အပိုင်း(3)

505 54 1
                                    

အထက်​တန်းပထမနှစ်​ကတည်းကommaတို့ရဲ့သားအဖြစ်​နေနေတာအခုဆိုအထက်​တန်းနောက်​ဆုံးနှစ်​ရောက်​လာပြီးဖြစ်​သည်​။ommaတို့ကပိုက်​ဆံချမ်းသာတဲ့မိသားစုဆိုတော့innieရဲ့အကြားအာရုံကြောရောဂါကိုဆရာဝန်​နဲ့သေချာပြပြီးစမ်းသပ်​ပေးတော့အာရုံရောအားဆေးတွေတစ်​နှစ်​လောက်​သောက်​ပြီးအသေးစားခွဲစိတ်​မှုလေးတစ်​ခုလုပ်​ရပြီးနောက်​ထပ်​ဆေးတစ်​နှစ်​ထပ်​သောက်ပြီးနှစ်​နှစ်​ခွဲလောက်​ကြာတော့အကောင်းပကတိပြန်ုဖြစ်​သွားပြီးဖြစ်​တာကြောင့်​ပျော်​ရွှင်​နေရသည်​။
ကိုကို ကို လည်းစိတ်​ထဲကနေတိတ်​တခိုးချစ်​နေမိပေမဲ့papaတို့ommaတို့ကျေးဇူးတွေကြောင့်​တစ်​ယောက်​တည်းကြိတ်​ခံစားနေရသည်​။ကိုကိုကယောက်ျားလေးတွေကိုရောစိတ်​မဝင်​စားရင်​ဆိုတဲ့အတွေးကြောင့်​ကိုကိုမှာချစ်​သူရှိလားလို့တောင်​မမေးရဲဘဲတိတ်​တိတ်​လေးချစ်​နေရသည်​။
"သားငယ်​နေမကောင်းဘူးလား"
"ကောင်းပါတယ်​omma ကိုကိုရောဟင်​မတွေ့ပါ့လား"
"ဟေ  ငါ့သားမသိသေးဘူးလား"
"ဗျာ ဘာကိုလဲ ဟင်​"
"ဒီနေ့ သားကိုကိုက သူ့ချစ်​သူကောင်​လေးကိုခေါ်လာမှာသူကသားကိုကိုလိုဘဲနောက်​နှစ်​ဆိုဆရာဝန်​ဖြစ်​ပြီးလေ"
"ဟင်​ ချစ်​သူ ကောင်​လေး ဟုတ်​လား omma"
"အင်း ဘာဖြစ်​လို့လဲ သားငယ်​"
"သား သား ခဏအိပ်​ချင်​တယ်​"
"ဟင်​ သားအိပ်​ရေးမဝသေးတာလား"
"အင်း သား  အရမ်းငိုက်​နေတယ်​ သွားအိပ်​ဦးမယ်​"
မေမေကိုအမြန်​နုတ်​ဆက်​ကာအခန်းတံခါးလော့ချပြီးတစ်​ယောက်​တည်းအသံတွေထွက်​တဲ့အထိငိုနေမိသည်​။
မေမေတံခါးလာခေါက်​တာသိပေမဲ့ရေချိုးဦးမယ်​လို့ညာပြောပြီးတံခါးဖွင့်​မပေးဘဲနေမိသည်​။စိတ်​ထဲကလည်းမေမေကိုအကြိမ်​ကြိမ်​တောင်းပန်​နေမိသည်​။
ကိုကိုရယ်​ရက်​စက်​တယ်​ပြောရအောင်​ကလည်းကိုကိုကချစ်​ပြီးသစ္စာဖောက်​တာလည်းမဟုတ်​သလိုinnieကိုကစားနေတာလဲမဟုတ်​ဘူးလေသူ့ဘာသာသူချစ်​တဲ့လူနဲ့တွေ့တာကိုလို့တွေးရင်းရေမိုးချိုးကာဆင်းလာလိုက်​သည်​။
အောက်​ထပ်​ရောက်​တော့မေမေကinnieမျက်​နှာကိုသေချာစိုက်​ကြည့်​ပြီးပါးလေးကိုပွတ်​ပေးကာ
