အပိုင်း(14)ဇာတ်​သိမ်းပိုင်း

625 51 1
                                    

ဒီနေ့ကိုကိုနဲ့kaiတို့လက်​ထပ်​ပွဲကျင်းပမဲ့နေ့ဖြစ်​သည်​။အစကတော့မိဘအရင်းတွေကိုပါမင်္ဂလာပွဲဖိတ်​ဖို့လုပ်​ထားပေမဲ့kaiကိုရန်​လာလုပ်​တာကြောင့်​မဖိတ်​တော့ဘဲနေနေလိုက်​သည်​။ကိုကိုjunပြန်​လာပြီးအဖေတို့နဲ့စကားများတာသိပေမဲ့လည်းမသွားတော့ဘဲနေလိုက်​သည်​။ကိုကိုjunကတော့ဖိတ်​ထားတာမို့မင်္ဂလာပွဲကိုလာတတ်​ပေးသည်​။
ဒီအတိုင်းသာမန်​ပွဲသေးသေးလေးဘဲလုပ်​တာဖြစ်​သည်​။ခင်​မင်​တဲ့သူငယ်​ချင်းနဲ့ဆွေးမျိုးတစ်​ချို့သာဖိတ်​ပြီးတိတ်​တဆိတ်​လေးသာကျင်းပခဲ့တာဖြစ်​သည်​။ဟန်​နီးမွန်းကိုတော့kaiရဲ့ဒီဆိုင်​ပြပွဲရှိတာမို့ပြီးမှသွားဖို့ဆုံးဖြတ်​ထားလိုက်​သည်​။
ဒီနေ့တော့ဒီဆိုင်​ပြပွဲကိုအကောင်းဆုံးပြသနိုင်​ခဲ့တာကြောင့်​အားလုံးပျော်​ရွှင်​နေကြသလိုမနက်​ဖြန်​သွားမဲ့ဟန်​နီးမွန်းခရီစဉ်​အတွက်​လည်းရင်​ခုန်​စိတ်​လှုပ်​ရှားနေမိကြသည်​။
မင်္ဂလာပွဲပြီးတစ်ပတ်​ကြာမှထွက်​ရမှာမို့ပိုပြီးရင်​ခုန်​မိတာလည်းဖြစ်​သည်​။papaတို့ဒယ်​ဒီတို့ရောကိုကိုရဲ့မိဘတွေပါမကျန်​အောင်​ပွဲခံညစာစားနေကြရင်းစကားတွေပြောရင်းနေကြတုန်း
ဧည့်​သည်​ဆိုတဲ့အသံမဆုံးခင်​အိမ်​ထဲအတင်းဝင်​လာတဲ့လူနှစ်​ယောက်​အတိအကျပြောရင်းkaiရဲ့အဖေနဲ့အမေဖြစ်​သည်​။
ဘာစကားမှမပြောရသေးခင်​kaiရဲ့မျက်​နှာဆီဝင်​လာတဲ့လက်​သီးချက်​ကြောင့်​ရုတ်​တရက်​လဲကျသွားရသည်​။အားလုံးလည်းရုတ်​တရက်​ကြောင်​သွားကြသည်​။
kaiလဲရာကကုန်းထလာကာအဖေရှေ့ရပ်​လိုက်​ရင်း
"ခင်​ဗျာကြီးက ဘာလဲ အခုထွက်​သွား"
"ငါမင်းအဖေ စကားပြောဆင်​ခြင်းစမ်း"
"ကျုပ်​အဖေဟုတ်​လား ခင်​ဗျာကြီးကလေ ဒီလူယုတ်​မာကြီးကလေ ဟားးးဟားးးရယ်​စရာဘဲ လူယုတ်​မာကြီးရဲ့"
"မင်းးးး"
ပြောရင်းထပ်​ထိုးဖို့လုပ်​တဲ့လက်​ကိုဖမ်းဆွဲကာလိမ်​ချိုးပစ်​ရင်း
"ခင်​ဗျာကြီး သတ္တိရှိရင်​ ထပ်​ထိကြည့်​စမ်း ပြုံးပြုံးကြီးကြိုစင်​တတ်​ပစ်​လိုက်​မယ်​ "
"ဘာ မင်းက ငါ့ကိုသတ်​မယ်​ပြောတာလား"
"လာမထိနဲ့နော်​ ကျွန်​တော်​ခံမှာမဟုတ်​တော့ဘူး"
"ဟ မင်း စိတ်​မှန်​သေးရဲ့လား"
"ဟုတ်​တယ်​ ခင်​ဗျာတို့ပေးတဲ့ဒါတ်​ရာတွေကများလွန်းလို့နာမှန်းတောင်​မသိတော့ဘဲရူးသွားတာ သိလား ထွက်​သွားဆိုအား...
