💜Thirdperson View~💛
Taehyungလေးတစ်ယောက် သူ့နောက်ကိုတကောက်ကောက်လိုက်နေ
သောယုန်သွားအကြီးကြီး ၂ချောင်းနှင့်ကြောက်စရာကောင်းသော ကောင်လေး
ကို လျစ်လျူရှူရင်း ကျောင်းမတက်ခင် သူသွားနေကျ ဒန်းလေး၌ဝင်ထိုင်လိုက်
လေသည်။Taehyungလေးတစ်ယောက် သူ့ Daddy အားဖက်ရင်း ငိုထားတာ
ခဲ့တာကြောင့် နှာခေါင်းလုံးလုံးလေးနှင့်ပါးလေးတွေက နီရဲနေလေသည်။
ထိုပုံစံလေးက ပို၍ ချစ်စရာကောင်းနေပြန်သည်။သူ့ Daddyက လိမ္မာတယ့်ကောင်လေးတွေကိုပဲ ချစ်မယ်ဆိုတာကြောင့်
Taehyungလေး သူ့ Daddy စကားကိုနားထောင်ကာ ကျောင်း၌
နေခဲ့ခြင်းဖြစ်သည်။ သူ့ရှေ့ကကောင်လေးကတော့ သူ့သွားသမျှနောက်ကို
တကောက်ကောက်လိုက်နေသည်။ အခုလည်း သူ့ရှေ့က မြက်ခင်းပြင်၌
ထိုင်ချလိုက်တာကြောင့် Taehyungလေး သူ့ခြေထောက်လေးတွေကို
အမြန် ဒန်းပေါ်တင်ထိုင်လိုက်မိသည်။အဲ့ကောင်လေးက သူ့ခြေထောက်လေးတွေ ကိုကိုက်ရင်ဘယ်လိုလုပ်
မလဲ?Taehyungလေး တွေးလိုက်ရင်း သူ့ရယ့် ခရမ်းရောင် Koralaလွယ်အိတ်
အသေးလေးအား ဖက်ထားရင်း မျက်လုံးလေးတွေကို မှိတ်ထားလိုက်သည်။
Taehyungလေးသည် သူ့ Daddyနှင့်တူစွာ အအိပ်မက်ပါသည်။ မနက်
ဆိုလည်း အိပ်ချင် နေ့လည်ဆိုလည်းအိပ်ချင် ညဆိုရင်လည်းအိပ်ချင်နေတတ်
သည်။ သူ့ Daddyကတော့ သူနဲ့တူတာလို့သာပြောသည်။Taehyungလေး အတွေးထဲ၌ မြင်ယောင်လာသော Tata အရုပ်လေး
တွေကို ရေတွက်နေစဉ် သူ့ရယ့် ခေါင်းကို လာဖွသော လက်သေးသေးလေး
တွေကြောင့် လန့်သွားကာ မျက်လုံးဖွင့်လိုက်မိသည်။ထိုအခါ တွေ့လိုက်ရသည်က သူ့ရယ့် ဆံပင်လေးတွေကို ဖွနေသော
ယုန်သွား၂ချောင်းနဲ့ ကောင်လေး !
CZYTASZ
Dear Father-In-Law (KOOKV)✔
Fanfiction" Can I have your son, Mr.Min?" 🍒 [ Zawgyi+Unicode all done]