အပိုင်း(10)

444 49 0
                                    

Junတစ်​ယောက်​သူ့ရှေ့မှာထိုင်​ပြီးအေးအေးလူလူအအေးသောက်​ပြီးအရသာခံနေတဲ့ညီလေးကိုဘယ်​ကစပြီးပြောရမှန်းမသိစွာကြည့်​နေမိသည်​။
junကမေမေနဲ့တူလို့အသားပိုဖြူသလိုအရပ်​ကလည်းမဆိုသလောက်လေးပုသည်​။သူလိုကိုယ်​လိုဆိုပုတယ်​မထင်​ရပေမဲ့hunတို့လိုအရပ်​ခြောက်​ပေကျော်​တွေနဲ့တွေ့ရင်​တော့ပုသွားရသည်​။
ရှေ့ကထိုင်​နေတဲ့ကလေးငယ်​ကလည်းအသားကjunလိုဖွေးဆွတ်​နေတာမျိုးမဟုတ်​ဘဲဝင်းဝါနေသည်​။အရပ်​ကလည်းအဖေနဲ့တူလို့အတော်​လေးရှည်​တာမို့မသိရင်​junကအငယ်​လိုတောင်​ဖြစ်​နေပေမဲ့နုတ်​ခမ်းဖူးဖူးလေးနဲ့ပါးဖောင်းဖောင်းလေးတွေကတော့ကလေးကအငယ်​ဆိုတာကိုသက်​သေပြုနေသယောင်​ဖြစ်​နေသည်​။
"ကိုကို jun ဘဲ ပြော စရာရှိတယ်​ဆို"
"ဟင်​ အင်း ဟို innie အဆင်​ပြေရဲ့လား"
ကလေးငယ်​အသံကြားမှသတိဝင်​လာပြီးမေးမိမေးရာမေးလိုက်​တော့ကလေးငယ်​ကဘာလဲဆိုပြီးကြည့်​လာသည်​။
"အာ ဟို ကိုကိုကငါ့ညီလေးကိုတောင်းပန်​စကားပြောချင်​လို့ပါကိုကိုအတ္တကြီးခဲ့မိတာတွေအတွက်​တကယ်​တောင်းပန်​ပါတယ်​တကယ့်​စိတ်​ရင်းနဲ့ကိုတောင်းပန်​ပါတယ်​နော်​ အဟင့်​ အင့်​"
ပြောရင်းမျက်​ရည်​ကျလာသလိုရှိုက်​သံတွေပါထွက်​လာတဲ့အကိုဖြစ်​သူကိုကြည့်​ရင်း
"ဟို မငိုပါနဲ့ ကိုကိုJunငိုတော့kaiလည်းငိုချင်​လို့"
"inn မငိုတော့ဘူးလေနော်​"
"ဟို kai ကိုမတောင်းပန်​လည်းရတာမို့လို့papaတို့ဆီကထွက်​သွားဖို့တော့မပြောပါနဲ့နော်​kaiကpapaနဲ့ဒယ်​ဒီတို့ဆီမှာနေရတာတကယ်​ပျော်​တယ်​ပြီးတော့ကိုကို ကိုလည်းတိတ်​တိတ်​လေးစောင့်​ကြည့်​ပြီးချစ်​လို့ရတယ်​လေနော်​ kaiက ကိုကိုjunဆီကနေ ကိုကို ကိုမလုပါဘူး kaiကိုထွက်​မသွားခိုင်းနဲ့ တကယ်​ တိတ်​တိတ်​လေး ချစ်​ပါ့မယ်​"
ညီလေးစကားတွေကjunနှလုံးသားကိုဖြုတ်​ပြီးပစ်​လိုက်​သလိုနာကျင်​ခံစားရသည်​မို့ညီလေးကိုငေးကြည့်​နေမိသည်​။ကလေးကသူ့ကိုအရင်​တခါလိုထွက်​သွားလို့ပြောလိုက်​မလားဆိုတဲ့အကြည့်​လေးနဲ့ကြည့်​နေတာမို့ပိုသနားမိသည်​။
"hun ကို innie လေးကတကယ်​ချစ်​တာလား"
