အပိုင်း(4)

463 55 3
                                    

သတိရလာကတည်းကsehunကိုစကားမပြောဘဲနေနေတဲ့ကလေးလေးကြောင့်​ဒီနေ့တော့ချော့ဖို့သူ့ကိုကျောင်းသွားကြိုရမှာမို့Junနဲ့လျောက်​မလည်​တော့ဘဲကျောင်းသွားကြိုဖို့ထွက်​လာလိုက်​သည်​။ကျောင်းသားတွေအားလုံးထွက်​လာပေမဲ့ဝက်​ဝံပေါက်​တစ်​ကောင်​တော့ထွက်​လာတာမတွေ့တာကြောင့်​အံ့သြသွားရသည်​။နောက်​ဆုံးကုတ်​ကုတ်​ကလေးထွက်​လာတဲ့ကလေးလေးဆီလျောက်​သွားရသည်​။
"ကလေး ကလေး နေကောင်းရဲ့လား"
"ကိုကို"
"ကလေး လာ ကိုကိုကလေးကိုလာကြိုတာ"
"ကိုကိုချစ်​သူနဲ့မသွားဘူးလားဟင်​"
"ဟင့်​အင်း ဒီနေ့ ဒီဝက်​ဝံလေးအတွက်​ အချိန်​ပေးမလို့"
"ရပါတယ်​ ကိုကို ကျွန်​တော်​ အိမ်​ပြန်​မယ်​ မလည်​ချင်​ဘူး"
"ဘာ ဘာဖြစ်​လို့လဲ ကလေး"
"အိမ်​ အိမ်​ ပြန်​မယ်​လို့ မလည်​ချင်​ဘူး"
အိမ်​ပြန်​မယ်​ချည်​ပြောနေတာမို့အိမ်​ပြန်​ခေါ်လာခဲ့သည်​။အိမ်​ရောက်​တော့အိမ်​ပေါ်မတတ်​ဘဲဘေးကအိမ်​လေးဘက်​လျောက်​သွားတာမို့နောက်​ကလိုက်​ကြည့်​တော့အထဲဝင်​ပြီးတံခါးပိတ်​သွားတာမို့အိမ်​ပေါ်ပြန်​တတ်​လာကာ
"omma အငယ်​လေးက အိမ်​လေးမှာသွားနေနေတာလားဟုတ်​လား ဘာဖြစ်​လို့လဲ"
"သူနေကောင်းကတည်းကသွားနေနေတာ"
"အဲဒီမှာ အပူပေးစက်​ပျက်​နေတယ်​လေ"
"ဟင်​ ဟုတ်​လား ဘာမှမပြောဘူး ဒီကလေးကတော့လေ"
"သွားကြည့်​မှဖြစ်​မယ်​"
အိမ်​လေးဘက်​လာတာကာတံခါးလာခေါက်​ပေမဲ့လာမဖွင့်​တာကြောင့်​သော့ပိုသွားယူကာဖွင့်​လိုက်​တော့အေးနေတဲ့အိမ်​ထဲကရာသီဥတုနဲ့အတူချောင်းတွေအဆက်​မပြတ်​ဆိုးနေတဲ့ကလေးလေးကြောင့်
"ဟင်​ သားငယ်​ရယ်​ "
"အဟွတ်​ ဟွတ်​ om  omma  အဟွက်​"
"သားငယ်​လေးရယ်​"
စကားပြန်​မပြောနိုင်​ဘဲဖြစ်​နေတဲ့ကလေးကြောင့်​sehunကလေးကိုပွေ့ခေါ်ကာအိမ်​ပေါ်ပြန်​ခေါ်လာခဲ့သည်​။ငြင်းချင်​ပေမဲ့သူ့ဘာသာသူမောနေတာမို့ငြိမ်​ပါလာတဲ့ကလေးပေါက်​စကိုရိုက်​ပစ်​ချင်​မိသည်​။အိပ်​ယာပေါ်ချပေးကာနွေးနွေးထွေးထွေးလုပ်​ပေးပြီးမေမေတိုက်​တဲ့ဆေးသောက်​ပြီအိပ်​ပျော်​သွားတော့မှ
"သားကြီး ommaနဲ့စကားခဏပြောရအောင်​"
"ဟုတ်​ကဲ့ ပြောပါomma"
"မင်းညီကလေ မင်းမထင်​မှတ်​ဘဲချစ်​သူရသွားတာရယ်​အဲနေ့ကသူ့ကိုဆူလိုက်​တာရယ်​ကြောင့်​တော်​တော်​စိတ်​မကောင်းဖြစ်​သွားတာကွယ်​ သားအိမ်​ပြန်​လာရင်​အကွယ်​လေးကကြည့်​ပြီးငိုနေရှာတာ ommaစိတ်​ထင်​သားငယ်​လေးရဲ့စိတ်​ကသားအပေါ်အကိုထက်​ပိုနေတယ်​ထင်​တယ်​"
"ဟာ omma သူနဲ့သားကညီအကိုလေဗျာ"
"အရင်းမဟုတ်​တာသားရောကလေးငယ်​ပါသိနေတာဘဲ"
"သား junကိုချစ်​တယ်​ omma"
"အင်းသိတယ်​လေ ဒါပေမဲ့သားငယ်​လေးရှေ့မှာတော့အရမ်းချစ်​ပြတာမျိုးတွေမလုပ်​ပါနဲ့ကွယ်​"
"ဟုတ်​ကဲ့ သားဆင်​ခြင်​ပါ့မယ်​"
"သားငယ်​လေးကိုတော့စိတ်​မကွက်​နဲ့နော်​အစကတည်းကအရှုံးနေပြီးသားကိုပိုနစ်​သလိုဖြစ်​သွားမှာစိုးလို့ပါကွယ်​"
"ဟုတ်​ကဲ့ပါ သားနားလည်​ပါတယ်​ "
Ommaနဲ့စကားပြောပြီးအိပ်​နေတဲ့ကလေးငယ်​ကိုဝင်​ကြည့်​ကာစိတ်​မကောင်းဖြစ်ရသည်​။အဲလောက်​အထိနာကျင်​ခံစားရတာကိုတစ်​ခွန်းမှမဟဘဲကြိတ်​ခံစားနေရသလားကလေးလေးရယ်​သနားလိုက်​တာ။
နောက်​တနေ့ဆေးခန်းပြရက်​မို့သူ့ကိုသွားပို့မယ်​ပြောပေမဲ့အမေနဲ့သွားမယ်​ဆိုတာကြောင့်​လွတ်​ထားပေးလိုက်​ရသည်​။သူလေးရဲ့နာကျင်​နေမှုကိုအစမဖော်​ချင်​လို့ဖြစ်​သည်​။
ညကကလေးလေးနေမကောင်းနေတာနဲ့junကိုဖုန်းဆက်​ဖို့မေ့သွားတာမို့ခုမနက်​သွားချော့ရမယ်​တွေးပြီးကလေးနဲ့ommaထွက်​သွားတာနဲ့sehunလည်းအခုအလုပ်​သင်​စဆင်းနေတဲ့ဆေးရုံကိုထွက်​လာခဲ့လိုက်​သည်​။
စောရောက်​နေတဲ့ယုန်​ပေါက်​စလေးကိုအကျိုးအကြောင်းရှင်းပြတော့ယုန်​ပေါက်​လေးကစိတ်​သဘောထားပြည့်​ဝစွာနားလည်​ပေးပြီးညီလေးရဲ့ကျန်းမာရေးပါစိတ်​ပူပေးနေတာကြောင့်​အချစ်​ပိုလာရသည်​။ညနေသူဂျုတီမို့မနက်​ဖြန်​မှဘဲညီလေးကိုလာကြည့်​မယ်​လို့ပြောလာသေးသည်​။

🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇

ommaနဲ့ဆေးခန်းပြပြီးပြန်​လာတော့အကို့ဆီကမက်​ဆေ့ဝင်​လာသည်​။လမ်းထိပ်​က ကစားကွင်းလာခဲ့ဆိုတာကြောင့်
"omma သား ကိုစကားကွင်းမှာ ခဏထားခဲ့ပေးနော်​"
"ဟင်​ ဘာဖြစ်​လို့လဲ သားငယ်​"
"သူငယ်​ချင်းတစ်​ယောက်​ကစာနည်းနည်းမေးချင်​လို့တဲ့"
"အိမ်​ခေါ်လိုက်​လေ သားငယ်​လေးရယ်​"
"သူကမလာချင်​လို့လေ အားနာလို့တဲ့"
ommaကိုနည်းနည်းလေးလိမ်​လိုက်​ပြီးစိတ်​မကောင်းဖြစ်​သွားရပေမဲ့တကယ်​သွားတွေ့ရမဲ့လူကommaတို့ကိုတကယ်​မသိစေချင်​တာမို့တကယ်​စိတ်​မကောင်းဖြစ်​ရပေမဲ့လိမ်​ထားရသည်​။
ကစားကွင်းရောက်​တော့ထိုင်​စောင့်​နေတဲ့အကိုဖြစ်​သူနားသွားကာရပ်​လိုက်​ပြီး
"အကို ဘာဖြစ်​လို့ Jonginကိုခေါ်တာလဲ"
"ခေါ်ချင်​လို့ခေါ်တယ်​ထင်​လို့လား"
"ဗျာ အဲဒါ ဘာပြောတာလဲ"
"မင်းအဲဒီအိမ်​ကထွက်​သွားတော့"
"ဗျာ "
အကိုဖြစ်​သူစကားကြောင့်​ကြောင်​တောင်​တောင်​လေးကြည့်​နေမိသည်​။ဘာအမှားမှမလုပ်​ဘဲနဲ့အပြစ်​တင်​နေကြတဲ့လူတွေနဲ့အပြစ်​ပေးနေကြတဲ့လူတွေနဲ့လောကကြီးကိုကြောက်​ရွံလာကာအကိုရှေ့ကပြေးထွက်​လာပြီးပန်းခြံထဲကလူသိမ့်​မရောက်​တော့အပင်​တွေကြားငုတ်​တုတ်​ထိုင်​နေမိသည်​။

နာကျင်​ခြင်းမဲ့နေသောဒါတ်​ရာWhere stories live. Discover now