းစားခန်းဘက်​ဝင်​သွားတာမို့ommaကရယ်​ရင်းနောက်​ကလိုက်​လာသည်​။
ထမင်းပွဲပြင်​ဆင်​ရင်းommaက
"innie လေး မင်း  ကိုကို ကို အခုထိချစ်​နေသေးလား"
"ချစ်​ရင်​ရော omma က သားကို သားမက်​တော်​မှာမို့လို့လားဟင်​ သားကဆိုးတယ်​လေ"
"တော်​မှာပေါ့သားမက်​kai ရဲ့"
"အမ်​ ဘာကြီး သားမက်​ kai လဲ"
"သားအခုနံမည်​ကkaiဆိုခုနသားpapaတို့ပြောနေတာကြားတယ်​လေbaby kai အလုပ်​မှာလည်းwu kaiဆိုပြီးလူသိများတယ်​လေအဲဒါကြောင့်​ သားမက်​ kaiလို့ခေါ်တာပါရှင်​"
"ဟီးးးးဟီးး ommaအဲလိုခေါ်တာအူယားတာ"
သားအမိနှစ်​ယောက်​ရယ်​မောရင်းပြင်​ဆင်​ပြီးတာနဲ့အားလုံးအတူထမင်းစားကြရင်းနောက်​လည်​မကြာခဏလာဖို့ပြောဖြစ်​ကြသည်​။
"innie သားငယ်​ ဒီမှာလာမနေချင်​ဘူးလား"
"မနေချင်​ပါဘူး"
"ဟေ ဘာဖြစ်​လို့လဲကွ"
"ကိုကိုနဲ့ညီအကိုမတော်​ချင်​လို့ပြီးတော့ommaနဲ့papaရဲ့သားမဟုတ်​ဘဲသားမက်​ဘဲဖြစ်​ချင်​လို့ အယ်​ ဟီးး"
သူ့ဘာသာပြောပြီးရှက်​သွားတဲ့ကလေးငယ်​တစ်​ယောက်​ခေါင်းမဖော်​တော့ဘဲခေါင်းကြီးငုံနေတာမို့အားလုံးလည်းပြုံးစိစိဖြစ်​နေမိကြသည်​။ရယ်​လိုက်​ရင်းရှက်​သွားမှာစိုးတာကြောင့်​စီးပွားရေးကိစ္စတွေဘက်​စကားလမ်းကြောင်းလွဲလိုက်​မှဘဲခေါင်းလေးမသိမသာမော့လာသည်​။



နာကျင်​ခြင်းမဲ့နေသောဒါတ်​ရာWhere stories live. Discover now