💜16💛

8.1K 1K 61
                                    

💜Thirdperson View~💛

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

💜Thirdperson View~💛

Taehyung ကျောင်းတစ်ကျောင်းလုံးကို နှံ့နေအောင်လိုက်ရှာပြီးသော်လည်း
Jeongguk ၏အရိပ်အယောင်ကိုတောင် မတွေ့။ ထို့ကြောင့် အိမ်ကို ပြန်
သွားပြီဆိုတာ သိလိုက်ရတာကြောင့် Taehyung လည်း Jeongguk
အိမ်ကို အမြန်ပြေးလာလိုက်သည်။ လမ်း၌ စီးလာသော ဖိနပ်မှာ ကံဆိုးစွာ
ပြတ်သွားခဲ့ပြန်သော်လည်း Taehyungဖိနပ်ကို လွှတ်ပစ်ကာ ခြေဗလာဖြင့်
ပြေးလာရသည်။

စိတ်က Jeongguk ကိုရှင်းပြရန်သာ တွေးနေတာကြောင့် ခြေထောက်
နာလို့ နာမှန်းတောင်မသိ။ အတော်ကြာ ပြေးပြီးသည့် အချိန်မှာတော့
Jeongguk တို့အိမ်ကိုရောက်လေသည်။

" J-J-jeongguk!! "

Taehyung မောလွန်း၍ လူက လဲကျချင်သလို ဖြစ်နေပေမယ့်လည်း
အားတင်းကာ တံခါးကို ထုရင်းအော်ခေါ်လိုက်မိသည်။ ဒါပေမယ့် အထဲက
တုံ့ပြန်သံမကြားပါ။ တံခါး Password ကိုလည်း Taehyung မသိ
တာကြောင့် ဝင်သွားမရပါ။ အမှန်တော့ Jeongguk ပြောပြထားဖူးသည်။
ထိုအချိန်က ထို Pwကို မှတ်မထားပဲ ရယ်သာ ရယ်ခဲ့မိတာကို Taehyung
နောင်တရသွားမိသည်။

" အ!"

ယိုင်ကျတော့မယ့် ခြေထောက်တွေကြောင့် Taehyung အိမ်တံခါးရှေ့၌
ထိုင်ချလိုက်ရင်း သူ့ခြေထောက်လေးသူ ငုံ့ကြည့်လိုက်မိသည်။ထိုအခါတွေ့
လိုက်ရတာက ဖြူဖွေးနေသော ခြေထောက်နုနုလေးသည် ဖိနပ်မပါပဲ ပြေး
လာတာကြောင့် နီရဲနေသည်။ Taehyung လည်း တံခါးကို မှီလိုက်ရင်း
မျက်လုံးကို မှိတ်ထားမိသည်။

နောက်တော့ ဖုန်းခေါ်ရန် သတိရသွားပြီး ဘောင်းဘီအိတ်ထဲက ဖုန်း
ကို ထုတ်ကြည့်မိတော့ Power က မရှိ။

" ကျစ်! တကယ်ပါပဲ "

Taehyung လေးမကျေမနပ်ဖြင့်ရေရွတ်လိုက်ရင်း တံခါးကို ပိတ်ထုလိုက်
သည်။ Jeongguk ထွက်လာလို ထွက်လာငြား တော်တော်ကြာသည်
အထိ ထုနေပေမယ့်လည်း သူထင်သလို ဖြစ်မလာတာကြောင့် ရပ်လိုက်
တော့သည်။

Dear Father-In-Law (KOOKV)✔Donde viven las historias. Descúbrelo ahora