"ဟင်​ ဘာကိုလဲ ကိုကို jun"
"innieလေးကhunကိုညီအကိုထက်​ပိုပြီးချစ်​တယ်​မဟုတ်​လားကိုကိုရိပ်​မိပါတယ်​အဲဒါကြောင့်​ပိုသေချာအောင်​မေးတာတကယ်​ချစ်​လားလို့မေးတာပါ"
"ဟုတ်​ ကျွန်​တော်​တကယ်​ချစ်​တယ်​ ကိုကိုjun ဒါပေမဲ့"
"သူလည်းတကယ့်​တော့ငါ့ညီလေးကိုချစ်​ပါတယ်​သူ့အသိစိတ်​ကကိုကိုရဲ့ချစ်​သူဆိုပေမဲ့အစားအသောက်​ဘဲဖြစ်​ဖြစ်​အသုံးအဆောင်​ဘဲဖြစ်​ဖြစ်​ညီလေးအကြိုက်​တွေ့တာနဲ့ကျန်​တာတွေမေ့ပြီးဒါကအငယ်​လေးအကြိုက်​ဆိုပြီးအမြဲတမ်းစိတ်​ထဲရှိတယ်​လေအဲဒါကြောင့်​ကိုကိုသူနဲ့လမ်းခွဲတော့မယ်​"
"ဟင်​ ကျွန်​တော်​ကြောင့်​လား"
"မဟုတ်​ဘူး ကိုကို အခုပြည်​ပကိုသွားတော့မယ်​"
"ဟို ကျွန်​တော်​ရှိနေလို့ထွက်​သွားမှာလားအဲလိုဆိုထွက်​မသွားပါနဲ့ရပါတယ်​"
"ကိုယ့်​ကိုကိုယ်​ ပြန်​ရှာမလို့လေ"
"ဟင်​ အဲဒါ ဘာကိုပြောတာလဲ"
"ငယ်​ငယ်​ကတည်းကမိဘတွေခင်းထားတဲ့လမ်းမှာလျောက်​ပြီးညီအရင်းကိုတောင်​သေမတတ်​မုန်းတီးပြီးနေနေခဲ့တာလေညီအရင်းကိုကလပ်​အထိရောင်းစားတာတောင်​တစ်​ချက်​ဝမ်းမနည်းဘဲကိုယ်​အဆင်​ပြေလို့ပျော်​နေတဲ့အကိုတဲ့အဲဒီလူကjunဆိုရင်​ကိုကိုကလူမဟုတ်​တော့ဘူးလေအဲဒါကြောင့်​ကိုယ့်​ကိုကိုယ်​ပြန်​ရှာကြည့်​ချင်​လို"
"အဲဒါဆိုအသစ်​အနေနဲ့ပြန်​လာမဲ့ကိုကိုjunကိုစောင့်​နေပါ့မယ်​အကြာကြီးတော့မရှာပါနဲ့နော်​"
"မင်း ကိုကို ကိုမုန်းနေသင့်​တယ်​လေ"
"မမုန်းပါဘူးInnieကြောင့်​ဘွားဘွားဆုံးသွားကတည်းကဖေဖေတို့မုန်းနေတာကိုinnneနားလည်​ပါတယ်​"
"innie အကြားအာရုံထိခိုက်​နေတာဆို ---"
အသံကတုန်​ရင်​သွားကာရပ်​သွားတဲ့ကိုကိုကြောင့်​innieစိတ်​မကောင်းဖြစ်​သွားကာကိုကို ကို ဖက်​ထားမိသည်​။
ပထမဆုံးအကြိမ်​ဖက်​ထားမိတာမို့စိတ်​ထဲဝမ်းသာကာနွေးထွေးသလိုခံစားရသည်​။
ကိုကိုကနုတ်​ဆက်​ပြီးပြန်​သွားတဲ့အထိထိုင်​နေမိသည်​။ကိုကိုတို့ကိုကြောက်​ပေမဲ့မမုန်းမိတာမို့မိသားစုတွေအတွက်​လည်းစိတ်​မကောင်းဖြစ်​မိသည်​။
လေးလေးXingလာခေါ်မှအိမ်​ပြန်​လာခဲ့လိုက်​ပြီးpapaကိုပြောပြတော့papaကနှစ်​သိမ့်​ပေးသည်​။

📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖

"baek ကလေးမနိုးသေးဘူးလား"
"chanရဲ့သားကကိုယ်​နည်းနည်းပူနေတယ်​ဆေးတိုက်​ပြီးနားခိုင်းထားတယ်​လေ"
"ဟာ ဒီကလေး ကတော့ အိပ်​တာ နောက်​ကျပြန်​ပြီးလား"
"မနေ့က သူ့အကို နဲ့တွေ့ဖြစ်​တယ်​လေ အဲဒါကြောင့်​ကလေးကအတွေးလွန်​ပြီးအိပ်​မရဖြစ်​သွားတာ"
"ဟုတ်​လား ကလေးကိုမဟုတ်​တာတွေပြောသေးလား"
"မပြောပါဘူးတောင်းပန်​စကားပြောတယ်​တဲ့ပြီးတော့စကားကောင်းကောင်းတွေပြောတယ်​တဲ့သူဒီနိုင်​ငံကထွက်​သွားတော့မယ်​လို့လဲနုတ်​ဆက်​သွားတယ်​တဲ့"
"ဟုတ်​လား မဟုတ်​မှလွဲရောbaekရဲ့သားကသူ့ကြောင့်​လို့များတွေးနေသေးလား"
"တွေးရုံတင်​မဟုတ်​ဘူးသူ့အကိုကိုဖွင့်​မေးတာတဲ့"
"ဟားးငါတို့baby kai ကတော့စံဘဲ"
စကားပြောနေတုန်းxingဆီကsehunရောက်​နေတယ်​ဆိုတဲ့စကားကြောင့်​နှစ်​ယောက်​သားဧည့်​ခန်းကိုထွက်​လာကာ
"sehun ကိစ္စရှိလို့လား"
"innie လေးဖျားနေတယ်​ကြားလို့ပါ"
"ဆေးသောက်​ပြီးအိပ်​ရင်​ကောင်သွားမှာပါသာမန်​အဖျားလောက်​ပါဘဲဒါနဲ့junနဲ့တွေ့ပြီးပြီးလား"
"ဟိုရက်​က စိတ်​ဆိုးပြီးကတည်းကမတွေ့ဖြစ်​ဘူး"
"သူဒီကထွက်​သွားတော့မယ်​တဲ့"
"ဗျာ jun ကလား xing မင်းကိုပြောခဲ့တာလား"
"kaiလေးကိုမနေ့ကလာတောင်းပန်​ရင်​နုတ်​ဆက်​သွားတာ"
"ဘယ်​လို သူနဲ့ကလေးငယ်​တွေ့ပြီးပြီးလား"
"ဟုတ်​တယ်​ တောင်းပန်​စကားပြောသွားတာ"
junဘယ်​ထွက်​သွားတာလဲဆိုတာစဉ်းစားရင်းငိုင်​နေတုန်းမက်​ဆေ့ရောက်​လို့ကြည့်​လိုက်​တော့junဆီကမို့ဖွင့်​ကြည့်​လိုက်​တော့သူကိုယ်​သူပြန်​ရှာပြီးရင်​hunတို့ဆီပြန်​လာခဲ့မယ်​အဲဒီအချိန်​ကျရင်​ယောက်​ဖလို့ခေါ်ပါရစေဆိုပြီးရေးထားသည်​။


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


နာကျင်​ခြင်းမဲ့နေသောဒါတ်​ရာWhere stories live. Discover now