(An/ I got an idea when I saw this cute fanart💜)
💜Thirdperson View~💛
" Kira, မနက်ဖြန်က Taehyungie ရယ့်--- "
" Arrgh! Min Yoongi, ငါတို့နဂိုတည်းက သဘောတူပြီးသားလေ
အဲ့ကလေးနဲ့ ပတ်သက်တာမှန်သမျှ နင်ပဲ တာဝန်ယူမယ်လို့....မနက်ဖြန်က
Jack နဲ့ငါ့ရယ့် Anni လေ ~ ငါမအားဘူး "Yoongi တစ်ယောက် ကြားလိုက်ရသော Ex-wife ရယ့်စကားကြောင့်
ဒေါသတကြီးဖြင့် တောက် ခေါက်လိုက်မိသည်။ Taehyungieသည်မနက်
ဖြန်၌ ကျောင်း၌ မိဘတွေဆုံပွဲ ရှိတာကြောင့် အမေ မပါလျှင် ကလေးဘယ်
လောက် မျက်နှာငယ်ရသလဲဆိုတာ ထိုမိန်းမ နားမလည်ပါ။ကိုယ့်ရယ့် တစ်ဦးတည်းသော သားလေးထက် မကွာရှင်းခင်ကတည်းက
ဖောက်ပြန်နေသော ယောကျာ်းအား ဦးစားပေးနေပုံမှာ သိပ်ကို ရွံစရာ
ကောင်းပါသည်။Yoongi ဘာလို့ များထိုမိန်းမကို ချစ်ခဲ့သလဲ ဆိုတာ စဉ်းစားမရပါ။
အချိန်နောက်ပြန်ဆုတ်လို့ ရမည်ဆိုလျှင် Kira အား လက်ထပ်ခဲ့မည်
မဟုတ်။ ဒါပေမယ့် ဒီလိုတွေဖြစ်လာမယ်လို့ သူအိမ်မက်တောင် မမက်
ထားဖူးတာတော့အမှန်ပင်...." Kira, ငါမင်းကို ဖုန်းဆက်တာ ဒီတစ်ခါနောက်ဆုံးပဲ....ငါနဲ့
ငါ့သားလေးရှေ့ မင်းအကောင်နဲ့ ဘယ်တော့မှ ပေါ်မလာနဲ့....တောက်! "Yoongi လည်း ဒေါသတကြီးအော်လိုက်ရင်း ဖုန်းချလိုက်သည်။ နောက်
တော့ သူ့ရယ့် မျက်နှာကို လက်နဲ့ အုပ်ကာ အသက်ပြင်းပြင်းရှူနေမိသည်။
ထိုစဉ် အပေါ်ထပ်ကနေ ပြေးဆင်းလာသော ခြေသံလေးကြောင့် Yoongi
ပြုံးလိုက်မိသည်။" Daddy! "
Yoongi လည်း သူ့ဆီကို Tata အရုပ်ကြီးကို ပွေ့ကာ အိပ်ချင်မူးတူး
ဖြင့် ပြေးလာသော Taehyung လေးအား ပွေ့ချီလိုက်ရင်း ပါးလေး
ကို နမ်းလိုက်မိသည်။ Taehyung လေးကတော့ အခုမှ အိပ်ယာနိုး
လာတာကြောင့် သူ့ရယ့် မျက်နှာလေးကို လက်သေးသေးလေးတွေဖြင့်
ပွတ်နေလေသည်။
DU LIEST GERADE
Dear Father-In-Law (KOOKV)✔
Fanfiction" Can I have your son, Mr.Min?" 🍒 [ Zawgyi+Unicode all done]