💜15💛

7.8K 979 64
                                    

💜Thirdperson View~💛

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

💜Thirdperson View~💛

Jeongguk တစ်ယောက် ကျောင်းအနောက်ဘက်က သူတို့ အတန်းမတက်
သည့်အချိန်တိုင်းထိုင်နေကျ ဖြစ်သော မြက်ခင်းပြင်၌ မျက်နှာကိုလက်နဲ့
အုပ်ကာ ထိုင်နေသည်။ ခုနက မြင်ကွင်းသည် အတွေးထဲ အမြဲလိုလို ပေါ်နေ
တာကြောင့် သူအရမ်းမုန်းသော မျက်ရည်များသည် ပါးပြင်တလျောက်ထပ်မံ
ကျဆင်းလာပြန်သည်။

သူ့ Ommaထွက်သွားတုန်းကတောင် Jeongguk မငိုခဲ့ပါ။သူဆိုတာ
တော်ရုံ ငိုတတ်တယ့်လူမျိုးထဲတွင်မပါ။ အခုတော့ သူ့Hyungကြောင့်
ငိုနေတာ နာရီဝက်ကျော်လောက်ရှိနေလေပြီ။ ကျောင်းအနောက်ဖက်မို့
အခြားကျောင်းသားများသူ့ရယ့် အားနည်းတယ့် ပုံစံကို မတွေ့နိုင်ပါ။

သူဒီလိုအခြေအနေ၌ ဘယ်သူ့ကိုမှ မတွေ့ချင်ပါ။ တစ်ယောက်တည်းသော သူ
က လွဲ၍ပေါ့။ ဒါပေမယ့် ထိုလူသားလေးကို တွေ့ရင်လည်း Jeongguk
ချက်ချင်း ထွက်ပြေးမှာသေချာသည်။

သူ့ရယ့် စိတ်ပျက်စရာကောင်းတယ့် အားနည်းလွန်းတယ့်ပုံစံကို Taehyung
မြင်သွားရင် သူ့ကိုတကယ်ထားသွားလိမ့်မည်။ သူ့Hyungက သူဒီလိုပုံ
ဖြစ်နေလို့ Park Bogum ကိုရွေးခဲ့တာ။ သူသာ ဒီထက်ပိုပြီး သန်မာမယ်။
သတ္တိရှိခဲ့မယ် ဆိုရင် Taehyungသည် သူ့ကို ရွေးချယ်ကောင်းရွေးချယ်ပါ
လိမ့်မည်။

သူဘာလို့များ ဒီလောက်တောင် အသုံးမကျရတာလဲ? သူ့ဘဝမှာ Appa
အပြင် အမှန်တကယ်မေတ္တာရှိတယ့် တစ်ဦးတည်းသော လူသားလေးကို
တောင် ဘာလို့ မကာကွယ်နိုင်ရတာလဲ? ဘာလို့လဲ? ဘာလို့လူကြောက်
တစ်ယောက်လို Taehyung ကို park bogum ဆီကနေ ဆွဲမခေါ်
ပဲ ထွက်ပြေးခဲ့တာလဲ?

" ကျစ်! ပျော့ညံ့လိုက်တာ "

Jeongguk ခြောက်ကပ်စွာရယ်လိုက်ရင်း မျက်ရည်တွေကို ခပ်ကြမ်းကြမ်း
သုတ်လိုက်ရင်း ထရပ်လိုက်သည်။ သူအခု အတန်းဆက်တက်ရင် သူ့Hyung
နဲ့တွေ့လိမ့်မည်။ သူအခု ချိန်မှာ Taehyung ကိုမတွေ့ချင်သေးပါ။သူ့Hyung
ကိုယ်တိုင်က Park Bogum သည် ဘယ်လို ပြည့်စုံတယ့်အကြောင်းပြော
လာမှာကို သူကြားနိုင်စွမ်းရှိမည်မထင်။ ထိုအချိန်မှာ Hyungအတွက်ဝမ်းသာ
ကြောင်းလည်း မပြောနိုင်ပဲ စိတ်ပျက်စရာကောင်းအောင်သာ ငိုမိလိမ့်မည်။

Dear Father-In-Law (KOOKV)✔Tahanan ng mga kuwento. Tumuklas ngayon