"ငိုနေတာလား ommaရဲ့ကလေးလေးက"
"ဟင်​ မ မဟုတ်​ ပါဘူး omma သားမငိုပါဘူး"
"သားကိုကိုချစ်​သူရသွားတယ်​ဆိုတော့ommeသားလေးကိုမချစ်​တော့ဘူးထင်​ပြီးငိုနေတာမဟုတ်​လားသားလေး"
"omme ကိုကို ကို မပြောပါနဲ့နော်​"
"မပြောပါဘူးအရှေ့မှာသားကိုကိုရဲ့ချစ်​သူရောက်​နေတယ်​သွားနုတ်​ဆက်​လိုက်​ဦးနော်​သားလေး"
"ဟုတ်​ကဲ့ omma သား သွားလိုက်​ပါ့မယ်​"
ဧည့်​ခန်းရောက်​တော့ကိုကိုနဲ့papaရှေ့ထိုင်​ရင်းစကားပြောနေတဲ့လူတစ်​ယောက်​ကြောင့်​မျက်​လုံးပြူးသွားရသလိုအံ့သြလွန်းလို့ကြောင်​ကြည့်​နေမိသည်​။
"ဟေ့ သားငယ်​ လာလေကွာ"
Papaအသံကြားမှအသိဝင်​လာသလိုpapaနားထိုင်​ရင်​တစ်​ဘက်​လူကိုပြူးကြည့်​နေမိသည်​။
"Jun ဒါက hun ရဲ့ညီလေးလေ"
"တွေ့ရတာဝမ်းစာပါတယ်​ Jun လို့ခေါ်ပါတယ်​"
တစ်​ဘက်​ကပြောပေမဲ့ငေးနေတဲ့ညီဖြစ်​သူကြောင့်​sehunကဘဲjunကိုနားလည်​ပေးဖို့ပြောရသည်​။မီးဖိုးခန်းကommaကသားကြီးရေလာကူးပေးဦးလို့ခေါ်တာကြောင့်​ကိုကိုရောpapaပါထွက်​သွားတော့မှinnieတစ်​ယောက်​ခေါင်းမော့လာကာ
"အကို ဒါက ဘယ်​လိုဖြစ်​တာလဲ"
"မင်း ပါးစပ်​ပိတ်​ပြီးနေပါ"
"အကိုနဲ့innieက"
"တော်​စမ်းJongin မင်းဒီမိသားစုမှမနေချင်​ရင်​ငါနဲ့မင်းတော်​စပ်​မှုကိုhunကိုပြောလိုက်​လေ"
"အကို"
"ဘာလဲ မင်းလေးကမင်းကိုကိုနဲ့အကိုကိုသဘောမတူလို့လား"
"ဘာတွေလျောက်​ပြောနေတာလဲ"
"စိတ်​လျော့ပါ အကိုက hun ကိုတကယ်​ချစ်​တာပါ"
"ဘာဆိုင်​လို့လဲအခုပြောနေတာနဲ့"
"ညီလေး စကားကောင်းကောင်းပြောလေကွာjunကကိုကိုချစ်​သူလေကွာညီလေးရ"
"ကိုကို ကျွန်​တော်​"
"ညီလေးကjunကိုမကြည်​ဖူးနဲ့တူတယ်​hunထမင်းနောက်​မှစားရအောင်​အခုjunပြန်​တော့မယ်​"
"မဟုတ်​တာ လာjun အထဲမှာမေမေတို့စောင့်​နေတယ်​ jongin မင်းကအတူမစားချင်​ရင်​လည်းနောက်​မှစားပေါ့အခုတော့ဧည့်​သည်​ကိုမနှောက်​ယှက်​နဲ့ကလေးဆိုးလုပ်​မနေနဲ့"
"ဟုတ်​ပါပြီးဗျာ လာလေညီလေး"
"မစားတော့ဘူးကိုကိုကျွန်​တော်​နားတော့မယ်​"
ပြောပြီးအပေါ်ပြေးတတ်​လာပြီးရေချိုးခန်းတံခါးဖွင့်​ကာရေတွေဖွင့်​ချပြီးရေပန်းအောက်​ထိုင်​နေလိုက်​သည်​။

