💜Thirdperson View~💛
" ဟာ Taetae hyung ကလည်း ဘာလို့ငိုနေတာလဲ? "
Jeongguk လေးတစ်ယောက် ဆရာမကို ပြန်ပြောသည့်အတွက်အပြစ်ပေးသည့်
အနေဖြင့် ဘောလုံးကွင်းပတ်ပြေးရလေသည်။ သူ့ရယ့် ခြေထောက်လေးများ၌လည်း
သွေးစို့နေသော ဒဏ်ရာအချို့ကို မြင်နေရတော့သည်။ Taehyungလေးက သူ့
ကြောင့် Jeongguk ဒီလိုဖြစ်ရတာဆိုပြီး ခြေထောက်ကို ဆေးထည့်ပေးနေရင်း
ငိုနေခြင်းဖြစ်သည်။" မငိုပါနဲ့ Hyungရယ်~ "
Jeongguk လေးပြောလိုက်ရင်း သူ့Hyungရယ့်ပါးပြင်ပေါ်က မျက်ရည်
လေးတွေကို သေချာ သုတ်ပေးနေသည်။ Taehyung လေးကတော့ သူ့
ကြောင့်ဖြစ်တာတောင် စိတ်မဆိုးသော Jeongguk ကိုနားမလည်စွာ ကြည့်
နေလေသည်။မျက်ရည်ဝိုင်းနေသော မျက်ဝန်းလေးများဖြင့် ချစ်စရာကောင်းစွာကြည့်နေသော
သူ့ရယ့် Hyung အသေးလေးကြောင့် Jeongguk ပြုံးလိုက်ရင်း~" Hyungက အသည်းယားစရာကောင်းလိုက်တာ "
" Y-yarr!"
" တကယ်ပြောတာ၊ ကျွန်တော်လေ ဖြစ်နိုင်ရင် Hyungကိုကိုက်စားလိုက်
ချင်တာ "Jeonggukလေးရယ့် စကားကြောင့် Taehyungလေး သူ့ကို မကျေမနပ်
ကြည့်လိုက်လေသည်။ Jeongguk က အမြဲဒီလိုမျိုးတွေ ပြောလေ့ရှိပေ
မယ့် Taehyungလေး မနေတတ်ပါ။ ဒါပေမယ့်လည်း သူ Jeonggukလေး
ကို စိတ်ဆိုးတာမျိုးတော့မရှိပါ။ သူ့ Uncle jinnieကပြောတယ်၊ လူတွေက
အရမ်း Handsome ဖြစ်နေရင် အဲ့လိုမျိုးလေးတွေ အပြောခံရတယ်တဲ့။Uncle jinnieက သူဆိုရင်လည်းအဲ့လိုမျိုး ပြောခံရတယ်တဲ့၊ Taehyung
လေးကလည်း သူနဲ့တူလို့ သူ့လောက်နီးပါး Handsomeဖြစ်မှာတဲ့လေ။
YOU ARE READING
Dear Father-In-Law (KOOKV)✔
Fanfiction" Can I have your son, Mr.Min?" 🍒 [ Zawgyi+Unicode all done]