💜Thirdperson View~💛
(After 4 years, Tae = 11 years old, Jeon = 10 years old)
" Taehyungie hyung! "
Jeongguk လေးတစ်ယောက် ခြံထဲက ဒန်းပေါ်၌ ထိုင်နေသော Taehyung
လေးဆီသို့ ပြေးသွားလေသည်။ Taehyung လေးက သူ့ကိုလည်း မြင်ရော
မျက်လုံးလေး ပြူးသွားပြီး အိမ်ထဲ ပြေးဝင်ရန်ပြင်လိုက်သည်။ သို့သော် Jeongguk
က Taehyung လေးအား တင်းနေအောင်ဖက်ထားလိုက်လေပြီ။" Taehyungieကလည်း ကျွန်တော့်ကိုမြင်တာနဲ့ ပြေးတော့တာပဲ ~
ချစ်စရာလေး ခိခိ "Jeongguk လေးရယ်နေရင်း အသည်းယားစွာဖြင့် Taehyung လေး
ရယ့် ပါးဖောင်းဖောင်းလေးအား သူ့လက်လေးနဲ့ ခပ်ဖွဖွ ဆွဲလိုက်သည်။" မင်းက အမြဲ ငါ့ကို တွေ့ရင် မလွှတ်ပဲ ဖက်နေတာလေ....အဲ့တာကြောင့်
ပြေးတာပေါ့ "Taehyung လေး မကျေမနပ်ဖြင့် ပြောရင်း သူ့ကို ဖက်ထားသော Jeongguk
လက်တွေကို ဖြုတ်ချနေသည်။ ၁၀ နှစ်သာ ပြောသည် Jeongguk သည်
Taehyung လေးနှင့် အရပ်တူတူသာဖြစ်သည်။ အခြားကလေးတွေထက်လည်း
လူကောင်ကြီးသည်။ Jeonggukလေးသည် သူ့ appa ဖြစ်သူ Jimin လို
အရပ်ပုမည်ဆိုး၍ အမြဲ အားဆေးတွေလည်းသောက်သလို အသီးအရွက်တွေလည်း
စားသည်။သူအရပ်ပု လို့ လူကောင်သေးရင် သူ့ Taehyungie hyungကို အခြား
ကောင်လေးတွေ ရန်က နေဘယ်လိုကာကွယ်မလဲ? အထူးသဖြင့် Jung hoseok!Hoseok သည် အခုဆိုTaehyung ထက်ပင် အရပ်နည်းနည်းရှည်သည်။
တစ်ခါတစ်ခါဆို Taehyung အား piggy backတောင် လုပ်ပေးနိုင်
သည်။ Jeongguk လေး ထိုအရာကို သိပ်မုန်းပါသည်။Jung hoseok ရယ့် အရပ်ရှည်ရှည်ကိုလည်းမုန်းသည်။ သူ့ထက်လူကောင်
ကြီးနေတာကိုလည်းမုန်းသည်။ သူ့ရယ့် Taehyungie hyungကို
အလွယ်တကူ မ နိုင်သော Jung hoseok ရယ့် လက်တွေကိုလည်း
မုန်းသည်။ နောက်ဆုံး အချက်ကတော့ သူ့ Taehyungie hyung နှင့်
အချိန်ပိုဖြုန်းနိုင်သော Jung hoseok ကို အားလည်းကျသလို မုန်းလည်း
မုန်းသည်။
KAMU SEDANG MEMBACA
Dear Father-In-Law (KOOKV)✔
Fiksi Penggemar" Can I have your son, Mr.Min?" 🍒 [ Zawgyi+Unicode all done]