##ကိုကို ကိုချစ်​တယ်​ကိုကိုရဲ့ ကိုကိုချစ်​သူကကျွန်​တော်​အကိုလို့ဘယ်​လိုအသိပေးရမလဲကိုကိုရယ်​။
ကံဆိုးခြင်းတွေကိုခံစားရဖို့ကျွန်​တော်​ကမွေးလာတာလားဗျာကိုကိုကျွန်​တော်​ကိုကိုကိုချစ်​တယ်​လို့"

ရေပန်းအောက်​မှာစကားတွေတစ်​ယောက်​တည်းပြောရင်​ငိုနေတဲ့ကောင်​လေးကိုတော့အောက်​ထပ်​ကမိသားစုတွေခဏလေးမေ့နေခဲ့ကြသည်​။

🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿🚿

Junကိုပြန်​ပို့ပြီးပြန်​လာတော့ဧည့်​ခန်းမှာမေမေနဲ့ဖေဖေဘဲထိုင်​နေတာကြောင့်
"omma သားလေးရော ဘယ်​ရောက်​နေလဲ"
"အိပ်​နေတယ်​ထင်​တယ်​အခုထိဆင်းမလာသေးဘူး"
"ထမင်းမစားရသေးဘူးမဟုတ်​လား အဲကောင်​လေး"
"ဟုတ်​တယ်​ အဲဒီကလေးကိုချော့ကျွေးလိုက်​ဦးသားကြီး"
"ဘာဖြစ်​လို့လဲ omma"
"သူ့အကို ချစ်​သူရလို့ငိုနေတယ်​"
ommaစကားကြောင့်​အပေါ်ပြေးတတ်​လာခဲ့သည်​။ဒီကလေးနှယ်​ချစ်​သူရှိလည်းအကိုကသူ့ကိုချစ်​မှာဘဲကိုးလို့တွေးရင်​သူအခန်းထဲဝင်​လိုက်​တော့အိပ်​ယာပေါ်မှာရှိမနေဘဲရေချိုးခန်းဘက်​ကရေသံကြားတာမို့
"innie လေး ရေချိုးနေတာလား အေးတယ်​ကလေးလေးမြန်​မြန်​ချိုးနော်​ကလေးလေး"
"...."
"ကလေးပေါက်​စရေ တော်​တော့ဆိုကိုကိုထမင်းခွံ့ပေးမယ်​လေထွက်​လာတော့ဝက်​ဝံလေး"
ခေါ်နေပေမဲ့မထူးတာကြောင့်​ရေချိုးခန်းတံခါးခေါက်​ဖို့လက်​နဲ့လှမ်းလိုက်​တော့လော့မချထားတာကြောင့်​တံခါးကပွင့်​သွားပြီးရေပန်းအောင်​ကမြင်​လိုက်​ရတဲ့ပုံရိပ်​လေးကြောင့်​ရေပန်းပြေးပိတ်​ကာသူကို့ပွေ့လိုက်​တော့sehunလက်​ထဲပျော့ခွေပြီးသတိလစ်​လျှက်​ပါလာသည်​မို့အောက်​ထပ်​ကလူတွေကိုအော်​ခေါ်လိုက်​ပြီးဆရာဝန်​ဖုန်းဆက်​ဖို့ပြောပြီးinnieလေးကိုအဝတ်​အစားအမြန်​လဲခေါင်းတွေချောက်​အောင်​သုတ်​ပြီးအိပ်ယာပေါ်သိပ်​ထားလိုက်​ပြီးခဏကြာတော့ဒေါက်​တာရောက်​လာပြီးကုသမှုလုပ်​ပေးပြီးမှ
"အအေးပတ်​ပြီးသတိလစ်​သွားတာပါစိုးရိမ်​စရာတော့မရှိတော့ပါဘူးဟိုတစ်​ခုတော့မှာချင်​တယ်​"
"ဟုတ်​ကဲ့ပြောပါ"
"ဆေးသွားစစ်​ကြည့်​ပါအဆုတ်​အအေးပတ်​တာထက်​အဆုတ်​ကပုံမှန်​ထက်​ရောင်​နေလို့ပါ"
"ဟုတ်​ကဲ့ပါဒေါက်​တာ ကျေးဇူးတင်​ပါတယ်​"
ဒေါက်​တာပြန်​ပြီးတော့မေမေနဲ့ဖေဖေကိုနားခိုင်းကာကလေးအနားမှာစောင့်​ပေးနေမိသည်​။
သူ့ကိုjunမကြည်​မှာစိုးလို့ဆူလိုက်​မိတာကိုဒီလောက်​အထိခံစားသွားရလို့တောင်းပန်​ပါတယ်​ကလေးလေးရယ်​လို့ရေရွတ်​နေမိသည်​။

နာကျင်​ခြင်းမဲ့နေသောဒါတ်​ရာWhere stories live. Discover now