ခင်​ဗျာတို့ထွက်​သွားသားသမီးကိုရောင်းစားပြီးကောင်းစားနေတဲ့လူတွေထွက်​သွားဆို အား...ထွက်​သွားတော့"
မျက်​နှာကလည်းပေါက်​ထွက်​မတတ်​တည်​တင်းနေသလိုအသားကုန်​အော်​နေတဲ့Kaiကြောင့်​chanရောbaekပါပြေးဖက်​ထားကြပြီး
"baby kai papa ပြောတာကြားလား သား စိတ်​ကိုလျော့အသက်​ကိုမှန်​မှန်​ရူနော်​ သား papaကိုကြည့်​"
"baby kaiလေးစိတ်​လျော့နော်​ သားဒယ်​ဒီလည်းရှိတယ်​ကလေးလေး စိတ်​လျော့ပါနော်​"
kaiလေးကိုနစ်​သိမ့်​နေတုန်းjunတစ်​ယောက်​အသဲအသန်းပြေးဝင်​လာကာအဲခြေအနေကိုတစ်​ချက်​ကြည့်​ကာ
"ကိုယ့်​သားသမီးကိုငရဲပေးတာ ဒီလောက်​နဲ့ရပ်​ပေးလို့မရဘူးလားဟင်​ papaရောommaရောကလေးကိုမနှောက်​ယှက်​ပါနဲ့တော့ကျွန်​တော်​တောင်းပန်​တယ်​ဟုတ်​ပြီးလားဒီပြသနာတွေအားလုံးကကျွန်​တော်​ကြောင့်​ဖြစ်​တာမဟုတ်​လားအဲတော့ကောင်းပြီးကျွန်​တော်​ကိုချစ်​လို့ကျွန်​တော်​ဘဝအတွက်​အရာအားလုံးကျွန်​တော်​ကြောင့်​ဖြစ်​တာဟုတ်​ပြီးအဲတော့အားလုံးကျွန်​တော်​ကဘဲအဆုံးသတ်​ပေးမယ်​နောက်​တကြိမ်​အဲဒီကလေးကိုမထိပါနဲ့သူမှာဒါတ်​ရာတွေများလွန်းလို့နာတယ်​ဆိုရင်​တောင်​ဘယ်​နားကနာနေမှန်းသူမသိတော့ဘူးသူရဲ့ဒါတ်​ရာတွေကနာကျင်​ခြင်းမရှိတော့လို့မနာတာလို့ထင်​နေတာလားနာကျင်​လွန်းပြီးထုံနေတာအဲဒါသိလား အား..."
စကားမဆုံးခင်​ဘဲနာကျင်​လို့အော်​သံထွက်​လာလို့ကြည့်​လိုက်​တော့သူ့လက်​ကိုသူဘယ်​အချိန်​ကတည်းကယူလာမှန်းမသိတဲ့ဓားနဲ့အထိကသွေးကြောနေရာဖြတ်​ချလိုက်​တာဖြစ်​သည်​။
လေးလေးXingက ကိုကိုjun ကိုပြေးပွေ့သလိုpapaနဲ့ဒယ်​ဒီကြားကkaiလေးလည်းအကိုဖြစ်​သူရဲ့လုပ်​ရပ်​ကြောင့်​အသိစိတ်​လွတ်​ထွက်​သွားကာလောကကြီးနဲ့အဆက်​အသွယ်​ ပြတ်​သွားတော့သည်​။ခွေကျပြီးအသိမရှိတော့တဲ့ကလေးလေးကိုသူ့မွေးစားအဖေတွေလက်​ထဲကနေပြေးပွေ့ရင်းsehunတစ်​ယောက်​အရူးတစ်​ယောက်​လိုကလေးနံမည်​တစ်​တွတ်​တွတ်​ရွက်​ကာလှုပ်​နိုးရင်းငိုနေမိတော့သည်​။

You've reached the end of published parts.

⏰ Last updated: Feb 20, 2019 ⏰

Add this story to your Library to get notified about new parts!

နာကျင်​ခြင်းမဲ့နေသောဒါတ်​ရာWhere stories live. Discover now